Connect with us

Hi, what are you looking for?

ဇီဝမျိုးစုံမျိုးကွဲ

ဟိမဝန္တာတောင်တန်းဒေသ နိုင်ငံပေါင်း ၁၂ နိုင်ငံအကြား ရေခဲမြစ်များ ထိန်းသိမ်းရေး ဆောင်ရွက်နေ

မြန်မာအပါအဝင် ဟိမဝန္တာတောင်တန်းဒေသရဲ့ ၁၂ နိုင်ငံအကြား ရေခဲမြစ်များ ထိန်းသိမ်းမှု အပါအဝင် ဇီဝမျိုးစုံမျိုးကွဲတွေ ထိန်းသိမ်းမှု လုပ်ငန်းများ ဟန်ချက်ညီစေရန် ဟိမဝန္တာတောင်တန်းဒေသ နိုင်ငံများအကြား အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု ဖိုရမ်ကို ဇူလိုင်လအတွင်းက ကျင်းပခဲ့ကြောင်း သိရပါတယ်။

စတုတ္ထအကြိမ်မြောက် ဟိမဝန္တာတောင်တန်းဒေသ နိုင်ငံများအကြား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဖိုရမ်ကို ဇူလိုင်လ ၄ ရက်က စတင်လို့ တရုတ်နိုင်ငံ၊ ရှီးကျန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ Nyingchi မြို့မှာ ကျင်းပခဲ့တာပါ။

ရေခဲမြစ်များထိန်းသိမ်းခြင်း၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေခြင်းနဲ့ ရိုးရာဆေးဖက်ဝင် အပင်များ၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းခြင်း လုပ်ငန်းများ ဟန်ချက်ညီစေရန်နှင့် ဖွံ့ဖြိုးတိုးတက်မှု၊ လူသားများနဲ့ သဘာဝတရားအကြား သဟဇာတဖြစ်စေတဲ့ ဖွံ့ဖြိုးမှုတို့ကို ချိတ်ဆက်ဆောင်ရွက်ရန်၊ ဟိမဝန္တာတောင်တန်းဒေသ နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ကျင်းပခဲ့တာဖြစ်ပါတယ်။

အဲဒီဖိုရမ်ကို နိုင်ငံပေါင်း ၁၂ နိုင်ငံက ဝန်ကြီးများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ တက္ကသိုလ်များမှ ပါမောက္ခများနဲ့ ကျောင်းသား/သူများ၊ သုတေသီများ စုစုပေါင်း ၃၀၀ ခန့် တက်ရောက်ခဲ့ယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ ၄၇ ရာခိုင်နှုန်းဟာ ဟိမဝန္တာတောင်တန်းဒေသမှာ ပါဝင်နေပြီး ကမ္ဘာဇီဝမျိုးစုံ မျိုးကွဲအချက်အချာ နေရာတွေ ဖြစ်တဲ့ အင်ဒို – မြန်မာ၊ တရုတ်အနောက်တောင်တန်းများနဲ့ ဟိမဝန္တာဒေသများရဲ့ ဂေဟဗေဒ ကွန်ယက်အတွင်း တည်ရှိတယ်လို့ သိရပါတယ်။

Click to comment
Advertisement

ဖတ်ရှုမှုအများဆုံး

Advertisement

ဖတ်ရှုမှုအများဆုံး