Connect with us

Hi, what are you looking for?

Myanmar Nature
Myanmar NatureMyanmar Nature

ယဉ်ကျေးမှု

မြောက်ဦးခေတ် ယတြာခေါင်းလောင်းနဲ့ ပတ်သက်လို့ ဝေဖန်အကြံပြုချက် ပေးပို့နိုင်လို့ ULA/ AA ကြေညာ

ရခိုင်သမိုင်းမှာ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေတဲ့ မြောက်ဦးခေတ် ယတြာခေါင်းလောင်းနဲ့ ပတ်သက်လို့ ဝေဖန်အကြံပြုချက်တွေ ပေးပို့နိုင်တယ်လို့ အာရက္ခတပ်တော် ULA/ AA ဖိတ်ခေါ်နေပါတယ်။

ရခိုင်ရှေ့ဟောင်းယဉ်းကျေးမှု အမွေအနှစ်လည်းဖြစ်ပြီး ပြည်စောင့်ခေါင်းလောင်းလည်းဖြစ်တဲ့ အဆိုပါ ခေါင်းလောင်းနဲ့ ပတ်သက်လို့ မိဖပြည်သူတွေအနေနဲ့ ရှေးဟောင်းသုတေသန၊ သမိုင်းနဲ့ ယဉ်ကျေးမှုဆိုင်ရာတွေ အပါအဝင် အခြားဆောင်ရွက်ဖွယ်ရာ ကိစ္စအဝဝတွေအတွက် ဝေဖန်အကြံပြုချက်တွေ ပေးပို့နိုင်တယ်လို့ ဆိုပါတယ်။

ဝေဖန်အကြံပြုချက်တွေကို အီးမေးလ်- arakanidp@163.com နဲ့ တယ်လီဂရမ်- @BELLINFO2026 တို့ကနေတဆင့် ပေးပို့နိုင်တယ်လို့ ULA/ AA ရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနက ဇန်နဝါရီလ ၃ ရက်မှာ ကြေညာထားပါတယ်။

အဆိုပါခေါင်းလောင်းနေရာကို သိရှိတဲ့ အသက် ၈၄ နှစ်အရွယ် ဦးထွန်းအောင်က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရ (ULA/AA) ထံ တင်ပြချက်အရ တာဝန်ရှိသူတွေက တူးဖော်ရာ နှစ်ပေါင်းများစွာကြာ ပျောက်ဆုံးနေတဲ့ အဆိုပါခေါင်းလောင်းကို ဇူလိုင်လ ၃ ရက်နေ့မှာ တူးဖော်ရရှိတယ်လို့ သိရပါတယ်။

ပါဠိ၊ သက္ကတ၊ ရက္ခဝဏ္ဏ ဘာသာသုံးမျိုးနဲ့ ရေးထိုးထားပြီး အင်း၊အိုင်၊ ခါးလှည့် သုံးမျိုးပါဝင်တဲ့ အဆိုပါယတြာ ခေါင်းလောင်းကို တခါတီးလိုက်ရင် အရှေ့ပြည် (၃) ခါပြိုလေ့ရှိတဲ့အတွက် မြန်မာဘုရင်တွေ အဆက်ဆက် ထိန့်လန်ကြောက်ရတဲ့ ခေါင်းလောင်းဖြစ်တယ်လို့ ဆိုပါတယ်။