Connect with us

Hi, what are you looking for?

Myanmar Nature
Myanmar NatureMyanmar Nature

ယဉ်ကျေးမှု

လွိုင်ကော်မြို့ ယဉ်းကျေးမှုပြတိုက်က ပစ္စည်းတွေ ရွှေ့ပြောင်းထိန်းသိမ်းထားတယ်လို့ IEC ထုတ်ပြန်

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ ယဉ်ကျေးမှုပြတိုက်ထဲက ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာပစ္စည်းတွေကို မပျောက်ပျက်အောင် လုံခြုံတဲ့ နေရာမှာ ရွှေ့ပြောင်း ထိန်းသိမ်းထားတယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က ဇူလိုင်လ ၁၇ ရက်က ထုတ်ပြန်ပါတယ်။

ရိုးရာအသုံးအဆောင်တွေ၊ ရိုးရာတူရိယာတွေ၊ ရိုးရာလက်နက်ကိရိယာတွေ၊ ရိုးရာအဆင်တန်ဆာပစ္စည်းတွေ၊ ဖားစည်းတွေ စတဲ့ပစ္စည်းတွေကို မပျောက်ပျက်ရလေအောင် လုံခြုံစိတ်ချတဲ့ နေရာသို့ ရွှေ့ပြောင်းထိန်းသိမ်း ခဲ့တယ်လို ဆိုထားပါတယ်။

ကရင်နီပြည်နယ်က ၁လေးလုံး စစ်ဆင်ရေးအတွင်း လွိုင်ကော်မြို့ ယဉ်ကျေးမှုပြတိုက်အတွင်းက အဖိုးမဖြတ်နိုင်တဲ့ ကရင်နီရိုးရာ ရှေးဟောင်းယဉ်ကျေးမှု ပစ္စည်းတွေ ပျောက်ပျက်ဆုံးရှုံးရမယ့် အရေးနဲ့ ကြုံတွေ့ခဲ့ရတယ်လို IEC က ဆိုပါတယ်။

ကရင်နီနယ်တွေကို အုပ်ချုပ်ခဲ့တဲ့ စော်ဘွားတွေနဲ့ ကရင်နီလူမျိုးစု၊ မျိုးနွယ်စုတွေ တန်ဖိုးထားတဲ့ ဘိုးဘွားပိုင် ကရင်နီရိုးရာ ရှေးဟောင်းယဉ်းကျေးမျု ပစ္စည်းတွေ လက်ဆင့်ကမ်းထိန်းသိမ်း စောင့်ရှောက်ဖို့မှာ ကရင်နီ မျိုးနွယ်စုတွေနဲ့ ကရင်နီ ပြည်သူပြည်သားတွေမှာ အပြည့်အဝ တာဝန်ရှိတယ်လို့ IEC က ထုတ်ပြန်ပါတယ်။

၂၀၂၃ နိုဝင်ဘာလက စတင်ခဲ့တဲ့ ၁ လေးလုံး စစ်ဆင်ရေးမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှု၊ မီးရှို့မှုတွေကြောင့် အများပြည်သူပိုင် အိုးအိမ်နဲ့ အဆောက်အဦးတွေ၊ ဘာသာရေး အဆောက်အဦးတွေ အများအပြား ပျက်စီးဆုံးရှုံးခဲ့ရသလို ဖောက်ထွင်း ခိုးယူမှုတွေကြောင့် အများပြည်သူပိုင် ပစ္စည်းတွေ ပျောက်ဆုံး ပျက်စီးခဲ့ရ တယ်လို့ IEC က ဆိုပါတယ်။

လွိုင်ကော်မြို့ပေါ် ရပ်ကွက်တွေ၊ တက္ကသိုလ်နဲ့ ယဉ်းကျေးမှု ပြတိုက်နေရာတွေကို သန့်ရှင်းရေး၊ ရှင်းလင်းရေးတွေ ပြုလုပ်ခဲ့တယ်လို့ စစ်ကောင်စီက ဇူလိုင်လ ၁၃ ရက် သတင်းထုတ်ပြန်ပါတယ်။

Click to comment