Connect with us

Hi, what are you looking for?

Myanmar Nature
Myanmar NatureMyanmar Nature

ရာသီဥတု

မြန်မာ့အရှေ့ပိုင်းဒေသနဲ့ ထိုင်းနိုင်ငံတဝန်း ၃ ရက်တာ လေတိုက်နှုန်းမြင့်မားပြီး အအေးပိုမယ်

မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသတွေနဲ့ ထိုင်းနိုင်ငံတဝန်းမှာ ဒီကနေ့ ဇန်နဝါရီလ ၂၆ ရက်မှ ၂၈ ရက်အတွင်း လေတိုက်နှုန်းမြင့်မားပြီး အအေးပိုလာနိုင်တယ်လို့ သိရပါတယ်။

တရုတ်ပြည်မကြီးဘက်ကနေ လာနေတဲ့ အားကောင်းတဲ့ လေဖိအားများ ရပ်ဝန်းအရှိန်က ထိုင်းနိုင်ငံ တခုလုံးနဲ့ တောင်တရုတ်ပင်လယ်တွေဘက်အထိ တိုးဝင်လာနေမှုကြောင့် ဒီနေ့ကနေ ၃ ရက်အတွင်းမှာ လေတိုက်နှုန်းမြင့်မားပြီး လွန်ကဲတဲ့ အပူချိန် ကျဆင်းမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ ထိုင်းမိုးလေဝသဌာနက ဇန်နဝါရီလ ၂၄ ရက်က ထုတ်ပြန်ပါတယ်။

အေးမြခြောက်သွေ့တဲ့ လေပြင်းတွေ တိုက်ခတ်မှုကြောင့် အများပြည်သူတွေအနေနဲ့ ကျန်းမာရေး ဂရုစိုက်နေထိုင်ကြဖို့နဲ့ မီးဘေးအန္တရာယ်ကိုလည်း ဂရုစိုက်နေထိုင်ကြဖို့ မြန်မာနိုင်ငံက မိုးလေဝသပညာရှင် ဦးဝင်းနိုင်ကလည်း သတိပေး ထားပါတယ်။

မြန်မာနိုင်ငံအရှေ့ပိုင်းဒေသတွေမှာလည်း ဇန်နဝါရီ ၂၆ ရက် မှ ၂၈ ရက်အတွင်း အလားတူ အပူချိန် ကျဆင်းမှုတွေကြောင့် သတိပြုနေထိုင်ကြဖို့ လိုအပ်တယ်လို့ ဦးဝင်းနိုင်က သတိပေးထားပါတယ်။

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရဲ့ လေထုညစ်ညမ်းမှုဟာလည်း အဆိုးဝါးဆုံးသတ်မှတ်ချက်ဖြစ်တဲ့ အဆင့် ၁၀ ထဲမှာ ပါဝင်နေတယ်လို့ သိရပါတယ်။

ဓါတ်ပုံ – Bangkok Post

Click to comment