Connect with us

Hi, what are you looking for?

Myanmar Nature
Myanmar NatureMyanmar Nature

New

အဲဒီကြိုးဝိုင်းတွေ ကန့်သတ်ရခြင်းဟာ ကျူးကျော်ယာခင်းတွေ ပြုလုပ်ခြင်း ၊ တောင်ယာတွေ ထပ်မံချဲ့ထွင်ခြင်း၊

Loream test

ဒေသန္တရ ဖွံ့ဖြိုးရေးကြိုးဝိုင်းအဖြစ် ကွတ်ခိုင်ကြိုးဝိုင်း ၄၁၅ ဧက၊ ဟိုနားကြိုးဝိုင်း ၅၆၀ ဧက၊ မန်ဂျတ်ကြိုးဝိုင်း ၆၀၀ ဧက၊ နမ့်ဖတ်လွန်ကြိုးဝိုင်း ၃၉၄၀ ဧက၊ ကောင်းလိမ်ကြိုးဝိုင်း ၅၆၈၆ ဧက၊ စီးပွားရေးဖြစ် သစ်ထုတ်ကြိုးဝိုင်းအဖြစ် ခိုတင်ကြိုးဝိုင်း ၃၃၀ ဧက၊ သဘာဝပတ်ဝန်းကျင်နဲ့ ဇီဝမျိုးစိတ်တွေ ထိန်းသိမ်းရေး ကြိုးဝိုင်းအဖြစ် လွိင်ဆမ်ဆစ်တောင် သဘာဝကြိုးဝိုင်း ၁၅၀၀၀ ဧကတို့ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီကြိုးဝိုင်းဧရိယာအတွင်း သစ်ဝါးခုတ်ခြင်း၊ တောမီးရှို့ခြင်း စတာတွေကို မပြုလုပ်ဖို့ သတိပေးဆိုင်းဘုတ်တွေ လိုက်လံတပ်ဆင်ပေးခြင်းနဲ့ ၎င်းနဲ့ပတ်သက်တဲ့ အကျိုးအကြောင်းတွေကို ပြည်သူလူထုတွေထံ တွေ့ဆုံဆွေးနွေးခြင်း လုပ်ငန်းတွေ ပြုလုပ်ခဲ့တယ်လို့ PSLF/ TNLA သတင်းနဲ့ ပြန်ကြားရေးဌာနက ဆိုပါတယ်။

အဲဒီကြိုးဝိုင်းတွေ ကန့်သတ်ရခြင်းဟာ ကျူးကျော်ယာခင်းတွေ ပြုလုပ်ခြင်း ၊ တောင်ယာတွေ ထပ်မံချဲ့ထွင်ခြင်း၊ အဖိုးတန် သစ်ပင်တွေ ခုတ်ခြင်း၊ တရားမဝင် သစ်ခိုးထုတ်ခြင်းနဲ့ တရားမဝင် ရွှေတူးဖော်မှုတွေ အားလုံးကို ကာကွယ်ဖို့ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၆ ရက်မှာလည်း သီပေါမြို့နယ်ထဲက သီပေါကြိုးဝိုင်းနဲ့ ကွမ်းလုံကြိုးဝိုင်း၊ နောင်ချိုမြို့နယ်ရှိ ဂုတ်ထိပ်တံတားမှာ သစ်တောနဲ့ သဘာဝထိန်းသိမ်းရေးကာကွယ်ရေး သတိပေးဆိုင်းဘုတ်တွေ လိုက်လံတပ်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ဖေဖော်ဝါရီလမှာလည်း PSLF/ TNLA ရဲ့ မြေယာနဲ့ သစ်တောထိန်းသိမ်း ကာကွယ်ရေးဌာနဟာ တပ်မဟာ ၃ နယ်မြေ၊ မိုးမိတ်မြို့နယ်အတွင်း ကန်သတ်ကြိုးဝိုင်း ၅ ခုကို သတ်မှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

တအာင်းတပ်က ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နယ်ထဲမှာ တောင်ယာချဲ့ထွင်ခြင်းနဲ့ ရွှေတူးဖော်ခြင်းတို့မှ ကာကွယ်ဖို့ ကန်သတ်ကြိုးဝိုင်း ၇ ခုကို PSLF/ TNLA ရဲ့ မြေယာနဲ့ သစ်တောထိန်းသိမ်း ကာကွယ်ရေးဌာနက မေလ ၁၂ ရက်က သတ်မှတ်တည်ထောင် လိုက်တယ်လို့ သိရပါတယ်။

Written By

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

Copyright © 2025 .Myanmar Nature