Connect with us

Hi, what are you looking for?

Myanmar Nature
Myanmar NatureMyanmar Nature
epa08183826 Pa-O ethnic women attend the Myanmar Ethnics Culture Festival 2020 in Yangon, Myanmar, 01 February 2020. The festival aims to promote understanding among different ethnic groups in Myanmar and will run from 01 February to 07 February 2020. EPA-EFE/NYEIN CHAN NAING

သတင်း

ဆီဆိုင်မြို့နယ်မှ ထောင်နှင့်ချီသော ကျေးလက်ဒေသခံများကိုမိုးရာသီစိုက်ပျိုးရေးကာလတွင် ရှမ်းပြည်နယ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စုနှင့် တောင်ရှေ့ ကျေးရွာအုပ်စုမှ လူဦးရေ  ၆၀၀၀ ကျော်ကို  စစ်ကောင်စီ လက်အောက်ခံ ပအို၀်းပြည်သူ့စစ် (PNO/PNA)  တပ်ဖွဲ့က ဇွန် ၁၅ ရက်နေ့ နောက်ဆုံးထား ရွှေ့ပြောင်း ခိုင်းနေသည်ဟု ဒေသခံများက ပြောသည်။

ဟိုပုံး၊ ဆီဆိုင်၊ လွိုင်ကော် ကားလမ်းကြီး တစ်လျှောက် စစ်ရေးလှုပ်ရှားသည့် PNO/PNA အထူးဒေသ (၆) သူရိယခမ်း စစ်တိုင်းဌာနက ပေးပို့သည့်စာတွင် နောင်ကျောကျေးရွာအုပ်စုမှ တပူးထိုရွာ၊ ကောင်ထိုရွာ၊ လွယ်ငွန်းရွာ၊ နောင် ဗိုရွာ၊ ပင်စက်ရွာ၊ တောင်ရှေ့ ကျေးရွာအုပ်စု နောင်ထော်ရွာ၊ ကလားလမ်ရွာခံများ ရွှေ့ပြောင်းပေးရမည် ဖြစ်သည်။

ဆီဆိုင်မြို့နယ်၊ ဘုရားဖြူကျေးရွာ မွေတော်ဘုရားဝန်း အတွင်းသို့သာ ရွှေ့ပြောင်းရမည်ဟု ထိုစာတွင် ဖော်ပြထားသည်။

ရွှေ့ပြောင်းရန် ငြင်းဆန်ပါက လုံခြုံရေး တာဝန်မယူကြောင်း ပြောဆိုထားသည်ဟု ပအို၀်းလူငယ်အစည်းအရုံး တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

“မရွှေ့ဘူး၊ အန္တရာယ် တစ်စုံတရာဖြစ်လာတယ်ဆိုရင် တာဝန်မယူဘူး။ ၁၅ ရက်နေ့ နောက်ဆုံးထားပြီးတော့မှ အကုန်လုံး ထွက်ပေးဖို့ ပြောထားတယ်။ ထွက်ခိုင်းတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီးတော့ ပြောတာတော့ မရှိဘူး။ ရွှေ့ခိုင်းတာက ဘုရားဖြူဘက်ကို အကုန်လုံးရွှေ့ပေးဖို့ ပြောထားတာပေါ့” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီနှင့် ပြည်သူ့စစ် ပူးပေါင်း ထိုးစစ်ဆင်နေသည့် အဆိုပါကျေးရွာများမှာ ဆီဆိုင် မြို့ နှင့် ၁၀မိုင်ကျော် ကွာဝေးပြီး  ဖုန်းနှင့် အင်တာနက်လိုင်းများလည်း ဖြတ်တောက် ခံထားရသည်ဟု ဆီဆိုင်မြို့ခံတို့က ဆိုသည်။

အဆိုပါကျေးရွာများတွင် အာဏာသိမ်းမှု ဆန့်ကျင်သည့် ပအို၀်းအမျိုးသား လွတ်မြောက် ရေးတပ်မတော် (PNLA)  အပါအဝင် တော်လှန်ရေး တပ်ဖွဲ့များ လှုပ်ရှားနေသည်။

အဆိုပါကျေးရွာများမှ ဒေသခံအချို့မှာ တိုက်ပွဲများကြောင့် ယခင် ကတည်းက ဘေးလွတ်ရာကို ကြိုတင် တိမ်းရှောင်နေကြသည်ဟု ဒေသခံတို့က ဆိုသည်။

လက်ရှိတွင် စစ်တပ်နှင့် ပြည်သူ့စစ် ပူးပေါင်းဖွဲ့က အဆိုပါကျေးရွာများအား ထိုးစစ်ဆင်နိုင်ဖွယ် ရှိသည်ဟု ဒေသခံများက ခန့်မှန်းသည်။

“နောင်ကျော အထိကို စစ်တပ်က ပိုင်တာပေါ့နော်။ နောင်ကျော ဟိုဘက်ကျတော့ စစ်တပ်တို့၊ PNO တို့က မသွားရဲကြဘူး။ ဟိုဘက်က ပိုင်တဲ့သဘောပေါ့” ဟု ပအို၀်းလူငယ်အစည်းအရုံး တာဝန်ရှိသူက ဆိုသည်။

“ဟိုတလောက နောင်ကျောရဲ့ တောင်ဘက်မှာ တိုက်ပွဲတော်တော် ဖြစ်သွားတာပေါ့။ သူတို့က ဟိုဘက်ကို သွားပြီး သိမ်းချင်တော့ ရွှေ့ခိုင်းပြီးတော့ အဲဒီဘက်ကို လက်နက်ကြီး ထုမယ်ထင်တယ်”

Myanmar Now  က ဆက်သွယ်ခဲ့သည့် PNO/PNA တာဝန်ရှိသူတစ်ဦးကမူ  ကျေးရွာများ ရွှေ့ပြောင်းခိုင်းသည့် ကိစ္စအတိအကျ မသိရကြောင်း တုံ့ပြန်သည်

Written By

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

Copyright © 2025 .Myanmar Nature