Connect with us

Hi, what are you looking for?

ဇီဝမျိုးစုံမျိုးကွဲ

မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်၊ သံပုရာကန်ရွာအနီးရှိ မန်းသံပုရာကန် ရေနံချက်စက်ရုံနဲ့ ကပစ – ၂ တို့ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ NUG အစိုးရ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးအထူးတပ်ဖွဲ့(SOS)က ဒီနေ့ဖေဖော်ဝါရီလ ၂၈ ရက်မှာ ကြေညာပါတယ်။ ဖေဖော်ဝါရီလ...

ဇီဝမျိုးစုံမျိုးကွဲ

နွေရာသီကာလရောက်လာပြီးဖြစ်တဲ့အတွက် ချင်းပြည်နယ်ထဲမှာ ဒေသခံပြည်သူတွေအနေနဲ့ မီးဘေးအန္တရာယ် တားဆီးကာကွယ်ရေးအစီအမံတွေ ထားရှိ၊ လုပ်ဆောင်သွားကြရန် ဒေသခံချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) တွေက သတိပေးနှိုးဆော်နေပါတယ်။ ထန်တလန်မြို့နယ်မှာ ဒေသခံပြည်သူတွေ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် လာမယ့် မတ်လ ၁ ရက်ကနေ မေလ ၃၁ ရက်အထိ မိမိနေအိမ်၊ ကျေးရွာတွေမှာ...

ဇီဝမျိုးစုံမျိုးကွဲ

သံလွင်မြစ်ရေနဲ့ မိုလိုချောင်းရေထဲမှာ အာဆင်းနိအဆိပ်ရေပမာဏဟာ ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ အဆိပ်ရေ ပမာဏ ၄ ဆကနေ ၅၅၃ ဆအထိ ပါဝင်မှု မြင့်မားနေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ဒီနေ့ ဖေဖော်ဝါရီလ ၂၅ ရက်မှာ ကြေညာပါတယ်။ ကရင်နီပြည်ထဲ ဖြတ်သန်းစီးဆင်းနေတဲ့...

ဇီဝမျိုးစုံမျိုးကွဲ

အာရက္ခတပ်တော် (ULA/ AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ထဲရှိ မြေဧက တစ်သိန်းကျော်ကို ဆားပြင် (တိုးချဲ့) ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်လိုက်တယ်လို့ စစ်ကော်မရှင်က ကြေညာပါတယ်။ တောင်ကုတ်မြို့နယ်ရှိ ဧရိယာအကျယ်အဝန်း ၁၀၅,၈၁၅ ဧက ရှိတဲ့ နယ်မြေကို ဆားပြင် (တိုးချဲ့) ကြိုးပြင် ကာကွယ်တော...

ဇီဝမျိုးစုံမျိုးကွဲ

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်ထဲရှိ ကန်နဲ့ အင်းတွေမှာ ရေငှက်စာရင်းကောက်ယူခြင်းအစီအစဉ်ကို ဇန်နဝါရီလ ၂၁ ရက်မှ ၂၃ ရက်အထိ၊ ၃ ရက်ကြာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ တံတားဦးမြို့နယ်ထဲက ပြူကန်၊ ပလိပ်အင်းနဲ့ ဘနောအင်းတွေမှာ အာရှရေငှက်စာရင်းကောက်ခြင်း အစီအစဉ် (Asian water bird census)...

ဇီဝမျိုးစုံမျိုးကွဲ

နာဂလူမျိုးတွေ အထွဋ်အမြတ်ထားတဲ့ နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို မြို့ ၁၀ မြို့ထက်မနည်းမှာ ကျင်းပသွားမှာဖြစ်ပြီး ဘယ်အဖွဲ့အစည်းမှ နှောက်ယှက်ဟန့်တားခြင်း မပြုဖို့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန် NSCN-K အဖွဲ့က ထုတ်ပြန်ပါတယ်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်မှာ ကျရောက်မယ့် ၃၅ ကြိမ်မြောက် နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကို...

ဇီဝမျိုးစုံမျိုးကွဲ

ကချင်ပြည်နယ်၊ ဖားကန်မြို့နယ်ထဲက စပေါ့ကျေးရွာမှာ ဒီနေ့ မနက်အစောပိုင်းမှာ နွံကန်ပေါက်ကျတာကြောင့် လူ ၁၀ ဦးကျော် သေဆုံးပြီး လူအများအပြား ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ နံနက်ပိုင်း ၁ နာရီဝန်းကျင်မှာ ဖားကန်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာအနီးက ကျောက်စိမ်းတွင်းဟောင်း တခုရဲ့ နွံကန်ဟာ...

ဇီဝမျိုးစုံမျိုးကွဲ

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ မြို့မနယ်မြေနဲ့ ဝိတိုရိယတောင်ပေါ်က တောင်ဇလပ်၊ ချယ်ရီနဲ့ သစ်ခွပန်းတွေကို ခူးယူတာ၊ အကိုင်းအခက် ချိူးယူတာတွေ ပြုလုပ်ရင် ဇန်နဝါရီလ ၁၁ ရက် စတင်လို့ အရေးယူတော့မယ်လို့ သိရပါတယ်. ခရီးသွားတွေအကြား နာမည်ကျော်ကြားတဲ့ ဝိတိုရိယတောင် ခေါ် ခိုနုမ်းသုန်တောင်ရှိတဲ့ ကန်ပက်လက်မြို့နယ်ထဲက အများပြည်သူတွေဟာ...

ဇီဝမျိုးစုံမျိုးကွဲ

အာဏာသိမ်းကာလအတွင်း မြန်မာ့ပင်လယ်ပြင်မှာ Manta Rayနဲ့ Devil Ray (အူကြီး/ငါးဘဲလိပ်မျိုးစုဝင်များ)တွေ အလွန်အကျွံ ဖမ်းဆီးစားသုံး၊ ရောင်းဝယ်ခံရမှု စတဲ့ အန္တရာယ်တွေ ကြုံတွေ့နေရတယ်လို့ Myanmar Ocean Project က ဇန်နဝါရီလ ၈ မှာ ထုတ်ပြန်ပါတယ်။ Manta Trust အဖွဲ့အစည်းက...

ဇီဝမျိုးစုံမျိုးကွဲ

ကရင်ပြည်နယ်၊ ဇွဲကပင်တောင်တန်းပေါ်မှာ တောပန်းထိမ်ငိုပန်းမျိုးစိတ်အသစ် ၁ မျိုးကို ပထမဆုံးအကြိမ် မှတ်တမ်းတင် တွေ့ရှိခဲ့ပြီး ဇွဲကပင်ပန်းတိမ်ငိုလို့ နာမည်အသစ် ပေးထားတယ်လို့ သိရပါတယ်။ ဇွဲကပင်ပန်းတိမ်ငို ပန်းမျိုးစိတ်သစ်ဟာ ကမ္ဘာမှာ မြန်မာနိုင်ငံမှာပဲ တွေ့နိုင်ပြီး မြန်မာနိုင်ငံမှာလည်း ဇွဲကပင်တောင်ထိပ်ပေါ်က ၄ နေရာခန့်မှာသာ တွေ့နိုင်တယ်လို့ Native Species...

ဇီဝမျိုးစုံမျိုးကွဲ

အိန္ဒိယနိုင်ငံမှာသာ တွေ့ရှိရတဲ့ မြွေစိမ်းမြီးခြောက်မျိုးစိတ်တမျိုးကို မြန်မာနိုင်ငံမှာလည်း ရှင်သန်နေထိုင်တဲ့အကြောင်း စာတမ်းပြုမှတ်တမ်းတင်နိုင်ခဲ့တယ်လို့ Native Species Conservation and Identification – NSCI အဖွဲ့ထံမှ သိရပါတယ်။ “ဒါက မြန်မာနိုင်ငံမှာ ပထမဆုံး မှတ်တမ်းတင်နိုင်မူပေါ့နော်။ ကျနော်တို့ ဒါကို ဒီ့အတိုင်း ထားလိုက်ရင်တော့ မေ့မေ့ပျောက်ပျောက်ပဲ...

ဇီဝမျိုးစုံမျိုးကွဲ

မြန်မာနိုင်ငံမှာ အူကြီးနဲ့ ငါးဘဲလိပ်မျိုးစု အသားနဲ့ ပသိမျိုးစိတ်တို့ကို ဖမ်းဆီးစားသုံးမှု၊ တင်ပို့မှု အလွန်များပြားလို့ ထိန်းသိမ်းကာကွယ်ရေး ဆောင်ရွက်ဖို့ ဦးစားပေး ၅ နိုင်ငံထဲမှာ အဆင့် ၁ သတ်မှတ်ခံထားရတယ်လို့ မြန်မာ့ပင်လယ်ထိန်းသိမ်းရေးအဖွဲ့ထံမှ သိရပါတယ်။ ဒီဇင်ဘာလ ၁၆ ရက်က Manta Trust မှ...

ဇီဝမျိုးစုံမျိုးကွဲ

ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA က ထိန်းသိမ်ထားတဲ့ ဆင်ကောင်ရေ (၁၄၀) နီးပါးထဲက ထက်ဝက်နီးပါးကို တအာင်းအမျိုး သားတပ်မတော် – TNLA ဆီကို လွှဲပြောင်းပေးအပ်လိုက်တယ်လို့ PLA တပ်ဖွဲ့ထံမှ သိရပါတယ်။ “ဆင်ဦးစီးရော၊ မိသားစုရော၊ ဆင်တွေရော စားသောက်နေထိုင်ရေး ကိစ္စတွေအတွက် အခက်အခဲတွေ ရှိတယ်။ ဒီဘက်မှာက...

ဇီဝမျိုးစုံမျိုးကွဲ

မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ဟာ ယူနက်စကိုရဲ့ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်မယ့် ပဏာမစာရင်းမှာ ပါဝင်လာတယ်လို့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနက နိုဝင်ဘာလ ၆ ရက်က ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ၊ မတ်လထဲမှာ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို ယူနက်စကို ရဲ့ ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ် (Intangible Cultural Heritage)...