Connect with us

Hi, what are you looking for?

ဇီဝမျိုးစုံမျိုးကွဲ

မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်၊ သံပုရာကန်ရွာအနီးရှိ မန်းသံပုရာကန် ရေနံချက်စက်ရုံနဲ့ ကပစ – ၂ တို့ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ NUG အစိုးရ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးအထူးတပ်ဖွဲ့(SOS)က ဒီနေ့ဖေဖော်ဝါရီလ ၂၈ ရက်မှာ ကြေညာပါတယ်။ ဖေဖော်ဝါရီလ...

ဇီဝမျိုးစုံမျိုးကွဲ

နွေရာသီကာလရောက်လာပြီးဖြစ်တဲ့အတွက် ချင်းပြည်နယ်ထဲမှာ ဒေသခံပြည်သူတွေအနေနဲ့ မီးဘေးအန္တရာယ် တားဆီးကာကွယ်ရေးအစီအမံတွေ ထားရှိ၊ လုပ်ဆောင်သွားကြရန် ဒေသခံချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) တွေက သတိပေးနှိုးဆော်နေပါတယ်။ ထန်တလန်မြို့နယ်မှာ ဒေသခံပြည်သူတွေ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် လာမယ့် မတ်လ ၁ ရက်ကနေ မေလ ၃၁ ရက်အထိ မိမိနေအိမ်၊ ကျေးရွာတွေမှာ...

ဇီဝမျိုးစုံမျိုးကွဲ

သံလွင်မြစ်ရေနဲ့ မိုလိုချောင်းရေထဲမှာ အာဆင်းနိအဆိပ်ရေပမာဏဟာ ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ အဆိပ်ရေ ပမာဏ ၄ ဆကနေ ၅၅၃ ဆအထိ ပါဝင်မှု မြင့်မားနေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ဒီနေ့ ဖေဖော်ဝါရီလ ၂၅ ရက်မှာ ကြေညာပါတယ်။ ကရင်နီပြည်ထဲ ဖြတ်သန်းစီးဆင်းနေတဲ့...

ဇီဝမျိုးစုံမျိုးကွဲ

အာရက္ခတပ်တော် (ULA/ AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ထဲရှိ မြေဧက တစ်သိန်းကျော်ကို ဆားပြင် (တိုးချဲ့) ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်လိုက်တယ်လို့ စစ်ကော်မရှင်က ကြေညာပါတယ်။ တောင်ကုတ်မြို့နယ်ရှိ ဧရိယာအကျယ်အဝန်း ၁၀၅,၈၁၅ ဧက ရှိတဲ့ နယ်မြေကို ဆားပြင် (တိုးချဲ့) ကြိုးပြင် ကာကွယ်တော...

ဇီဝမျိုးစုံမျိုးကွဲ

ကရင်ပြည်နယ်ထဲ နေထိုင်ကြတဲ့ လူမျိုးစုတူအချင်းချင်းအကြား ကော်ယော်လူမျိုးနဲ့ မနုမနောလူမျိုးလို့ ခေါ်ဝေါ်သုံးစွဲနေမှုကို ကော်ယော်မနုမနော လူမျိုးအမည်သို့ ပြောင်းလဲသတ်မှတ်လိုက်တယ်လို့ ကော်ယော်မနုမနောစာပေနဲ့ ယဉ်ကျေးမှုကော်မတီက ဒီနေ့ မေလ ၂၈ ရက်မှာ ကြေညာလိုက်ပါတယ်။ မေလ ၁၉ ရက်က ကရင်နီပြည်နယ်၊ ဒေလကြိုကျေးရွာမှာ ဖွံဘော်ခွတ်မြို့နယ် အုပ်ချုပ်ရေးကောင်စီဝင်တွေ၊ အမျိုးသား...

ဇီဝမျိုးစုံမျိုးကွဲ

ဒီနေ့ မေလ ၂၅ ရက်မှ ဇွန်လ ၁ ရက်အထိ နိုင်ငံတဝန်းမှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာနိုင်ပြီး မြေပြိုမှုနဲ့ ရေကြီးရေလျှံမှုတို့ အန္တရာယ်တို့ကို ကြိုတင်သတိပြု နေထိုင်ကြဖို့ မိုးဇလဌာနက သတိပေးထုတ်ပြန်ပါတယ်။ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေထုမငြိမ်မသက်မှုတွေ ဖြစ်ပေါ်လာနိုင်ခြင်း၊ မုတ်သုံလေ...

ဇီဝမျိုးစုံမျိုးကွဲ

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်၊ ရန်ကင်းစံရာကျေးရွာမှာ ဧရာဝတီမြစ်ကမ်းပါးပြိုကျပြီး နေအိမ် ၁၀ လုံးကျော် ရေမျောပါသွားသလို အိမ် အများအပြားကိုလည်း ရွေ့ပြောင်းနေရတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။ ညောင်တုန်းမြို့၊ ရန်ကင်းစံရာအနောက်ကျွန်း အမှတ် ၄ ရပ်ကွက်မှာ မြစ်ကမ်းပါးပြိုကျမှုဟာ မေလ ၂၄ ရက် ည ၁၂...

ဇီဝမျိုးစုံမျိုးကွဲ

အပစ်ရပ်ထားတဲ့ စစ်ကောင်စီတပ်ဟာ ရှမ်းပြည်နယ် မြောက်ပိုင်း ၊ နောင်ချိုမြို့နယ်ထဲက ရှဲဆန်သတ္တုကုမ္ပဏီလုပ်ကွက် ထဲကို ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးကြဲချတိုက်ခိုက်ရာမှာ အဲဒီကုမ္ပဏီဟာ တရုတ်ငွေယွမ် ၁ သန်းခွဲကျော် ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ တအာင်းတပ် PSLF/ TNLA ရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနက...

ဇီဝမျိုးစုံမျိုးကွဲ

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ရပ်ဆိုင်းခဲ့မှုကြောင့် လက်ရှိ နိုင်ငံတဝန်းမှာ လျှပ်စစ်ဓါတ်အားဖူလုံမှု မရှိဖြစ်နေရတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလာပါတယ်။ စစ်ကောင်စီအဖွဲ့ရဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့ကို နေပြည်တော်မှာ ကျင်းပခဲ့ရာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “မြစ်ဆုံ စီမံကိန်း”နဲ့ ပတ်သက်လို့ ထည့်သွင်းပြောဆိုလာတာဖြစ်ပါတယ်။ လျှပ်စစ်နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံမှာ...

ဇီဝမျိုးစုံမျိုးကွဲ

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ မြင်းမထိတောင်ဒေသ အကြီးစားခဲသတ္တု တူးဖော်ရေးစီမံကိန်း ရပ်ဆိုင်းရေး ဦးဆောင်ဆန္ဒပြတောင်းဆိုနေမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ပရာဒေါင်းဆွေမျိုးစု ခေါင်းဆောင် ၄ ဦးဟာ ဒီနေ့မှာ ပြန်လည် လွတ်မြောက်လာတယ်လို့ သိရပါတယ်။ ဒီနေ့ မေလ ၂၀ ရက် ကယန်းပြည်သစ်ပါတီ ဗဟိုကော်မတီနဲ့ ပရာဒေါင်းဆွေမျိုးစု ဗဟိုကော်မတီတို့...

ဇီဝမျိုးစုံမျိုးကွဲ

မနေ့ညပိုင်းက လှုပ်ခတ်ခဲ့တဲ့ အင်အား အတန်အတင့်ရှိတဲ့ နောက်ဆက်တွဲ ငလျင်ကြောင့် မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ ရွှေကူဘုန်ကြီးကျောင်းတိုက်ထဲ ငလျင်ကယ်ဆယ်ရေးစခန်းမှာ သစ်ပင်လဲကျမှု ဖြစ်ပွားခဲ့ပြီး သားအဖ ၂ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။ မေလ ၁၇ ရက် ညပိုင်း ၁၀ နာရီခွဲခန့်မှာ လှုပ်ခတ်ခဲ့တဲ့...

ဇီဝမျိုးစုံမျိုးကွဲ

ချင်းမိုင်ခရိုင် မယ်အိုင်းဒေသနဲ့ မျက်နှာချင်းဆိုင် ထိုင်းနယ်စပ်မြောက်ပိုင်းမှ ၂၅ ကီလို မီတာသာ ကွာ‌ဝေးတဲ့ ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့ တောင်ဘက် မိုင်းယွန်းဒေသမှာ ဝပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် UWSA က မြေရှားသတ္တုတွေ တူးဖော်နေတယ်လို့ ဂြိုလ်တုဓာတ်ပုံတွေနဲ့အတူ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် -SHRF က ကြေညာပါတယ်။ ဂြိုလ်တုဓါတ်ပုံတွေအရ...

မေးမြန်းခန်း

ငလျင်ကြောင့် ထိခိုက်ပျက်စီးသွားတဲ့ ဗလီနဲ့ ခရစ်ယာန်ဘုရားကျောင်းတွေကို မူလအရွယ်အစားအတိုင်းသာ ပြန်လည်ဆောက်လုပ်ခွင့်ပြုဖို့ သာသနာရေးမှူးရဲ့ ညွှန်ကြားချက် ထွက်ပေါ်လာပါတယ်။ လူထိခိုက်သေဆုံးမှုနဲ့ အဆောက်အဦး ပျက်စီးမှု ပမာဏ ကြီးမားစေခဲ့တဲ့ မတ်လ ၂၈ ရက်က ရစ်ချ်တာစကေး ၇.၇ အဆင့်ရှိတဲ့ ငလျင်ကြီးလှုပ်ခတ်အပြီး တလကျော်အကြာမှာ မန္တလေးတိုင်း၊ ရမည်းသင်းခရိုင်၊...

ဇီဝမျိုးစုံမျိုးကွဲ

ဒီနေ့ မေလ ၁၄ ရက်မှ ၂၀ ရက်အထိ တိုင်းနဲ့ ပြည်နယ်အားလုံးမှာ မိုးထစ်ချုန်း ရွာနိုင်ပြီး တချို့ဒေသတွေမှာ နေရာကွက်၍ မိုးကြီးနိုင်တယ်လို့ စစ်ကောင်စီရဲ့ မိုးဇလဌာနက သတိပေးထုတ်ပြန်ပါတယ်။ မနေ့ မေလ ၁၃ ရက် ည ၇ နာရီ တိုင်းထွာချက်တွေအရ...