Connect with us

Hi, what are you looking for?

Myanmar Nature
Myanmar NatureMyanmar Nature

ဇီဝမျိုးစုံမျိုးကွဲ

NUG အစိုးရရဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေဟာ ပုလဲမြို့နယ်အတွင်းက ထိန်းသိမ်းထားတဲ့ သစ်တန်ချိန် အများအပြားကို အထိန်းအကွပ်မဲ့ ၎င်းတို့ကိုယ်ကျိုးစီးပွားအတွက် သစ်ထုတ်လုပ်ရောင်းချပြီး သုံးစွဲနေတယ်လို့ ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် (BNRA) က ကြေညာပါတယ်။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်း သဘာဝသယံဇာတ သစ်ထုတ်ယူနေတဲ့ ဂိုဏ်းဂဏတွေနဲ့ အဖွဲ့အစည်းတွေ...

ယဉ်ကျေးမှု

ပုဂံဒေသ သိကြားဟစ်ဘုရားမှာ ထိန်သိမ်းရေး လုပ်ငန်းတွေ ဆောင်ရွက်စဉ် ပုဂံခေတ်နှောင်းပိုင်းက နံရံပန်းချီတွေနဲ့ မင်စာတွေကို အသစ်တွေ့ရှိရတယ်လို့ စစ်ကော်မရှင်ရဲ့ သတင်းစာတွေမှာ ဒီနေ့ စက်တင်ဘာလ ၂၈ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။ သိကြားဟစ်ဘုရားရှိ နံရံဆေးရေး ပန်းချီတွေ ပျက်စီးမှုဖြစ်ပေါ်နေသလို အင်္ဂတေပန်းလက်ရောတွေ၊ နံရံတွေ အက်ကြောင်းတွေ ဖြစ်ပေါ်နေတဲ့အတွက်...

ဇီဝမျိုးစုံမျိုးကွဲ

လက်ရှိမှာ အာဏာသိမ်းစစ်ကော်မရှင်ဟာ မြန်မာ့ကမ်းလွန်ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ပေါင်း ၅၀ ကျော်မှာ တူးဖော်ပြီး ထုတ်ယူရောင်းချ သုံးစွဲနိုင်ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ရေနံနဲ့ သဘာဝဓါတ်ငွေ ထုတ်လုပ်ရေးအတွက် ရေတိမ်ပိုင်း လုပ်ကွက်တွေဟာ ရခိုင်ကမ်းလွန်မှာ လုပ်ကွက် ၇ ခု၊ မုတ္တမကမ်းလွန်မှာ လုပ်ကွက် ၁၁ ခု၊...

ရာသီဥတု

ရှမ်းတောင်ပိုင်း၊ ရွာငံမြို့နယ်မှာ စစ်ဘေးရှောင်စခန်းတစ်ခုကို တောင်ပြိုကျမှုဖြစ်ပွားပြီး ကလေးငယ်တွေ အပါအဝင် ဒေသခံစစ်ရှောင် ၁၀ ဦး သေဆုံးခဲ့တယ်လို့ ဓနုပြည်နယ် အမျိုးသားကာကွယ်ရေးတပ်တော်-DSNDA ထံက သိရပါတယ်။ ရွာငံမြို့နယ်၊ ကျောက်တောရွာဖက်မှာ စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်း ဗုံးကြဲမှု၊ ခြေလျင် စစ်ကြောင်းထိုးမှုတွေကြောင့် ဒေသခံတွေဟာ...

ရာသီဥတု

ဒီနေ့ မေလ ၂၅ ရက်မှ ဇွန်လ ၁ ရက်အထိ နိုင်ငံတဝန်းမှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာနိုင်ပြီး မြေပြိုမှုနဲ့ ရေကြီးရေလျှံမှုတို့ အန္တရာယ်တို့ကို ကြိုတင်သတိပြု နေထိုင်ကြဖို့ မိုးဇလဌာနက သတိပေးထုတ်ပြန်ပါတယ်။ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေထုမငြိမ်မသက်မှုတွေ ဖြစ်ပေါ်လာနိုင်ခြင်း၊ မုတ်သုံလေ...

ဇီဝမျိုးစုံမျိုးကွဲ

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်၊ ရန်ကင်းစံရာကျေးရွာမှာ ဧရာဝတီမြစ်ကမ်းပါးပြိုကျပြီး နေအိမ် ၁၀ လုံးကျော် ရေမျောပါသွားသလို အိမ် အများအပြားကိုလည်း ရွေ့ပြောင်းနေရတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။ ညောင်တုန်းမြို့၊ ရန်ကင်းစံရာအနောက်ကျွန်း အမှတ် ၄ ရပ်ကွက်မှာ မြစ်ကမ်းပါးပြိုကျမှုဟာ မေလ ၂၄ ရက် ည ၁၂...

ဇီဝမျိုးစုံမျိုးကွဲ

အပစ်ရပ်ထားတဲ့ စစ်ကောင်စီတပ်ဟာ ရှမ်းပြည်နယ် မြောက်ပိုင်း ၊ နောင်ချိုမြို့နယ်ထဲက ရှဲဆန်သတ္တုကုမ္ပဏီလုပ်ကွက် ထဲကို ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးကြဲချတိုက်ခိုက်ရာမှာ အဲဒီကုမ္ပဏီဟာ တရုတ်ငွေယွမ် ၁ သန်းခွဲကျော် ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ တအာင်းတပ် PSLF/ TNLA ရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနက...

ဇီဝမျိုးစုံမျိုးကွဲ

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ရပ်ဆိုင်းခဲ့မှုကြောင့် လက်ရှိ နိုင်ငံတဝန်းမှာ လျှပ်စစ်ဓါတ်အားဖူလုံမှု မရှိဖြစ်နေရတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလာပါတယ်။ စစ်ကောင်စီအဖွဲ့ရဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့ကို နေပြည်တော်မှာ ကျင်းပခဲ့ရာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “မြစ်ဆုံ စီမံကိန်း”နဲ့ ပတ်သက်လို့ ထည့်သွင်းပြောဆိုလာတာဖြစ်ပါတယ်။ လျှပ်စစ်နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံမှာ...

ယဉ်ကျေးမှု

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ မြင်းမထိတောင်ဒေသ အကြီးစားခဲသတ္တု တူးဖော်ရေးစီမံကိန်း ရပ်ဆိုင်းရေး ဦးဆောင်ဆန္ဒပြတောင်းဆိုနေမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ပရာဒေါင်းဆွေမျိုးစု ခေါင်းဆောင် ၄ ဦးဟာ ဒီနေ့မှာ ပြန်လည် လွတ်မြောက်လာတယ်လို့ သိရပါတယ်။ ဒီနေ့ မေလ ၂၀ ရက် ကယန်းပြည်သစ်ပါတီ ဗဟိုကော်မတီနဲ့ ပရာဒေါင်းဆွေမျိုးစု ဗဟိုကော်မတီတို့...

ဇီဝမျိုးစုံမျိုးကွဲ

မနေ့ညပိုင်းက လှုပ်ခတ်ခဲ့တဲ့ အင်အား အတန်အတင့်ရှိတဲ့ နောက်ဆက်တွဲ ငလျင်ကြောင့် မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ ရွှေကူဘုန်ကြီးကျောင်းတိုက်ထဲ ငလျင်ကယ်ဆယ်ရေးစခန်းမှာ သစ်ပင်လဲကျမှု ဖြစ်ပွားခဲ့ပြီး သားအဖ ၂ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။ မေလ ၁၇ ရက် ညပိုင်း ၁၀ နာရီခွဲခန့်မှာ လှုပ်ခတ်ခဲ့တဲ့...

ဇီဝမျိုးစုံမျိုးကွဲ

ချင်းမိုင်ခရိုင် မယ်အိုင်းဒေသနဲ့ မျက်နှာချင်းဆိုင် ထိုင်းနယ်စပ်မြောက်ပိုင်းမှ ၂၅ ကီလို မီတာသာ ကွာ‌ဝေးတဲ့ ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့ တောင်ဘက် မိုင်းယွန်းဒေသမှာ ဝပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် UWSA က မြေရှားသတ္တုတွေ တူးဖော်နေတယ်လို့ ဂြိုလ်တုဓာတ်ပုံတွေနဲ့အတူ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် -SHRF က ကြေညာပါတယ်။ ဂြိုလ်တုဓါတ်ပုံတွေအရ...

မေးမြန်းခန်း

ငလျင်ကြောင့် ထိခိုက်ပျက်စီးသွားတဲ့ ဗလီနဲ့ ခရစ်ယာန်ဘုရားကျောင်းတွေကို မူလအရွယ်အစားအတိုင်းသာ ပြန်လည်ဆောက်လုပ်ခွင့်ပြုဖို့ သာသနာရေးမှူးရဲ့ ညွှန်ကြားချက် ထွက်ပေါ်လာပါတယ်။ လူထိခိုက်သေဆုံးမှုနဲ့ အဆောက်အဦး ပျက်စီးမှု ပမာဏ ကြီးမားစေခဲ့တဲ့ မတ်လ ၂၈ ရက်က ရစ်ချ်တာစကေး ၇.၇ အဆင့်ရှိတဲ့ ငလျင်ကြီးလှုပ်ခတ်အပြီး တလကျော်အကြာမှာ မန္တလေးတိုင်း၊ ရမည်းသင်းခရိုင်၊...

ရာသီဥတု

ဒီနေ့ မေလ ၁၄ ရက်မှ ၂၀ ရက်အထိ တိုင်းနဲ့ ပြည်နယ်အားလုံးမှာ မိုးထစ်ချုန်း ရွာနိုင်ပြီး တချို့ဒေသတွေမှာ နေရာကွက်၍ မိုးကြီးနိုင်တယ်လို့ စစ်ကောင်စီရဲ့ မိုးဇလဌာနက သတိပေးထုတ်ပြန်ပါတယ်။ မနေ့ မေလ ၁၃ ရက် ည ၇ နာရီ တိုင်းထွာချက်တွေအရ...

ဇီဝမျိုးစုံမျိုးကွဲ

တအာင်းတပ်က ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နယ်ထဲမှာ တောင်ယာချဲ့ထွင်ခြင်းနဲ့ ရွှေတူးဖော်ခြင်းတို့မှ ကာကွယ်ဖို့ ကန်သတ်ကြိုးဝိုင်း ၇ ခုကို PSLF/ TNLA ရဲ့ မြေယာနဲ့ သစ်တောထိန်းသိမ်း ကာကွယ်ရေးဌာနက မေလ ၁၂ ရက်က သတ်မှတ်တည်ထောင် လိုက်တယ်လို့ သိရပါတယ်။ ဒေသန္တရ ဖွံ့ဖြိုးရေးကြိုးဝိုင်းအဖြစ် ကွတ်ခိုင်ကြိုးဝိုင်း...

Copyright © 2025 .Myanmar Nature