ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မြိတ်- ထားဝယ်ခရိုင်၊ ထီးမိုပွာဒေသအတွင်းရှိ မြစ်ချောင်းအင်းအိုင်နေရာ ၂ ခုကို ထိန်းသိမ်းသင့်တဲ့ ဒေသတွေအဖြစ် သတ်မှတ်လိုက်တယ်လို့ ကေအဲန်ယူက ကြေညာပါတယ်။
အဆိုပါ မြစ်ချောင်းအင်းအိုင်နေရာတွေကို ထိန်းသိမ်းသင့်တဲ့ နေရာတွေအဖြစ် ကော်သူးလေ၊ မွေးမြူရေးနဲ့ ရေလုပ်ငန်း ဌာနက မတ်လ ၂၀ ရက်က အခမ်းအနားအစီအစဉ်တစ်ရပ် ကျင်းပြီး သတ်မှတ်ဖွင့်လှစ်ခဲ့တယ်လို့ ကေအဲန်ယူ၊ မြိတ်-ထားဝယ်ခရိုင်ရဲ့ ပြည်သူ့ဆက်ဆံရေးနဲ့ သတင်းပြန်ကြားရေးဌာနက ဒီနေ့ မတ်လ ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။
အဆိုပါ မြစ်ချောင်းအင်းအိုင် ၂ နေရာကို “ကနဲလော်ဝေ့” နဲ့ “ကလောကလေ့”အဖြစ် ခေါ်ဆိုဖို့ အမည်ပေးခဲ့ပြီး ထိန်းသိမ်းကြည့်ရှုရမယ့် နေရာအဖြစ် သတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါသတ်မှတ်ခြင်း အခမ်းအနားကို မြိတ်- ထားဝယ်ခရိုင်၊ မွေးမြူးရေးနဲ့ ရေလုပ်ငန်းဌာနမှ ဌာနမှူး ပဒိုနော်သူးလေဖော၊ ထီးမိုပွာအထူးဒေသ ဥက္ကဌ ပဒိုစောဒေးထူးနဲ့ ထီးမိုပွာဒေသရှိ ကျေးရွာ ရပ်မိရပ်ဖတွေ စုစုပေါင်း ၇၃ ဦး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။









































