Connect with us

Hi, what are you looking for?

သတင်း

ငလျင်ကြီးရဲ့နောက်ဆက်တွဲ ငလျင်အကြိမ်ပေါင်း ၂၀၀ မြောက်ကို မန္တလေးမြို့အနီး လှုပ်ခတ်

မတ်လ ၂၈ ရက်က အင်အားရစ်ခ်တာစကေး ၇.၇ နဲ့ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးရဲ့ နောက်ဆက်တွဲအနေနဲ့ ၃ လကျော် အကြာမှာ ငလျင်အကြိမ်ပေါင်း ၂၀၀ တိတိအဖြစ် မန္တလေးမြို့အနီးမှာ ဒီနေ့ အင်အား ၃.၅ ရစ်ချ်တာစကေးရှိတဲ့ ငလျင် လှုပ်ခတ်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ မိုးဇလဌာနက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

ဒီနေ့ ဇူလိုင်လ ၁၂ ရက် ၁၁ နာရီ ၄၃ မိနစ်ခန့်မျာ မန္တလေးမြို့ရဲ့ မြောက်- အရှေ့မြောက်ဘက် ၅ မိုင်ခန့်အကွာကို ဗဟိုပြုလို့ အနက် ၂၉ ကီလိုမီတာမှာ ပြင်းအား ၃.၅ ရစ်ခ်တာစကေးနဲ့ လှုပ်ခတ်သွားခြင်းဖြစ်ပါတယ်။

မတ်လ ၂၈ ရက် လှုပ်ခတ်တဲ့ ငလျင်ကြီးကြောင့် နိုင်ငံတဝန်းမှာ သေဆုံးသူ ၃၇၆၈ ဦး၊ ထိခိုက်ဒဏ်ရာ ရရှိသူ ၅၁၀၄ ဦး နဲ့ ပျောက်ဆုံးသူ ၃၈ ဦး ရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဇွန်လ ၂၆ ရက်အထိ စာရင်းတွေအရ သိရပါတယ်။

ငလျင်ကြောင့် တိုင်းနဲ့ ပြည်နယ် ၁၀ ခုမှာ လူနေအိမ် ၆၀၀၀၀ ကျော်၊ စာသင်ကျောင်း ၆၇၀၀ ကျော်၊ ဘုန်းကြီးကျောင်းနဲ့ သီလရှင်ကျောင်း ၅၄၀၀ ကျော်၊ စေတီပုထိုး ၅၀၀၀ ကျော်၊ အခြားဘာသာရေး အဆောက်အအုံ ၆၀၀ ကျော်၊ ဆေးရုံး/ ဆေးခန်း ၅၇၀ ကျော်၊ တံတား ၁၇၀ ကျော်၊ ဆည်/တမံ ၅၈၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ စစ်ကောင်စီရဲ့ စာရင်းတွေအရ သိရပါတယ်။

1 Comment

သတင်း

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်မြို့နယ်အတွင်းရှိ ရေနံမြေနဲ့ ရေနံသယံဇာတတွေကို NUG အစိုးရနဲ့ မကွေးယူနစ်အစိုးရတို့ ပူးတွဲပြီး “မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက် ပစ္စည်းတွေ ဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့” ကို ဖွဲ့စည်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ဒီနေ့ ဧပြီလ ၃ ရက်မှာ NUG...