Connect with us

Hi, what are you looking for?

သတင်း

ဆင် ၁၄၀နီးပါးနဲ့ ဆင်ထိန်းမိသားစုတွေကို PLA တပ်ဖွဲ့ ကာကွယ်စောင့်ရှောက်ထား

ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA ရဲ့ အုပ်ချုပ်စစ်နယ်မြေတွင်းက တော၊ တောင်တွေထဲ ရှောင်တိမ်းလာတဲ့ ဆင်ကောင်ရေ (၁၃၈) ကောင်နဲ့ ဆင်အုပ်၊ ဆင်ထိန်း မိသားစု တွေကို ကာကွယ်စောင့်ရှောက်ထားတယ်လို့ PLA အဖွဲ့က ဒီနေ့ စက်တင်ဘာလ ၃ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

မန္တလေးတိုင်း၊ သပိတ်ကျင်း စဉ့်ကူးမြို့နယ်ထဲက သစ်ထုတ်ဆင်တွေ၊ ဆင်အုပ်၊ ဆင်ထိန်တွေရဲ့ မိသားစုတွေဟာ ဘေးကင်းရာဖြစ်တဲ့ PLA လှုပ်ရှားအုပ်ချုပ် စစ်နယ်မြေအတွင်းကို ဇူလိုင်လ ၁၀ရက်မှ စတင်လို့ တိမ်းရှောင်လာတာကြောင့် PLA က ကာကွယ် စောင့်ရှောက် ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

PLA စစ်နယ်မြေထဲမှာ နဂိုမူလက ဆင်ဝိုင်း ၁၀ ဝိုင်းရှိပြီး ဆင်ဝိုင်း ၁၁ ဝိုင်းဟာ စဉ့်ကူးမြို့နယ်မှ မိုးကုတ်- သပိတ်ကျဉ်းမြို့နယ်ကြားသို့ ထပ်မံပြောင်းရွေ့လာတယ်လို့ အသိပေးထုတ်ပြန်ပါတယ်။

ထိန်းသိမ်းထားတဲ့ ဆင်တွေထဲမှာ ဆင်ပေါက်စတွေကိုလည်း PLA တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ တွေ့မြင်ရပါတယ်။

ပြည်သူ့ဒီမိုကရေစီ အစိုးရသစ် လက်ထက်မှာ သက်ဆိုင်ရာဌာနတွေထံ ပြန်လည် အပ်နှံသွားမှာ ဖြစ်ပြီး ပြည်သူပိုင်ရတနာအဖြစ် ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားမယ်လို့ PLA အဖွဲ့က ပြည်သူလူထုကို အသိပေးထုတ်ပြန်ထားပါတယ်။

ဗမာပြည်ကွန်မြူနစ်ပါတီ လက်အောက်ခံ တပ်ဖွဲ့တစ်ခုတဲ့ PLAတပ်ဖွဲ့ဟာ ၁၀၂၇စစ်ဆင်ရေး ပထမပိုင်းနဲ့ ဒုတိယပိုင်းတွေမှာ ရှမ်းမြောက်နဲ့ မန္တလေး တိုင်းအတွင်းက စစ်ဆင်ရေးတွေကို တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပါဝင်တိုက်ခိုက်နေပြီး တပ်အင်အားထောင်နဲ့ချီရှိတယ်လို့ သိရပါတယ်။

Click to comment