Connect with us

Hi, what are you looking for?

သတင်း

ပရာဒေါင်းဆွေမျိုးစုနယ်မြေမှာ ဦးဆောင်သတ္တုတူးဖော်နေတဲ့ KNLP ဗဟိုကော်မတီဝင် တဦးကို နယ်နှင်ဒဏ်ပေး

မြင်းမထိတောင်ရှိ ပရာဒေါင်းဆွေမျိုးစုနယ်မြေအတွင်း အကြီးစားသတ္တုတူးဖော်မှုတွေ လုပ်ကိုင်နေတဲ့ လေးပွင့်ကြယ်ကုမ္ပဏီမှ တာဝန်ရှိသူ တဦး ဖြစ်သူ ဦးဘက်စုံကို မေလ ၁ ရက် နောက်ဆုံးသွားပြီး မိမိတို့ ဒေသမှ ထွက်သွားရန် နယ်နှင်ဒဏ်ပေးကြောင်း ပရာဒေါင်းဆွေမျိုးစုက ထုတ်ပြန်ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ပရာဒေါင်းဆွေမျိုးစုနယ်မြေ၊ သိကျိတ်ကျေးရွာအနီး လေးပွင့်ကြယ် ကုမ္ပဏီနဲ့ မာစတာဝမ်းတရုတ်ကုမ္ပဏီတို့ရဲ့အကြီးစား သတ္တ္တုတူးဖော်မှုကို ဧပြီလ ၂၀ ရက် နောက်ဆုံးထား ရုပ်သိမ်းဖို့ ထုတ်ပြန်ပြီးနောက် တာဝန်ရှိသူ တဦးဖြစ်တဲ့ ဦးဘက်စုံကိုလည်း ယင်းဒေသမှ ထွက်သွားပေးဖို့ တောင်းဆိုလာခြင်းဖြစ်ပါတယ်။

ဦးဘက်စုံဟာ ယကန်းပြည်သစ်ပါတီ (KNLP)ရဲ့ ဗဟိုကော်မတီဝင် တဦးလည်း ဖြစ်ပြီး လေးပွင့်ကြယ်ကုမ္ပဏီကို ကယန်းပြည်သစ်ပါတီ – KNLP ဥက္ကဌ ဦးသန်းစိုးနိုင်က ပိုင်ဆိုင်ထားတယ်လို့ ပရာဒေါင်းဆွေမျိုးစုထံမှ သိရပါတယ်။

ဦးဘက်စုံဟာ ၂၀၁၀ ခုနှစ်ခန့်မှာ မြင်းမထိသတ္တုတွင်းက လေးပွင့်ကြယ်ကုမ္ပဏီရဲ့ လုပ်ကွက်တာဝန်ခံအဖြစ် ၂၀၂၃ ခုနှစ်အထိ တာဝန်ယူစီမံခန့်ခွဲနေသူဖြစ်ပြီး လက်ရှိမှာ သတ္တုတူးဖော်ရေး လုပ်ကွက် C မှာ နေထိုင်တယ်လို့ သိရပါတယ်။

မေလ ၁ ရက်နေ့ နောက်ဆုံးထားပြီး ဦးဘက်စုံအနေနဲ့ ထွက်သွားပေးဖို့နဲ့ သတ်မှတ်ရက်အတွင်း မထွက်သွားပါက ပရာဒေါင်းဆွေမျိုးစုနယ်မြေဒေသအတွင်း တွေ့ရှိတဲ့နေရာမှာ ဖမ်းဆီးသွားမယ်လို့ မရာဒေါင်းဆွေမျိုးစုက ဧပြီလ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။

ပရာဒေါင်းဆွေမျိုးစုတွေနေထိုင်တဲ့ မြင်းမထိတောင်ဒေသဟာလည်း ကယန်းပြည်သစ်ပါတီ – KNLP ရဲ့ ထိန်းချုပ်နယ်မြေထဲမှာ ရှိပါတယ်။

ဓါတ်ပုံ – ပရာဒေါင်းဆွေမျိုးစု

Click to comment

သတင်း

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်မြို့နယ်အတွင်းရှိ ရေနံမြေနဲ့ ရေနံသယံဇာတတွေကို NUG အစိုးရနဲ့ မကွေးယူနစ်အစိုးရတို့ ပူးတွဲပြီး “မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက် ပစ္စည်းတွေ ဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့” ကို ဖွဲ့စည်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ဒီနေ့ ဧပြီလ ၃ ရက်မှာ NUG...