Connect with us

Hi, what are you looking for?

သတင်း

ပဲခူးဝင်္ဂဘော်ဆင်စခန်းမှာ ဆင်အမြွှာကလေး ရှားရှားပါးပါး မွေးဖွား

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့အနီးက ဝင်္ဂဘော် ဆင်စခန်းမှာ ဆင်အထီးနဲ့ အမ အမြွှာကလေး ၂ ကောင် ဒီလထဲမှာ ရှားရှားပါးပါး မွေးဖွားလာတယ်လို့ သိရပါတယ်။

ဩဂုတ်လ ၂၆ ရက်က ဝင်္ဂဘော်ဆင်စခန်းမှာ အသက် ၂၁ အရွယ်ရှိတဲ့ ဆင်မကလေး ပုလဲစန္ဒာက ပထမဆုံး အကြိမ်အဖြစ် ဆင်မွေးဖွားရာမှာ ဆင်အမြွှာကလေး ၂ ကောင်ကို မွေးဖွာပေးခဲ့တာဖြစ်တယ်လို့ ဝင်္ဂဘော်ဆင်စခန်းက သိရပါတယ်။

ဆင်မကလေး (အကြီး) ပုလဲဆင့်နဲ့ ဆင်ထီးကလေး (အငယ်) ကျော်ပုလဲတို့ဟာ ငါးမီနစ်သာ ခြားပြီး မွေးဖွားလာခဲ့တာဖြစ်ပါတယ်။

ဆင်အမြွှာကလေး ၂ ကောင်ဟာ အရပ်အနည်းငယ် နိမ့်ပြီး နို့မမှီနိုင်ဖြစ်နေလို့ နို့စို့နိုင်ဖို့ ခုံကလေးပြုလုပ်ပေးထားပြီး မိခင်ဆင်မကြီးရဲ့ နို့တမျိုးထဲနဲ့ ဆင်ကလေးတွေ နို့မဝနိုင်လို့ နို့ဘူးနဲ့ပါ တိုက်ကျွေးပြုစုနေရတယ်လို့ သိရပါတယ်။

ဆင်မကြီးကိုလည်း အာဟာရ ပြည့်ဝပြီး နို့ထွက်ကောင်းစေဖို့ ဖြည့်စွက်စာတွေ ကျွေးမွေးပြုစုထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်က မွေးထားတဲ့ ဆင်အမြွှာကလေးတွေကို ဝင်္ဂဘော်ဆင်စခန်းမှာ လာရောက်အပန်းဖြေရင် လာရောက်ကြည့်ရှုနိုင်တယ်လို့ သိရပါတယ်။

ဆင်အမြွှာကလေး မွေးဖွားမှုဟာ ဝင်္ဂဘော်ဆင်စခန်းမှာ ပထမဆုံးကြိမ် ဖြစ်ပြီ မြန်မာနိုင်ငံမှာတော့ ၁၁ ကြိမ်ခန့် ရှိပြီးလို့ ဆင်ထိန်းသိမ်းရေးသမားတွေက ပြောပါတယ်။

Click to comment

သတင်း

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်မြို့နယ်အတွင်းရှိ ရေနံမြေနဲ့ ရေနံသယံဇာတတွေကို NUG အစိုးရနဲ့ မကွေးယူနစ်အစိုးရတို့ ပူးတွဲပြီး “မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက် ပစ္စည်းတွေ ဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့” ကို ဖွဲ့စည်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ဒီနေ့ ဧပြီလ ၃ ရက်မှာ NUG...