Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မှာ နွံကန်ပေါက်ကျလို့ လူ ၁၀ ဦးထက်မနည်း သေဆုံး

ကချင်ပြည်နယ်၊ ဖားကန်မြို့နယ်ထဲက စပေါ့ကျေးရွာမှာ ဒီနေ့ မနက်အစောပိုင်းမှာ နွံကန်ပေါက်ကျတာကြောင့် လူ ၁၀ ဦးကျော် သေဆုံးပြီး လူအများအပြား ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ နံနက်ပိုင်း ၁ နာရီဝန်းကျင်မှာ ဖားကန်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာအနီးက ကျောက်စိမ်းတွင်းဟောင်း တခုရဲ့ နွံကန်ဟာ ရုတ်တရုတ် ပေါက်ကျလာတာဖြစ်ပြီး ရွာထဲက အိမ်ခြေ ၅၀ ဝန်းကျင် နစ်မြှုပ်သွားတယ်လို့ သိရပါတယ်။

လတ်တလောမှာ ကလေးငယ် ၄ ဦးအပါအဝင် အလောင်း ၁၂ လောင်းကို ရှာဖွေတွေ့ရှိထားပြီး ပျောက်ဆုံးနေသူတွေက ၅၀ ထက်မနည်း ရှိနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်.

“ဒီနွံကန်အိုင်က တော်တော်လေးဆိုးနေတာ သိရက်နဲ့ဆက်ပြီး လာသွန်နေတာလေ။ အဲ့တော့ အောက်ကနေဖြေဖြေခြင်း ပေါက်ကျလာတာပါ။ သေဆုံးမှုတွေထဲမှာ ရှာဖို့က အများကြီးကျန်ပါသေးတယ်”ဟု ဒေသခံတဦးက ပြောပါတယ်။

၂၀၂၃ ခုနှစ် ဇွန်လမှာလည်း ဖားကန့်မြို့နယ် အေးမြသာယာအုပ်စု မနမှော်ထဲက ကျောက်စိမ်းလုပ်ကွက်ဟောင်းမှာ မြေပြိုမှုဖြစ်ပွားလို့ ရေမဆေးရှာဖွေသူ ၃၀ ကျော် သေဆုံးခဲ့ပါတယ်။

ဓါတ်ပုံများ – CJ

Click to comment

သတင်း

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်မြို့နယ်အတွင်းရှိ ရေနံမြေနဲ့ ရေနံသယံဇာတတွေကို NUG အစိုးရနဲ့ မကွေးယူနစ်အစိုးရတို့ ပူးတွဲပြီး “မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက် ပစ္စည်းတွေ ဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့” ကို ဖွဲ့စည်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ဒီနေ့ ဧပြီလ ၃ ရက်မှာ NUG...