Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်က သစ်တောကြိုးဝိုင်းတွေထဲ သစ်ထုတ်ခြင်း၊ တောင်ယာခုတ်ခြင်းနဲ့ ဥယျာဉ်ခြံ မလုပ်ဖို့ တားမြစ်

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်က သစ်တောကြိုးဝိုင်းအတွင်း သစ်ထုတ်လုပ်ခြင်း၊ နေအိမ်ဆောက်ခြင်း၊ တောင်ယာခုတ်ခြင်းနဲ့ ဥယျာဉ်ခြံတွေ မပြုလုပ်ဖို့ မင်တပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တားမြစ်လိုက်ပါတယ်။

မင်းတပ်မြို့နယ်အတွင်း နေထိုင်ကြတဲ့ အများပြည်သူတွေအနေနဲ့ အုပ်ချုပ်ရေးအဆင့်ဆင့်ရဲ့ ခွင့်ပြုချက် မရှိဘဲ ကျေးရွာတွေမျာ နေအိမ်သစ် ဆောက်လုပ်ဖို့ သစ်ထုတ်လုပ်ခြင်း၊ နေအိမ်သစ် ဆောက်လုပ်ခြင်းတို့ မပြုလုပ်ရဘူးလို့လည်း မင်းတပ် ပအဖရဲ့ မတ်လ ၃၀ ရက်က အမိန့်ကြေညာစာမှာ ဖော်ပြထားပါတယ်။

မင်းတပ်မြို့ပေါ်က နေအိမ်တွေ ထိခိုက်၊ မီးလောင်ပျက်စီးတဲ့ ပြည်သူတွေအနေနဲ့ နေအိမ်ဆောက်လုပ်ဖို့အတွက် အုပ်ချုပ်ရေးအဆင့်ဆင့်ရဲ့ ထောက်ခံချက်နဲ့ ပျဉ်၊ အခြားအိမ်ဆောက်ပစ္စည်းတွေ သယ်ယူပြီး နေအိမ်ဆောက်လုပ်ခွင့်ကို တင်ပြကြရမယ်လို့ ဆိုပါတယ်။

မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ခွင့်ပြုချက် မရှိဘဲ ကျေးရွာပြောင်းရွေ့ခြင်း၊ ကျေးရွာသစ် တည်ထောင်ခြင်း မပြုကြဖို့လည်း သတိပေးထားပါတယ်။

မြိနယ်ပအဖရဲ့ ခွင့်ပြုချက် မရှိဘဲ ဌာနဆိုင်ရာ မြေနေရာတွေမှာ ကျူးကျော်နေအိမ် ဆောက်လုပ်ခြင်း၊ အစိုးရအဆောက်အအုံးတွေနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းအိမ်ယာတွေမှာ နေထိုင်ခြင်း မပြုဖို့နဲ့ ဌာနဆိုင်ရာ အဆောက်အအုံထဲ ဝင်ရောက်ပြီး ဌာနပိုင်ပစ္စည်းတွေ ခိုးယူခြင်း၊ စာရွက်စာတမ်းတွေ ဖျက်စီးခြင်း မပြုလုပ်ဖို့လည်း တားမြစ်ထားပါတယ်။

မင်းတပ်ပအဖက ဒီလိုထုတ်ပြန်ထားတဲ့ ကိစ္စရပ်တွေကို လိုက်နာဆောင်ရွက်ဖို့ ပျက်ကွယ်မယ်ဆိုရင် တည်ဆဲဥပဒေတွေအရ အရေးယူခြင်း ခံရမယ်လို့ ဆိုထားပါတယ်။

မင်းတပ်ချင်းတော်လှန်ရေးအင်အားစုတွေဟာ မင်းတပ်မြို့ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက အပြီးသတ်သိမ်းယူပြီးနောက် ပြန်လည်ထူထောင်ရေးနဲ့ ပြန်လည်နေရာချထားရေး လုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Click to comment

သတင်း

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်မြို့နယ်အတွင်းရှိ ရေနံမြေနဲ့ ရေနံသယံဇာတတွေကို NUG အစိုးရနဲ့ မကွေးယူနစ်အစိုးရတို့ ပူးတွဲပြီး “မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက် ပစ္စည်းတွေ ဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့” ကို ဖွဲ့စည်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ဒီနေ့ ဧပြီလ ၃ ရက်မှာ NUG...