Connect with us

Hi, what are you looking for?

သတင်း

မန္တလေးတက္ကသိုလ် အပါအဝင် အဆောက်အအုံ ၁၀ လုံးကို ရှေးဟောင်းအဆောက်အအုံအဖြစ် သတ်မှတ်

ရန်ကုန်နဲ့ မန္တလေးမြို့ရှိ နှစ်ပေါင်း ၁၀၀ နဲ့အထက် သက်တမ်းရှိတဲ့ အဆောက်အအုံ ၁၀ လုံးကို ရှေးဟောင်း အဆောက်အအုံအဖြစ် သတ်မှတ်လိုက်ရာမှာ မန္တလေးတက္ကသိုလ်ရဲ့ အဆောက်အအုံ ၅ လုံးပါဝင်တယ်လို့ စစ်ကော်မရှင်ရဲ့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ရှေးဟောင်းအဆောက်အအုံအဖြစ် သတ်မှတ်ရာမှာ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်ထဲရှိ ၁၉၁၀ ပြည့်နှစ်က တည်ဆောက်တဲ့ နမူနာစံကျောင်း၊ ၁၈၅၃ ခုနှစ်က တည်ဆောက်တဲ့ ပါဠိတက္ကသိုလ်အောက်ကျောင်း (အလယ်တောရ စံပြစာသင်တိုက်)၊ ၁၉၁၄ ခုနှစ်က တည်ဆောက်တဲ့ သုဇိတာဝီသိမ်တော်၊ ၁၈၅၄ ခုနှစ်က တည်ဆောက်တဲ့ အလယ်တောရစံပြ စာသင်တိုက်နဲ့ ၂၀ ရာစုအစောပိုင်းက တည်ဆောက်တဲ့ အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်း (ဗဟန်း) တို့ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ရှေးဟောင်းအဆောက်အအုံ ၅ ခုဟာ ကိုလိုနီခေတ် မူလ လက်ရာအတိုင်း ကျန်ရှိနေတယ်လို့ အာဏာသိမ်း စစ်ကော်မရှင်၊ ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ ၂၀၂၅ နိုဝင်ဘာလ ၂၁ ရက်က သတ်မှတ်ချတဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်ရှိ ၁၉၂၄ ခုနှစ်မှာ တည်ဆောက်ခဲ့တဲ့ မန္တလေး တက္ကသိုလ်ရဲ့ ပင်မအဆောက်အအုံကြီး၊ နယ်မြေအင်ဂျင်နီယာရုံး၊ အနုပညာခန်းမ၊ လူထုစာအုပ်ဆိုင်နဲ့ ရတနာပုံအဆောက်တို့ကိုလည်း ရှေးဟောင်းအဆောက်အအုံအဖြစ် သတ်မှတ်တယ်လို့ သိရပါတယ်။

မန္တလေတက္ကသိုလ်ထဲရှိ အဆိုပါ အဆောက်အအုံတွေဟာ ကိုလိုနီခေတ်မူလလက်ရာအတိုင်း ကျန်ရှိတယ်လို့ သိရပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်မြို့နယ်အတွင်းရှိ ရေနံမြေနဲ့ ရေနံသယံဇာတတွေကို NUG အစိုးရနဲ့ မကွေးယူနစ်အစိုးရတို့ ပူးတွဲပြီး “မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက် ပစ္စည်းတွေ ဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့” ကို ဖွဲ့စည်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ဒီနေ့ ဧပြီလ ၃ ရက်မှာ NUG...