Connect with us

Hi, what are you looking for?

သတင်း

မိုးမိတ်မှာ နေရာ ၅ ခုကို ရွှေတူးဖော်မှုမှ ကာကွယ်နိုင်ဖို့ ကြိုးဝိုင်းတွေအဖြစ် TNLA တည်ထောင်

မိုးမိတ်မြို့နယ်အတွင်း တောင်ယာနဲ့ သစ်ခုတ်ခြင်း၊ တရားမဝင်ရွှေတူးဖော်ခြင်းတို့မှ ကာကွယ်နိုင်ရန်အတွက် ကန့်သတ်ကြိုးဝိုင်း ၅ ခုကို သတ်မှတ်အတည်ပြုလိုက်တယ်လို့ တအာင်းတပ် (PSLF/ TNLA) ထံမှ သိရပါတယ်။

ဖောင်းကတောကြိုးဝိုင်း(စီးပွားရေးသစ်ထုတ်ကြိုးဝိုင်း)ကို ၃၃၉၄၇ ဧက၊ ရွေဥဒေါင်းကြိုးဝိုင်း (သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးစိတ်များထိန်းသိမ်းကာကွယ်ရေးကြိုးဝိုင်း) ကို ၂၉၁၄၁ ဧက၊ ယင်းမာကြိုးဝိုင်း (စီးပွာရေးသစ်ထုတ်ကြိုးဝိုင်း) ကို ၅၂၈၈၆ ဧကနဲ့ မာန်ဟီတောင်ကြိုးဝိုင်း (စီးပွားဖြစ်သစ်ထုတ်ရေးကြိုးဝိုင်း) ကို ၅၈၈၅၈ ဧက စတဲ့ အကျယ်အဝန်းတွေနဲ့ ဖေဖော်ဝါရီလထဲမှာ အတည်ပြု သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။

ကြိုးဝိုင်းတွေ ကန့်သတ်ရခြင်းဟာ ကျူးကျော်ယာခင်းတွေ ပြုလုပ်ခြင်း၊ တောင်ယာ ချဲ့ထွင်ခြင်း၊ အဖိုးတန်သစ်ပင်တွေ ခုတ်ခြင်း၊ တရားမဝင် သစ်ခိုးထုတ်ခြင်းနဲ့ တရားမဝင် ရွှေတူးဖော်ခြင်းတို့ကို ကာကွယ်ဖို့ ဖြစ်တယ်လို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/ TNLA ရဲ့ မြေယာနဲ့ သစ်တောထိန်းသိမ်းကာကွယ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။

ကန့်သတ်ကြိုးဝိုင်တွေနဲ့ ပတ်သက်လို့ ပြည်သူလူထုထံ တွေ့ဆုံဆွေးနွေးခြင်း လုပ်ငန်းတွေနဲ့ သတ်မှတ်ဧရိယာတွေမှာ ဆိုင်းဘုတ်တွေ လိုက်လံရိုက်ကပ်ပေးခြင်းတို့ ပြုလုပ်တယ်လို့ သိရပါတယ်။

မိုးမိတ်မြို့နယ်ဟာ အာဏာမသိမ်းမီက ရှမ်းပြည်နယ် အနောက်မြောက်ပိုင်းထဲက ဒေသအဖြစ် သတ်မှတ်ထားကြပေမယ့် ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းမှာ PSLF/ TNLA က တအာင်းပြည်၊ တပ်မဟာ ၃ နယ်မြေ အဖြစ် သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

ဓါတ်ပုံ- TNLA

Click to comment

သတင်း

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်မြို့နယ်အတွင်းရှိ ရေနံမြေနဲ့ ရေနံသယံဇာတတွေကို NUG အစိုးရနဲ့ မကွေးယူနစ်အစိုးရတို့ ပူးတွဲပြီး “မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက် ပစ္စည်းတွေ ဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့” ကို ဖွဲ့စည်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ဒီနေ့ ဧပြီလ ၃ ရက်မှာ NUG...