Connect with us

Hi, what are you looking for?

သတင်း

မြန်မာမှာ အူကြီးနဲ့ ငါးဘဲလိပ်မျိုးစုနဲ့ ပသိကို အလွန်အကျွံ ဖမ်းဆီးမှု များနေ

မြန်မာနိုင်ငံမှာ အူကြီးနဲ့ ငါးဘဲလိပ်မျိုးစု အသားနဲ့ ပသိမျိုးစိတ်တို့ကို ဖမ်းဆီးစားသုံးမှု၊ တင်ပို့မှု အလွန်များပြားလို့ ထိန်းသိမ်းကာကွယ်ရေး ဆောင်ရွက်ဖို့ ဦးစားပေး ၅ နိုင်ငံထဲမှာ အဆင့် ၁ သတ်မှတ်ခံထားရတယ်လို့ မြန်မာ့ပင်လယ်ထိန်းသိမ်းရေးအဖွဲ့ထံမှ သိရပါတယ်။

ဒီဇင်ဘာလ ၁၆ ရက်က Manta Trust မှ ထုတ်ဝေလိုက်တဲ့ “ကမ္ဘာလုံးဆိုင်ရာ အူကြီး(manta ray)နဲ့ ငါးဘဲလိပ်မျိုးစုဝင် (devil ray)တို့ရဲ့ ပသိ/ပါးဟက်(gill plate)နဲ့ အသားရောင်းဝယ်မှုဆန်းစစ်ချက်” စာတမ်းကို ကိုးကားပြီး ထုတ်ပြန်တာဖြစ်ပါတယ်။

အဲဒီစာတမ်းဟာ နိုင်ငံပေါင်း(၇၅)နိုင်ငံက manta ray ၊ devil ray ပသိနဲ့ အသားရောင်းဝယ်မှု အခြေအနေကို စုစည်းလေ့လာတင်ပြထားတဲ့ စာတမ်းဖြစ်ပါတယ်။

“မြန်မာနိုင်ငံမှာ အူကြီးနဲ့ ငါးဘဲလိပ်မျိုးစု (manta and devil rays) အသား နဲ့ ပသိ(gill plate)တို့ကို ပြည်တွင်း စားသုံးမှုနဲ့ ပြည်ပတင်ပို့မှ အလွန်များပြားခြင်းကြောင့် ထိန်းသိမ်းကာကွယ်ရေးဆောင်ရွက်ဖို့ အဓိကဦးစားပေး(၅)နိုင်ငံ အနက် အဆင့်(၁) အဖြစ် သတ်မှတ်ခံထားရတယ်”လို့ စာတမ်းမှာ ဖော်ပြထားတဲ့အကြောင်း သိရပါတယ်။

ကျန် ၄ နိုင်ငံမှာ သီရိလင်္ကာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နဲ့ အင်ဒိုနီးရှားနိုင်ငံတို့ ဖြစ်ပါတယ်။

အဲဒီ စာတမ်းကို မြန်မာ့ပင်လယ်ထိန်းသိမ်းရေးအဖွဲ့ (Myanmar Ocean Project) က ပူးတွဲရေးသားသူအနေနဲ့ ပါဝင်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ အူကြီးနဲ့ ငါးဘဲလိပ်မျိုး ပသိနဲ့ အသားရောင်းချမှု၊ စားသုံးမှုအခြေအနေတွေကို တင်ပြထားတယ်လို့ သိရပါတယ်။

မြန်မာမှာ ငါးဘဲလိပ်မျိုးစိတ် (၅) မျိုးကို တွေ့နိုင်ပြီး အဲဒီထဲမှာ giant oceanic manta rays (Mobula birostris) တွေနဲ့ devil rays တွေဖြစ်တဲ့ Mobula tarapacana, Mobula mobular, Mobula thurstoni, Mobula kuhlii တို့ ပါဝင်နေတယ်လို့ သိရပါတယ်။

မြန်မာဘာသာမှာ မျိုးစိတ်တစ်ခုချင်းစီကို သီးသန့်ပေးထားတဲ့ နာမည်တွေ မရှိသေးပေမယ့် ဒေသခံတွေက mobula ray species တွေကို ငါးလိပ်ကျောက်ကြီး၊ ငါးဘဲလိပ်၊ ငါးလိပ်စွန်၊ အူကြီး၊ ငါးအူညင်း၊ လင်းပြန်၊ ဂွ စသဖြင့် အမျိုးမျိုးခေါ်ကြပါတယ်။

Giant manta rayတွေကို ငါးလိပ်စွန်၊ အူကြီး၊ ငါးအူညင်း စတဲ့ နာမည်တွေကို အသုံးများကြပါတယ်လို့ မြန်မာ့ပင်လယ်ထိန်းသိမ်းရေးအဖွဲ့ထံမှ သိရပါတယ်။

ဓါတ်ပုံများ – မြန်မာ့ပင်လယ်ထိန်းသိမ်းရေးအဖွဲ့

Click to comment

သတင်း

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်မြို့နယ်အတွင်းရှိ ရေနံမြေနဲ့ ရေနံသယံဇာတတွေကို NUG အစိုးရနဲ့ မကွေးယူနစ်အစိုးရတို့ ပူးတွဲပြီး “မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက် ပစ္စည်းတွေ ဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့” ကို ဖွဲ့စည်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ဒီနေ့ ဧပြီလ ၃ ရက်မှာ NUG...