Connect with us

Hi, what are you looking for?

သတင်း

မြိုင်နဲ့ပေါက်အစပ်က ရေနံမှော်အပါအဝင် နေရာ ၈ ခု ဗုံးကြဲခံရ

မကွေးတိုင်း၊ မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အစပ်တွေက လက်ပံတိုရေနံမှော်အပါအဝင် နေရာ ၈ ခုကို ဒီကနေ့ မနက်ပိုင်းက စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံပြည်သူ ၁၂ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိတယ်လို့ သိရပါတယ်။

မတ်လ ၃ ရက် နံနက်အစောပိုင်း ၁ နာရီမှ စတင်ပြီး စစ်ကောင်စီဟာ Y-12 လေယာဉ်နဲ့ ဂျက်ဖိုက်တာအသုံးပြုကာ မြိုင်မြို့နယ်၊ ဆိတ်ချေးရွာကို ၁ ကြိမ်၊ ဂျုတ်ကုန်းရွာအနီးကို ၁ ကြိမ်၊ ဘောင်ဘင်ရွာကို ၂ကြိမ်၊ ညောင်ကုန်းရွာ ဘုန်ကြီးကျောင်းကို ၁ကြိမ်၊ ဆူးဝင်ရွာအနီးကို ၁ကြိမ်၊ တောရွာအနီးကို ၁ ကြိမ် ဗုံးကြဲတိုက်ခိုက်တယ်လို့ အညာမြေတပ်ပေါင်းစုက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

အဲဒီနောက် ပေါက်မြို့နယ်ထဲက လက်ပံတိုရွာအနီး ၁ ကြိမ်၊ သရက်ကန်ရွာအနီး တကြိမ်တို့ကို ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေဟာ ရွာတွေထက် ရေနံမှော်တွေကို အဓိကထား ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခြင်းဖြစ်ပြီး သေဆုံးသူအများစုဟာ ရေနံလုပ်သားတွေဖြစ်ကာ ထိခိုက်ဒဏ်ရာ ရရှိသူ ၃၀ ဝန်းကျင်ရှိတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

အိမ်မွေးတိရစ္ဆာန်တွေလည်း သေကြေပျက်စီးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ နံနက် ၆ နာရီခန့်က ဆိပ်ဖြူကပစက အင်ဂျင်တပ်လေထီး ၂ စီးနဲ့ မြို့နယ် အနောက်တောင်ပိုင်းကို ကင်းထောက်မှုတွေ ပြုလုပ်ခဲ့လို့ ဒေသခံပြည်သူတွေ အထိန့်တလန် ဖြစ်နေကြတယ်လို့ သိရပါတယ်။

ဓါတ်ပုံများ – အညာမြေတပ်ပေါင်းစု

Click to comment

သတင်း

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်မြို့နယ်အတွင်းရှိ ရေနံမြေနဲ့ ရေနံသယံဇာတတွေကို NUG အစိုးရနဲ့ မကွေးယူနစ်အစိုးရတို့ ပူးတွဲပြီး “မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက် ပစ္စည်းတွေ ဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့” ကို ဖွဲ့စည်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ဒီနေ့ ဧပြီလ ၃ ရက်မှာ NUG...