Connect with us

Hi, what are you looking for?

သတင်း

ရှားပါးတိရစ္ဆာန်တွေကို ဖမ်းဆီးသတ်ဖြတ်ရောင်းချပါက အရေးယူမယ်လို့ PSLF/TNLA ထုတ်ပြန်

တအာင်းပြည်အတွင်း ထိန်းသိမ်းကာကွယ်ထားတဲ့ ရှားပါးတိရစ္ဆာန်တွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ ရောင်းချတာနဲ့ စားသောက်မှုတွေ ပြုလုပ်ပါက ထောင်ဒဏ်နဲ့ ငွေဒဏ်တွေ ချမှတ် အရေးယူခံရနိုင်ကြောင်း PSLF/TNLA က သတင်းထုတ်ပြန်ပါတယ်။

ဆင်၊ ကျား၊ ကျားသစ်၊ တောကျွဲ နဲ့ တောနွားတွေကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ရောင်းချခြင်းတို့ ပြုလုပ်ပါက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ရှားပါး တိရစ္ဆန်များ ထိန်းသိမ်းကာကွယ်ခြင်းဆိုင်ရာ အမိန့်စာအမှတ် ၁/၂၀၂၁၄ အရ အရေးယူခံရမယ်လို့ PSLF/TNLA ရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနက မေလထဲမှာ ထုတ်ပြန်ပါတယ်။

ဆင်တွေကို ဖမ်းဆီးသတ်ဖြတ် ရောင်းချပါက ထောင်ဒဏ် ၂လဖြစ်ဖြစ်၊ ငွေဒဏ် ကျပ်သိန်းတစ်ရာ ဖြစ်စေ သို့မဟုတ် ဒဏ်နှစ်ရပ်လုံးဖြစ်စေ အရေးယူခံရနိုင်ပါတယ်။

ကျားတွေကို ဖမ်းဆီးသတ်ဖြတ် ရောင်းချပါက ထောင်ဒဏ် ၁လဖြစ်ဖြစ်၊ ငွေဒဏ် ကျပ်သိန်း ၇၀ ဖြစ်စေ သို့မဟုတ် ဒဏ်နှစ်ရပ်လုံးဖြစ်စေ အရေးယူခံရနိုင်ပါတယ်။

ကျားသစ်တွေကို ဖမ်းဆီးသတ်ဖြတ် ရောင်းချပါက ထောင်ဒဏ် ၁လဖြစ်ဖြစ်၊ ငွေဒဏ် ကျပ်သိန်း ၅၀ ဖြစ်စေ သို့မဟုတ် ဒဏ်နှစ်ရပ်လုံးဖြစ်စေ အရေးယူခံရနိုင်ပါတယ်။

တောကျွဲနဲ့ တောနွားတွေကို ဖမ်းဆီးသတ်ဖြတ် ရောင်းချပါက ထောင်ဒဏ် ၁လဖြစ်ဖြစ်၊ ငွေဒဏ် ကျပ်သိန်း ၃၀ ဖြစ်စေ သို့မဟုတ် ဒဏ်နှစ်ရပ်လုံးဖြစ်စေ အရေးယူခံရနိုင်ပါတယ်။

Photo – WWF- Myanmar

Click to comment

သတင်း

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်မြို့နယ်အတွင်းရှိ ရေနံမြေနဲ့ ရေနံသယံဇာတတွေကို NUG အစိုးရနဲ့ မကွေးယူနစ်အစိုးရတို့ ပူးတွဲပြီး “မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက် ပစ္စည်းတွေ ဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့” ကို ဖွဲ့စည်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ဒီနေ့ ဧပြီလ ၃ ရက်မှာ NUG...