Connect with us

Hi, what are you looking for?

သတင်း

ရှေးဟောင်းသမိုင်းဝင် မယ်နုအုတ်ကျောင်းနဲ့ လေးထပ်ကျောင်းတို့ ပြိုကျပျက်စီး

မန္တလေးမြို့တောင်ဘက် အင်ဝမြို့ရှိ ရှေးဟောင်းသမိုင်းဝင် မယ်နုအုတ်ကျောင်းနှင့် လေးထပ်ကျောင်းတို့ ပြိုကျပျက်စီးသွားတယ်လို့ သိရပါတယ်။

ဒီနေ့ မတ်လ ၂၈ ရက် မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့ရဲ့ အရှေ့မြောက်ဘက် ၂၀ ကီလိုမီတာခန့်အကွာကို ဗဟိုပြု လှုပ်ခတ်သွားတဲ့ ရစ်တာစကေး ၇.၇ အဆင့်ရှိတဲ့ အင်အားအလွန်ပြင်းထန်တဲ့ မြေငလျင် လှုပ်ခတ်ခဲ့ပြီး နောက်ဆက်တွဲ ငလျင် ၃ ခုလည်း ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရန်ကုန် တိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော် ၊ ကယား အပါအဝင် နေရာအနှံ့မှ မြို့ကြီးတွေမှာ ပြင်းထန်စွာ ငလျင် လှုပ် ခတ်ခဲ့ပြီး ဘုရားပုထိုးတွေ၊ ဘာသာရေးအဆောက်အဦများတွေ၊ နေအိမ်အဆောက်အအုံတွေ၊ အစိုးရရုံးဌာန အဆောက်အဦးတွေ၊ လမ်းတံတားတွေတွေ ပြိုကျပျက်စီးခဲ့ပြီး ပြည်သူအများအပြား ထိခိုက်သေဆုံးမှု၊ ဒဏ်ရာ ရရှိမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသနဲ့ နေပြည်တော် ကောင်စီနယ်မြေတို့ကို စစ်ကောင်စီက အရေးပေါ် အခြေအနေအဖြစ် သတ်မှတ်လိုက်တယ်လို့ ကြေညာထားပါတယ်။

Click to comment

သတင်း

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်မြို့နယ်အတွင်းရှိ ရေနံမြေနဲ့ ရေနံသယံဇာတတွေကို NUG အစိုးရနဲ့ မကွေးယူနစ်အစိုးရတို့ ပူးတွဲပြီး “မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက် ပစ္စည်းတွေ ဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့” ကို ဖွဲ့စည်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ဒီနေ့ ဧပြီလ ၃ ရက်မှာ NUG...