Connect with us

Hi, what are you looking for?

သတင်း

အင်းလေးကန်မှာ အာရှရေပျော်ငှက်မျိုးစိတ် ၄၀ ကျော်နဲ့ အကောင်ရေ ၁၄၀၀၀ နီးပါး တွေ့ရှိ

အင်းလေးကန် သဘာဝထိန်းသိမ်းရေး နယ်မြေအတွင်းနဲ့ ဆက်စပ်ဒေသတွေမှာ ဒီနှစ် ဇန်နဝါရီလက အာရှရေပျော်ငှက်စာရင်း ကောက်ယူခဲ့ပြီး ရေပျော်ငှက်မျိုးစိတ် ၄၂ မျိုးနဲ့ ကောင်ရေ ၁၃၉၈၀ ကောင်ကို တွေ့ရှိရတယ်လို့ သိရပါတယ်။

အင်းလေးကန်သဘာဝနယ်မြေနဲ့ ဆက်စပ်ဒေသဖြစ်တဲ့ စံကားအင်းနဲ့ ဖယ်ခုံအင်းဒေသတွေမှာ စာရင်းကောက်ယူနိုင်မယ်ဆိုရင် မျိုးစိတ်နဲ့ ကောင်ရေ တိုးမြှင်လာနိုင်တယ်လို့ စစ်ကောင်စီလက်အောက်ခံ သစ်တောဌာနက ဖေဖော်ဝါရီလ ၂ ရက်က ထုတ်ပြန်ပါတယ်။

ယမန်နှစ် ၂၀၂၄ ခုနှစ် ဇန်နဝါရီလက ရေပျော်ငှက်မျိုးစိတ်စာရင်းကောက်ယူရာမှာ ငှက်မျိုးစိတ် ၄၈ မျိုးနဲ့ ကောင်ရေ ၁၁၄၅၈ ကောင်ရေကို ဆန်းစစ်တွေ့ရှိရတယ်လို့ သစ်တောဌာနက ဆိုပါတယ်။

အောက်တိုဘာလမှ ဧပြီလအထိ အင်းလေးကန်ဒေသမှာ ပြောင်းရွေ့ကျက်စားလေ့ရှိတဲ့ ရေပျော်ငှက်မျိုးစိတ် ၁၀၂ မျိုးထဲမှာ ဆောင်းခိုငှက်မျိုးစိတ် ၄၁ မျိုးနဲ့ သစ်တောဆောင်းခိုငှက် ၁၂ မျိုးတို့ကိုလည်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။

သစ်တောဆောင်းခိုငှက်တွေထဲ ကမ္ဘာလုံးဆိုင်ရာ မျိုးသုဉ်းမှုအန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ မျိုးစိတ်ဖြစ်တဲ့ စာဝါကြား (Yellow-breasted bunting) ကောင်ရေ ၅၀၀ ကျော်နဲ့ ကျေးငှက်မျိုးစိတ် (Grey-headed Parakeet ) ကောင်ရေ ၁၀၀ ခန့်တို့ အင်းလေးကန်သဘာဝနယ်မြေမှာ လာရောက်ကျက်စားတယ်လို့ သိရပါတယ်။

ရေပျော် ဆောင်းခိုငှက်တွေထဲ မျိုးသုဉ်းမှုအန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ မျိုးစိတ်တွေဖြစ်တဲ့ ပို့ချပ်ဘဲ ခေါင်းစိမ်း၊ မျိုးသုဉ်းမှု အန္တရာယ်ကျရောက်နိုင်တဲ့ မျိုးစိတ်ဖြစ်တဲ့ ကြိုးကြာ ခေါင်းနီ၊ အမောက်ပါ တစ်တီတူးနဲ့ မျိုးသုဉ်းရန်အန္တရာယ် ကျရောက်လုနီးပါး မျိုးစိတ်ဖြစ်တဲ့ Ferruginous Duck၊ Black-headed Ibis တို့ကိုလည့်း တွေ့ရှိရတယ်လို့ သိရပါတယ်။

အချို့ရေပျော်ငှက်တွေက သားပေါက်ပွားပြီး မျိုးပွားလျက်ရှိနေတာကိုလည်း တွေ့ရှိနေရတယ်လို့ ဆိုပါတယ်။

ဒီနှစ် ဇန်နဝါရီလအတွင်း မိုင်းသောက်ငှက်စားကျက်မှာ ခရုတုပ်ငှက် (Asian Openbill) တွေ ကောင်ရေ ၂၀၀၀ ဝန်းကျင်ခန့် ကျက်စားနေပြီး အသိုက်တွေမှာ သားပေါက်ကလေးတွေကို တွေ့ရှိရတယ်လို့ သိရပါတယ်။

ဓါတ်ပုံများ – သစ်တောဌာန

Click to comment

သတင်း

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်မြို့နယ်အတွင်းရှိ ရေနံမြေနဲ့ ရေနံသယံဇာတတွေကို NUG အစိုးရနဲ့ မကွေးယူနစ်အစိုးရတို့ ပူးတွဲပြီး “မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက် ပစ္စည်းတွေ ဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့” ကို ဖွဲ့စည်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ဒီနေ့ ဧပြီလ ၃ ရက်မှာ NUG...