Connect with us

Hi, what are you looking for?

သတင်း

ဧရာဝတီက ဒေသခံထိန်းသိမ်းရေး ဧရိယာမှာ လစဉ်ငှက်စာရင်းကောက်ယူရာ ငှက်မျိုးစိတ် ၇၀ ကျော် တွေ့ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ ကျုံကပြင်ကျေးရွာအုပ်စုထဲက ကျုံကပြင်- တက်ဆိပ် ဒေသခံ သားငှက်ထိန်းသိမ်းရေး ဧရိယာ – KTCG ထဲ ဇန်နဝါရီလအတွက် လစဉ်ငှက်စာရင်းကောက်ယူတာမှာ ငှက်မျိုးစိတ်ပေါင်း ၇၀ ကျော် တွေ့ရှိတယ်လို့ သိရပါတယ်။

ငှက်မျိုးစိတ်စာရင်းကောက်ယူရာမှာ အဓိက တွေ့ရှိရတဲ့ ငှက်တွေက ရေငှက်နဲ့ ကုန်းငှက်တွေ ဖြစ်တယ်လို့ တက်ဆိပ် ဒေသခံ သားငှက်ထိန်းသိမ်းရေး ဧရိယာ – KTCG က အသိပေးထုတ်ပြန်ထားပါတယ်။

လစဉ်ငှက်စာရင်းကောက်ယူခြင်း လုပ်ငန်းတွေကို တလကို ၄ ကြိမ် ပြုလုပ်ပြီး ဒုတိယအကြိမ် ငှက်စာရင်းကောက်ယူးခြင်းကို ဇန်နဝါရီလ ၁၆ ရက်က ပြုလုပ်တယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ရှားပါး ငှက်မျိုးစိတ်လည်း ဖြစ်သလို မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိတဲ့ မျိုးစိတ် – CR ဖြစ်တဲ့ စာဝါကျားငှက်တွေကို ဧရာဝတီတိုင်းထဲက ကျုံကပြင်- တက်ဆိပ် ဒေသခံ သားငှက်ထိန်းသိမ်းရေး ဧရိယာအတွင်း အကောင်ရေ ရာချီတွေ့ရှိရပြီး အကောင်ရေတိုးပွားလာနေတယ်လို့ KTCG အဖွဲ့က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က ထုတ်ပြန်ထားပါတယ်။

ကမ္ဘာ့ရှားပါး စာဝါကျားငှက်မျိုးစိတ်တွေနဲ့ အခြား ဇီဝမျိုးစုံမျိုးကွဲတွေကို လေ့လာရင်း အပန်းဖြေနိုင်ဖို့ ကျုံကပြင်-တက်ဆိပ် ဒေသခံသားငှက်ထိန်းသိမ်းရေး နယ်မြေသို့ လာရောက်လည်ပတ်ကြဖို့လည်း KTCG အဖွဲ့က ဖိတ်ခေါ်ထားပါတယ်။

Click to comment

သတင်း

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်မြို့နယ်အတွင်းရှိ ရေနံမြေနဲ့ ရေနံသယံဇာတတွေကို NUG အစိုးရနဲ့ မကွေးယူနစ်အစိုးရတို့ ပူးတွဲပြီး “မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက် ပစ္စည်းတွေ ဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့” ကို ဖွဲ့စည်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ဒီနေ့ ဧပြီလ ၃ ရက်မှာ NUG...