Connect with us

Hi, what are you looking for?

Your paragraph text - 1

သတင်း

ပလက်ဝမှာ သစ်နဲ့ သစ်တောထွက်ပစ္စည်းတွေ တရားမဝင် ထုတ်လုပ်ရောင်းဝယ်မှုကို သတင်းပေးဖို့ ULA/AA ကြေညာ

အာရက္ခတပ်တော် ULA/ AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ တရားမဝင် သစ်နဲ့ သစ်တောထွက်ပစ္စည်းတွေ ခိုးယူထုတ်လုပ်၊ ရောင်းဝယ်ခြင်းတို့ကို ဖမ်းဆီး အရေးယူနိုင်ရေးအတွက် ဒေသခံပြည်သူတွေအနေနဲ့ သိရှိပါက သတင်းပေးပို့ကြဖို့ အသိပေးကြေညာနေပါတယ်။

ပလက်ဝမြို့နယ်က နေရာတချို့မှာ ဆက်သွယ်ရန် Online Phone နံပါတ်တွေကို အသိပေးကြေညာခြင်းဆိုပြီး ULA/AA၊ အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရ၊ ပလက်ဝမြို့၊ သစ်တောနဲ့ သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲရေးဌာနက ဆိုင်းဘုတ်တွေ စိုက်ထူး ထုတ်ပြန်ပါတယ်။

တရားမဝင်သစ်ခိုးထုတ်မှု ပပျောက်ရေးနဲ့ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် ဒေသခံပြည်သူတွေ၊ တာဝန်သိပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတဲ့အတွက် တရားမဝင် သစ်နဲ့ သစ်တောထွက်ပစ္စည်းတွေ ခိုးယူ ထုတ်လုပ်၊ သယ်ဆောင်ရောင်းဝယ်ခြင်းကို သိရှိပါက ဆက်သွယ်၊ သတင်း ပေးပို့နိုင်တယ်လို့ ဆိုပါတယ်။

တရားမဝင် သစ်ခိုးယူ၊ ထုတ်လုပ်မှုကို နည်းလမ်းမျိုးစုံနဲ့ ရှာဖွေဖော်ထုတ်၊ ဖမ်းဆီးခြင်း ဆောင်ရွက်လျက်ရှိနေပေမယ့် တရားမဝင် သစ်ခိုးယူ ထုတ်လုပ်မှုက စဉ်ဆက်မပြတ် ဖြစ်ပွားလျက် ရှိတယ်လို့ ပလက်ဝမြို့၊ သစ်တောနဲ့ သဘာဝ ပတ်ဝန်းကျင် စီမံခန့်ခွဲရေးဌာနက အသိပေးပါတယ်။

ပလက်ဝမြို့နယ်ကို ULA/ AA က အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ယခင်မြို့နယ်အဆင့်မှ ခရိုင်အဆင့်သို့ ဖွဲ့စည်းပြီး ရခိုင်ပြည်နယ်ရဲ့ ၈ ခုမြောက် ခရိုင်းအဖြစ် သတ်မှတ်ကာ အုပ်ချုပ်ရေးနဲ့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေ  ဆောင်ရွက်နေတယ်လို့ ULA/AA ထံမှ သိရပါတယ်။

သတင်း

ကမ္ဘာ့အကြီးဆုံး ရေနံနဲ့ သဘာဝ ဓါတ်ငွေ့သိုက်တွေထဲက တစ်ခုအပါအဝင် ဖြစ်လာနိုင်တဲ့ တနင်္သာရီကမ်းလွန်က M-15 လုပ်ကွက်ကို ၂၀၂၆ နှစ်ကုန်ပိုင်းမှာ စတင်တူးဖော်ရေးလုပ်ငန်းတွေ ဆောင်ရွက်မယ်လို့ အာဏာသိမ်း အသွင်ပြောင်း စစ်အစိုးရက  ထုတ်ပြန်ပါတယ်။ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးမြတ်ကိုနဲ့ CFG Energy Pte., Ltd....