Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အရှေ့တောင်အာရှရဲ့ အကြီးဆုံး ဒိုင်နိုဆောကို ထိုင်းနိုင်ငံမှာ တူးဖော်တွေ့ရှိ

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း၊ ချိုယာဖွန် (Chaiyaphum) ဒေသမှာ ရှာဖွေတွေ့ရှိတဲ့ ကျောက်ဖြစ်ရုပ်ကြွင်း တွေမှတစ်ဆင့် အရှေ့တောင်အာရှရဲ့ အကြီးဆုံး ဒိုင်နိုဆောမျိုးစိတ်သစ် တစ်ခုကို ဖော်ထုတ်သတ်မှတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ယူကေနဲ့ ထိုင်းနိုင်ငံတို့က သုသေသနအဖွဲ့ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုက ထိုင်းနိုင်ငံ၊ အရှေ့မြောက်ပိုင်းရှိ ရေကန်တစ်ခုအနီးမှာ တွေ့ရှိရတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကနေ ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ပြီး နဂါးတိုက်တန် ချိုင်ယာဖူးမန်စစ် (Nagatitan chaiyaphumensis) လို့ အမည်ပေးထားကြောင်း သိရပါတယ်။

အဆိုပါ ဒိုင်နိုဆောဟာ အရှေ့တောင်အာရှမှာ အကြီးမားဆုံးအဖြစ် သတ်မှတ်နိုင်ပြီး ဒိုင်နိုဆောရဲ့ အရှည်မှာ ပေ ၉၀ (၂၇ မီတာ) နီးပါး ရှိနိုင်ကြောင်း၊ အဲဒီ ဒိုင်နိုဆောဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၁၃ သန်းခန့်က နေထိုင်ခဲ့ခြင်းဖြစ်နိုင်ပြီး ကိုယ်အလေးချိန် ၂၅ တန်မှ ၂၈ တန် ရှိနိုင်တယ်လို့ ပညာရှင်တွေက ခန့်မှန်းပါတယ်။

လည်ပင်းရှည် အပင်စားသတ္တဝါးမျိုးစိတ်ဝင် ဒိုင်နိုဆော ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ရှာဖွေတွေ့ရှိတဲ့ ဒိုင်နိုဆောကို နဂါးတိုက်တန် ချိုင်ယာဖူမန်းစစ် (Nagatitan chaiyaphumensis) လို့ အမည်ပေးရခြင်းမှာ နဂါး(Naga) ဟာ အရှေ့တောင်အာရှ ဒဏ္ဍာရီလာ မြွေနဂါးကို ရည်ညွှန်းပြီး တိုက်တန် (Titan) မှာ ဂရိဒဏ္ဍာရီလာ နတ်ဘုရားတွေကို ဆိုလိုကြောင်း သိရပါတယ်။

ချိုင်ယာဖွန်မန်းစစ် (chaiyaphumensis) မှာ ကျောက်ဖြစ်ရုပ်ကြွင်းတွေ ရှာဖွေတွေ့ရှိခဲ့တဲ့ ထိုင်းနိုင်ငံက ပြည်နယ် ချိုင်ယာဖူ မှ အဓိပ္ပါယ်ကောက်ယူထားခြင်းဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိဒိုင်နိုဆောဟာ ထိုင်းနိုင်ငံမှာ ရှာဖွေတွေ့ရှိပြီး အမည်ပေးနိုင်ခဲ့တဲ့ ၁၄ ကောင်မြောက် ဒိုင်နိုဆောဖြစ်ပြီး ထိုင်းနိုင်ငံဟာ ဒိုင်နိုဆော ကျောက်ဖြစ်ရုပ်ကြွင်း အမျိုးအစား စုံလင်ကာ ဒိုင်နိုဆော အကြွင်းအကျန်တွေ ရှာဖွေ တွေ့ရှိမှုက အာရှမှာ တတိယမြောက် အများဆုံး ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါဒိုင်နိုဆောမျိုးစိတ် ရှာဖွေ တွေ့ရှိမှု စာတမ်းကို လန်ဒန်တက္ကသိုလ်ကောလိပ် (UCL) မှ ထိုင်းနိုင်ငံသား ပါရဂူဘွဲ့သင်ကျောင်းသား Thitiwoot Sethapanichsakul က ဦးဆောင်ရေးသားခဲ့ခြင်းဖြစ်ပြီး Scientific Reports ဂျာနယ်မှာလည်း ရေးသားဖော်ပြထားတယ်လို့ သိရပါတယ်။

သတင်း

တအာင်းတပ် (PSLF/ TNLA) ထိန်းချုပ်ထားတဲ့ တအာင်းပြည်နယ်မြေအတွင်း၊ ကျေးရွာတွေနဲ့ အနီးပတ်ဝန်းကျင် တွေမှာ ကြက်၊ ဝက် အစရှိတဲ့ အိမ်မွေး တိရစ္ဆာန်တွေ အစုလိုက်အပြုံလိုက် ရုတ်တရက်သေဆုံးမှုတွေ ဖြစ်ပွားနေပါက အထူးသတိပြုကြဖို့ တအာင်းပြည် ကျန်းမာရေးကောင်စီ (THC)က အသိပေးထုတ်ပြန်ပါတယ်။ ဒီနေ့ မေလ ၁၉...