Connect with us

Hi, what are you looking for?

အယ်ဒီတာ့အာဘော်

လူထုအားနှင့်အတူ မျှော်မှန်း၍ Myanmar Nature ထံ ဆက်သွယ်၊ ပေးပို့နိုင်ပါပြီ

Myanmar Nature သတင်းဌာနထံသို့ နိုင်ငံတဝန်းတွင် ဖြစ်ပျက်နေသည့် သတင်း အချက်အလက်များ၊ အကြောင်းအချင်းများ၊ ဖုံးကွယ်ခြင်း ခံထားရသော ဖြစ်ရပ်များနှင့် အမှန်တရားများကို ဒေသခံလူထုအနေဖြင့် ပေးပို့နိုင်ပြီဟု ဤအယ်ဒီတာ့အာဘော်တွင် နှိုးဆော်လိုပါသည်။

ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်၊ ရာသီဥတုပြောင်းလဲမှု၊ ယဉ်ကျေးမှုနှင့် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်မှု စသည့် နယ်ပယ်တို့မှာ Myanmar Nature ၏ မူဝါဒများကို ဖော်ဆောင်ရာတွင် “လူထူနှင့်အတူ”၊ “လူထုအား” တို့ဖြင့် အများပြည်သူနှင့် အနီးကပ်ဆုံး တည်ရှိနိုင်ရန် “လမ်းဖွင့်” ဆောင်ရွက်မည်ဖြစ်၍ သတင်းအချက်အလက် ပေးပို့ရန် “ချန်နယ်” များကို ဤသို့ ကြေညာရခြင်းဖြစ်သည်။

တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုတည်းက ကျယ်ပြန်စွာ ဆောင်ရွက်နိုင်ရန် အကန့်အသတ် ရှိသည်ဟူ၍ ယုံကြည့်သည့်အတွက် ဒေသခံများ၊ အများပြည်သူများနှင့် လွယ်ကူလျင်မြန်စွာ၊ နီးကပ်စွာ၊ ယုံကြည်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန်၊ လူထုပါဝင်သည့် “လှုပ်ရှားမှု” ဖြစ်စေရန် အကောင်အထည်ဖော်ရခြင်းဖြစ်သည်။

ဤသို့ “လမ်းဖွင့်” မှုတွင် Myanmar Nature သည် ကောင်းသည့် အကြောင်းချင်းရာများ၊ မကောင်းသည့် အကြေားချင်းရာများ၊ ပုံသွင်းထားပြီး အကောင်းအဆိုး ရောနှောထားသည့် အကြောင်းချင်းရာများ၊ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ၏ ဝါဒဖြန့် (Propaganda) ပြုလုပ်ချင်မှုများကိုလည်း ရင်ဆိုင်ကြုံတွေ့ရမည်ဟူ၍ မျှော်လင့်ထားသည်။ ဧရာဝတီမြစ်ထဲ ရွှေကျင်သူများကဲ့သို့ အမှော်၊အမှိုက်များထဲက ရွှေစရွေများ ရရှိခြင်းအဖြစ် ၊ ဒေသခံလူထုထံမှလည်း တန်ဖိုးရှိသည် သတင်းအစအနများ ရရှိနိုင်မည်ဟု ယုံကြည်သည်။

Myanmar Nature အနေဖြင့် ရှင်းရှင်းလင်းလင်း အသိပေးလိုသည်မှာ မြန်မာလူထုအတွက် သတင်းအချက်အလက် တင်ပြခြင်း၊ အသိပညာပေးခြင်း၊ ဖျော်ဖြေခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်းများကို ဂျာနယ်လစ်ဇင်နှင့် ဂျနယ်လစ်ဇင်ကျင့်ဝက်ကို ကိုင်စွဲ၍သာ စီမံဆောင်ရွက်သွားမည်ဖြစ်သည်။

ဒေသခံအများပြည်သူများအနေဖြင့် သတင်းအချက်အလက်များ၊ ဖုံးကွယ်ခံထားရသော အကြောင်းချင်းရာများကို Myanmar Nature ထံသို့ ဘေးကင်း၍ ယုံကြည်မှု ရှိစွာ ပေးပို့နိုင်ရန် စီစဉ်ထားပါသည်။

editor@myanmarnature.com မှဖြစ်စေ၊ Myanamr Nature သတင်းဌာန ဖေ့ဘွတ်၏ Message Box မှ ဖြစ်စေ၊ Signal အကောင့်ဖြစ်သည့် editor_MN.06 မှဖြစ်စေ၊ @editor_mnm မှဖြစ်စေ ပေးပို့နိုင်ပါသည်။

နိုင်ငံ့သဘာဝသယံဇာတ အရင်းအမြစ်များကို ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု ကင်းမဲ့စွာ ကိုယ်ကျိုးစီးပွားအတွက် ထုတ်ယူသုံးစွဲနေသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းနှင့် ကုမ္ပဏီများ၏ မတရားသော လုပ်ရပ်များ၊ ဖြစ်စဉ်များကိုလည်း ဖွင့်ချ၊ တင်ပြနိုင်ရန် ပေးပို့နိုင်ပါသည်။

ဤချန်နယ်များသည် သတင်းအချက်အလက်များ ပေးပို့ရန်သာ မဟုတ်ပါ။ Myanmar Nature ၏ နယ်ပယ် ၄ ခုနှင့် သက်ဆိုင်သည့် ခံစားမှု၊ ခံယူချက်၊ အိုင်ဒီယာအသစ်၊ အတွေးအမြင်နှင့် ချစ်ခြင်းမေတ္တာအကြောင်းချင်းများကို လွတ်လပ်စွာ ရေးဖွဲ့ ၊ ပေးပို့နိုင်သော အယ်ဒီတာ့ထံ ပေးစာ/ ပြန်စာကဏ္ဍမှ “ချစ်သော … ဤရေမြေတောတောင်” ကဏ္ဍအတွက်လည်း ပို့နိုင်ပါသည်၊ “လူထုဟစ်တိုင်”ကဏ္ဍသို့လည်း ပေးပို့နိုင်ပါသည်ဟု ထပ်ဆင့် ရှင်းလင်းလိုပါသည်။

မြန်မာပြည်သူများအားလုံး ရန်သူမျိုးငါးမှ ကင်းဝေးပါစေကြောင်း တောင်းဆုပြုရင်း အယ်ဒီတာ့အာဘော်ကို နိဂုံးချုပ်လိုက်ရပါသည်။

သတင်း

ကော်သူးလေနယ်မြေ၊ မြိတ်- ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်၊ ပေါခလိုးမြစ်ဝှမ်ဒေသအတွင်းရှိ မြေဧက ၃သိန်းခွဲခန့်ကို ပေါခလိုးဌာနေလူမျိုးစုတို့ ထိန်းသိမ်းနယ်မြေအဖြစ် ဧပြီလ ၂၂ ရက်က တရားဝင်သတ်မှတ်ကာ တည်ထောင်နိုင်ပြီလို့ ဒီနေ့ ဧပြီလ ၂၇ ရက်မှာ ကြေညာပါတယ်။ “သဘာဝပတ်ဝန်းကျင်နဲ့ ကျနော်တို့ ခွဲလို့ မရဘူး။ သစ်တော၊...