Connect with us

Hi, what are you looking for?

သတင်း

ချင်းပြည်၊ ဘွေနူးမြစ်ထဲ ရှော့တိုက်ငါးဖမ်းသူ ၄ ဦးကို ကျပ် ၁၀ သိန်း ပြစ်ဒဏ်ချ

ချင်းပြည်နယ်၊ လောက်တူဒေသရှိ ဘွေနူးမြစ်ထဲမှာ လျှပ်စစ်ရှော့တိုက် ငါးဖမ်းဆီးသူ ၄ ဦးကို ဖမ်းဆီးပြီး ကျပ် ၁၀ သိန်း ပြစ်ဒဏ်ချမှတ် အရေးယူခဲ့တယ်လို့ လောက်တူဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကြေညာပါတယ်။

ဖေဖော်ဝါရီလ ၁၆ ရက်က ဘွေနူးမြစ်ထဲမှာ တားမြစ်ထားတဲ့ ဘက်ထရီးသုံး ဒိုင်နမိုတစ်စုံကို အသုံးပြုပြီး ရှော့တိုက် ငါးဖမ်းဆီးတဲ့ ဒေသခံ ၂ ဦးနဲ့ပါဝင်ပတ်သက်တဲ့ လူ ၂ ဦးတို့ကို မတ်လ ၂၄ ရက်က အခုနှစ်အတွက် ပထမအကြိမ် ပညာပေးအဖြစ် ငွေကျပ်သိန်း ၁၀ နဲ့ ပြစ်ဒဏ်ချ အရေးယူထားတယ်လို့ ဆိုပါတယ်။

ငါးဖမ်းဆီးရာမှာ အသုံးပြုတဲ့ ဒိင်နမိုတစ်စုံကို သိမ်းဆည်းထားပြီး ပြစ်ဒဏ် ချမှတ်ရာမှ ရရှိတဲ့ ငွေတွေကို လမ်းပြုပြင်ရေးမှာ ထည့်သွင်းအသုံးပြုသွားမယ်လို့ လောက်တူအုပ်ချုပ်ရေးအဖွဲ့က မတ်လ ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။

အခုတစ်ကြိမ် ပညာပေးအနေနဲ့ အရေးယူပြီးနောက် ထပ်မံ ကျူးလွန်သူ မည်သူမဆို ပိုမိုပြင်းထန်တဲ့ အရေးယူခြင်း ခံရမယ်လို့ အသိပေးထားပါတယ်။

လောက်တူဒေသမှာ ငါးဖမ်းခြင်းဆိုင်ရာ တားမြစ်ချက်တွေကို ထိရောက်စွာ ကြပ်မတ်ဆောင်ရွက်နိုင်ရေးအတွက် ကျူးလွန်သူတွေကို ဖော်ထုတ် သတင်းပေးခြင်းနဲ့ ပူးပေါင်းပါဝင်သူတွေကို ကျပ်ငွေ သုံးသိန်း ချီးမြှင့်သွားမယ်လို့ ဆိုပါတယ်။

လောက်တူဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (LRPA) / CDF – Lautu ဟာ ချင်းပြည်နယ်မှာ အာဏာသိမ်း စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်နေတဲ့ ချင်းကာကွယ်ရေး အင်အားစုတွေ စုပေါင်းဖွဲ့စည်းထားတဲ့ ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် ဖြစ်တယ်လို့ သိရပါတယ်။

ဓါတ်ပုံ – ဘွေနူးမြစ် / CJ

သတင်း

ကမ္ဘာ့အကြီးဆုံး ရေနံနဲ့ သဘာဝ ဓါတ်ငွေ့သိုက်တွေထဲက တစ်ခုအပါအဝင် ဖြစ်လာနိုင်တဲ့ တနင်္သာရီကမ်းလွန်က M-15 လုပ်ကွက်ကို ၂၀၂၆ နှစ်ကုန်ပိုင်းမှာ စတင်တူးဖော်ရေးလုပ်ငန်းတွေ ဆောင်ရွက်မယ်လို့ အာဏာသိမ်း အသွင်ပြောင်း စစ်အစိုးရက  ထုတ်ပြန်ပါတယ်။ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးမြတ်ကိုနဲ့ CFG Energy Pte., Ltd....