Connect with us

Hi, what are you looking for?

Myanmar Nature
Myanmar NatureMyanmar Nature

ရာသီဥတု

ငလျင်ကြောင့် မြို့နယ်ပေါင်း ၅၀ နီးပါးမှာ ထိခိုက်သေဆုံးမှုနဲ့ ပျက်စီးဆုံးရှုံးမှုရှိ

မတ်လ ၂၈ ရက်က ရစ်ချ်တာစကေး ၇.၇ အင်အားရှိတဲ့ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်မှုကြောင့် မြို့နယ်ပေါင်း ၄၇ မြို့မှာ ထိခိုက်သေဆုံးမှုနဲ့ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ NUG အစိုးရက ဆိုပါတယ်။

အဲဒီထဲမှာ မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်နဲ့ ရှမ်းပြည်နယ် ညောင်ရွှမြို့တွေမှာ လူသေဆုံးမှုနဲ့ ထိခိုက်ဆုံးရှုံးမှု အဆိုးဝါးဆုံး ကြုံတွေ့ခဲ့ရတယ်လို့ NUG အစိုးရက ဧပြီလ ၂ ရက် ထုတ်ပြန်ပါတယ်။

ငလျင်ကြောင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ နေပြည်တော်၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ကရင်နီပြည်နယ်တို့က ကလေးငယ်နဲ့ သက်ကြီးရွယ်အိုအပါအဝင် လူဦးရေ ၈.၈၆ သန်းကျော်ဟာ ထိခိုက်ခံစားခဲ့ရတယ်လို့ သိရပါတယ်။

ဒဏ်ရာရရှိတဲ့ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်၊ မသန်စွမ်းနဲ့ အထူးအကူအညီ စောင့်ရှောက်မှု လိုအပ်နေသူတွေကို ရွေ့လျားဆေးအဖွဲ့တွေနဲ့ လိုက်လံကုသပေးဖို့ လိုအပ်တယ်လို့ NUG အစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဆိုပါတယ်။

အညာဒေသက ငလျင်ဘေးဒဏ်သင့်ပြည်သူတွေဟာ နေ့အပူချိန် မြင့်မားခြင်း၊ ကောင်းမွန်စွာ အနားမယူနိုင်ခြင်း၊ အမိုးအကာ လုံလောက်မှု မရှိခြင်းတို့ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ သောက်သုံးရေးပြတ်တောက်ခြင်းနဲ့ ဘေးသင့်ပြည်သူတွေ ယာယီစုစည်းနေထိုင်တဲ့ နေရာတွေနဲ့ ဆေးရုံးတွေမှာ အိမ်သာနဲ့ အညစ်အကြေး စွန့်ပစ်ဖို့ နေရာတွေ လုံလောက်မှု မရှိခြင်းတို့ကြောင့် ကျန်းမာရေးဆိုင်ရာ ပြသနာတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ သိရပါတယ်။

ငလျင်ဘေးအပြင် မီးဘေးပါ ကြုံတွေ့နေရတဲ့ လူထုအတွက် ပြန်လည်နေရာချထားရေးနဲ့ ပြန်လည်တည်ဆောက်ရေး အစီအမံတွေ ထိရောက်စွာ ဆောင်ရွက်ပေးဖို့ အရေးကြီးပြီး အဲဒီအတွက် ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေရဲ့ ပံ့ပိုးကူညီတွေ များစွာ လိုအပ်တယ်လို့ သိရပါတယ်။

ဧပြီလ ၃ ရက် မြန်မာစံတော်ချိန် နံနက် ၈ နာရီအထိ ငလျင်ကြောင့် နိုင်ငံတဝန်း သေဆုံးသူ ၃၀၀၃ ဦး ၊ ဒဏ်ရာရရှိသူ ၄၅၂၁ ဦးနဲ့ ပျောက်ဆုံးသူ ၄၄၁ ဦးအထိ ရှိလာနေတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

Written By

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

Copyright © 2025 .Myanmar Nature