Connect with us

Hi, what are you looking for?

Your paragraph text - 1

သတင်း

ကလေးမြို့အနီးမှာ ၅.၂ အဆင့်နဲ့ အင်အားအသင့်အတင့်ရှိတဲ့ ငလျင် လှုပ်ခတ်

ဒီနေ့ မနက်ပိုင်းက စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့ရဲ့ အနောက်တောင်ဘက် ၃၅ ကီလိုမိတာအကွာ၊ ကလေးမြို့နဲ့ ၁၂ မိုင်ခန့်အကွာကို ဗဟိုပြုလို့ ရစ်ချတာစကေး ၅ အဆင့်ကျော်တဲ့ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင် တစ်ခု ထပ်မံလှုပ်ခတ်သွားတယ်လို့ သိရပါတယ်။

ဩဂုတ်လ ၂၂ ရက် နံနက် ၁၁ နာရီ ခွဲခန့်မှာ မော်လိုက်မြို့ရဲ့ တောင်- အနောက်တောင်ဘက် ၃၅ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀၃ ကီလိုမိတာကို ဗဟိုပြုလို့ ရစ်ခ်တာစကေး ၅.၆ အဆင့်နဲ့ အင်အား အတော်အတင့်ရှိတဲ့ ငလျင် လှုပ်ခတ်သွားမှုဖြစ်တယ်လို့ NUG အစိုးရ၊ လူသားစာနာမှုနဲ့ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

စစ်ကော်မရှင်လက်အောက်ခံ၊ မိုးဇလဌာနကတော့ ဒီနေ့ နံနက် ၁၁ နာရီ ၂၆ မိနစ်ခန့်မှာ ဟားခါးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် ၃၆ မိုင်ခန့်အကွာ (ကလေးမြို့ရဲ့ အနောက်တောင်ဘက် ၁၂ မိုင်ခန့်အကွာ)မှာ အနက် ၂၂ ကီလိုမီတာကို ဗဟိုပြုလို့ အင်အား ရစ်ခ်တာစကေး ၅.၂ အဆင့်နဲ့ အင်အား အသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မြန်မာ့ကမ်းရိုတန်းအနီးမှာလည်း ငလျင်ငယ်တွေ တောက်လျှောက် လှုပ်ခတ်နေတာကို အများပြည်သူတွေ သတိပြုကြဖို့လည်း NUG အစိုးရက နှိုးဆော်ထားပါတယ်။

ဩဂုတ်လ ၂၁ ရက် နံနက် ၉ နာရီခွဲခန့်ကလည်း ရန်ကုန်တိုင်း၊ သုံးခွဲမြို့ရဲ့ တောင်- အရှေ့တောင်ဘက် ၆၆ ကီလိုမိတာအကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာခန့်မှာ ရစ်ခ်တာစကေး ၄.၇ အဆင့်နဲ့ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခပ်ခဲ့တယ်လို့ NUG အစိုးရ၊ လူသားစာနာမှုနဲ့ ဘေးအန္တရာယ် စီမံခန့်ခွဲရေးဝန်ကြီးဌာနထံမှ သိရပါတယ်။

ဩဂုတ်လ ၂၀ ရက် ည ၁၀ နာရီခွဲခန့်မှာလည်း သုံးခွဲမြို့ရဲ့ အရှေ့တောင်ဘက် ၆၃ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုလို့ ရစ်ခ်တာစကေး ၄.၂ အဆင့်နဲ့ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး ည ၁၀ နာရီ ၄၉ မီနစ်ခန့်မှာလည်း သုံးခွဲမြို့ရဲ့ အရှေ့တောင်ဘက် ၆၈ ကီလိုမီတာအကွာမှာ ရစ်ခ်တာစကေး ၄.၁ အဆင့်နဲ့ ငလျင်တစ်ခု ထပ်မံ လှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ တောင်ဘက် ကမ်းရိုးတန်းအနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုလို့လည်း ရစ်ခ်တာစကေး ၅.၀ အဆင့်နဲ့ အင်အားအတော်အသင့်ရှိတဲ့ ငလျင်တစ်ခုဟာ ဩဂုတ်လ ၂၀ ရက် ည ၇ နာရီ ၁၆ မိနစ်ခန့်မှာ လှုပ်ခတ်ခဲ့ပါသေးတယ်။

ငလျင်ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုတွေ လျော့နည်းစေဖို့အတွက် ဆောင်ရန်၊ ရှောင်ရန် သတိပြုရန်တွေနဲ့အညီ နေထိုင်ကြဖို့ကိုလည်း NUG အစိုးရက သတိပေးထားပါတယ်။

ဓါတ်ပုံ – NUG ၊ မိုးဇလဌာန

6 Comments

သတင်း

ကမ္ဘာ့အကြီးဆုံး ရေနံနဲ့ သဘာဝ ဓါတ်ငွေ့သိုက်တွေထဲက တစ်ခုအပါအဝင် ဖြစ်လာနိုင်တဲ့ တနင်္သာရီကမ်းလွန်က M-15 လုပ်ကွက်ကို ၂၀၂၆ နှစ်ကုန်ပိုင်းမှာ စတင်တူးဖော်ရေးလုပ်ငန်းတွေ ဆောင်ရွက်မယ်လို့ အာဏာသိမ်း အသွင်ပြောင်း စစ်အစိုးရက  ထုတ်ပြန်ပါတယ်။ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးမြတ်ကိုနဲ့ CFG Energy Pte., Ltd....