Connect with us

Hi, what are you looking for?

Myanmar Nature
Myanmar NatureMyanmar Nature

ရာသီဥတု

ပြင်းအားမြင့်ငလျင်ကြောင့် နိုင်ငံတဝန်း သေဆုံးသူ ၁၀၀၀ ကျော်အထိ မြင့်တက်လာ

မနေ့က မန္တလေးမြို့ကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ရစ်တာစကေး ၇.၇ အဆင့်ရှိတဲ့ ပြင်အားမြင့်ငလျင်ကြောင့် မြန်မာတနိုင်ငံလုံးမှာ သေဆုံးသူ ၁၀၀၂ ဦးအထိ ရှိလာနေတယ်လို့ မတ်လ ၂၉ ရက် နံနက် ၁၁ နာရီခန့်အထိ စစ်ကောင်စီ ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။

ပျောက်ဆုံးသူ အယောက် ၃၀ ကျော်နဲ့ ထိခိုက်ဒဏ်ရာ ရရှိသူ ၂၃၇၆ ဦးအထိ ရှိအထိ ရှိလာနေပြီး ရှာဖွေရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မန္တလေးတိုင်းဒေသကြီး တခုထဲမှာပင် အင်အားပြင်း ငလျင်ကြောင့် သေဆုံးသူ ၆၉၄ ဦး၊ ဒဏ်ရာ ရရှိသူ ၁၆၄၀ ဦး၊ ပျောက်ဆုံးနေသူ ၆၈ ဦးအထိ ရှိခဲ့တယ်လို့ စစ်ကောင်စီက မတ်လ ၂၉ ရက်မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

မန္တလေးမှာ နေအိမ် ၁၅၉၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၆၇၀ ကျောင်း၊ စာသင်ကျောင်း ၆၀ ကျောင်း၊ တံတား ၃ ခု၊ ဘုရားစေတီ ၂၉၀ ပျက်စီးဆုံးရှံးခဲ့ပြီး အသေးစိတ်စာရင်းတွေကို ဆက်လက်ကောက်ယူနေတယ်လို့ သိရပါတယ်။

စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသနဲ့ နေပြည်တော် ကောင်စီနယ်မြေတို့ကို အရေးပေါ် အခြေအနေအဖြစ် သတ်မှတ်ထားပြီး မြန်မာနိုင်ငံတဝန်းက တိုင်းနဲ့ ပြည်အများစုဟာ ပြင်အားမြင့်ငလျင်ဒဏ်ကို ခံစားခဲ့ရပါတယ်။

Written By

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

Copyright © 2025 .Myanmar Nature