Connect with us

Hi, what are you looking for?

သတင်း

ပြင်းအားမြင့်ငလျင်ကြောင့် နိုင်ငံတဝန်း သေဆုံးသူ ၁၀၀၀ ကျော်အထိ မြင့်တက်လာ

မနေ့က မန္တလေးမြို့ကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ရစ်တာစကေး ၇.၇ အဆင့်ရှိတဲ့ ပြင်အားမြင့်ငလျင်ကြောင့် မြန်မာတနိုင်ငံလုံးမှာ သေဆုံးသူ ၁၀၀၂ ဦးအထိ ရှိလာနေတယ်လို့ မတ်လ ၂၉ ရက် နံနက် ၁၁ နာရီခန့်အထိ စစ်ကောင်စီ ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။

ပျောက်ဆုံးသူ အယောက် ၃၀ ကျော်နဲ့ ထိခိုက်ဒဏ်ရာ ရရှိသူ ၂၃၇၆ ဦးအထိ ရှိအထိ ရှိလာနေပြီး ရှာဖွေရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မန္တလေးတိုင်းဒေသကြီး တခုထဲမှာပင် အင်အားပြင်း ငလျင်ကြောင့် သေဆုံးသူ ၆၉၄ ဦး၊ ဒဏ်ရာ ရရှိသူ ၁၆၄၀ ဦး၊ ပျောက်ဆုံးနေသူ ၆၈ ဦးအထိ ရှိခဲ့တယ်လို့ စစ်ကောင်စီက မတ်လ ၂၉ ရက်မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

မန္တလေးမှာ နေအိမ် ၁၅၉၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၆၇၀ ကျောင်း၊ စာသင်ကျောင်း ၆၀ ကျောင်း၊ တံတား ၃ ခု၊ ဘုရားစေတီ ၂၉၀ ပျက်စီးဆုံးရှံးခဲ့ပြီး အသေးစိတ်စာရင်းတွေကို ဆက်လက်ကောက်ယူနေတယ်လို့ သိရပါတယ်။

စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသနဲ့ နေပြည်တော် ကောင်စီနယ်မြေတို့ကို အရေးပေါ် အခြေအနေအဖြစ် သတ်မှတ်ထားပြီး မြန်မာနိုင်ငံတဝန်းက တိုင်းနဲ့ ပြည်အများစုဟာ ပြင်အားမြင့်ငလျင်ဒဏ်ကို ခံစားခဲ့ရပါတယ်။

Click to comment

သတင်း

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်မြို့နယ်အတွင်းရှိ ရေနံမြေနဲ့ ရေနံသယံဇာတတွေကို NUG အစိုးရနဲ့ မကွေးယူနစ်အစိုးရတို့ ပူးတွဲပြီး “မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက် ပစ္စည်းတွေ ဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့” ကို ဖွဲ့စည်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ဒီနေ့ ဧပြီလ ၃ ရက်မှာ NUG...