Connect with us

Hi, what are you looking for?

သတင်း

မြေဧက ၄ သိန်းနီးပါးရှိတဲ့ ကော်နယ်မြေ ၃၃ ခုကို KNU ဗဟိုက သတ်မှတ်တည်ထောင်

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ဒေသမှာ မြေဧကပေါင်း ၃၈၀,၉၈၄ ဧကကို “ကော်” လို့ခေါ်တဲ့ ဌာနေတိုင်းရင်းသားတွေရဲ့ မိရိုးဖလာ စီမံအုပ်ချုပ်ရေးစနစ်နယ်မြေ ၃၃ ခုအဖြစ် KNU – ကော်သူးလေ ဗဟိုမြေယာကော်မတီ (KCLC) က အတည်ပြုပြဌာန်းပေးလိုက်တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၁ ရက်မှ ၃ ရက်အထိ ကျင်းပတဲ့ ၅ ကြိမ်မြောက် ကော်သူးလေဗဟိုမြေယာကော်မတီ (KCLC) အစည်းအဝေးမှာ ကော်နယ်မြေ ၃၃ ခု ကို ဓလေ့ထုံးတမ်းမြေယာလက်မှတ်တွေ KNU ဗဟိုက အတည်ပြုလက်မှတ်ထိုးခဲ့တာဖြစ်ပါတယ်။

ကော်နယ်မြေ ၃၃ မှာ တောအူး (တောင်ငူ) ခရိုင်၊ သောသီတောအူးဌာနေလူမျိုးစုဥယျာဉ်ဧရိယာထဲမှာ ကော် ၂၃ ခုနဲ့ မူတြော်(ဖာပွန်)ခရိုင်၊ သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ဧရိယာထဲမှာ ၁၀ ခု ပါဝင်ပါတယ်။

ကရင်ဌာနေတိုင်းရင်းသား နယ်မြေနဲ့ အုပ်ချုပ်ရေးစနစ်တစ်ခုဖြစ်တဲ့ “ကော်” ဆိုတာမှာ လူနေထိုင်မယ့် နေရာတွေ၊ အသက်မွေးဝမ်းကျောင်းမြေတွေ၊ အမဲလိုက်ဖို့နဲ့ သစ်တောထွက်ပစ္စည်း ရှာဖွေသုံးစွဲမယ့် နေရာတွေ၊ ထိန်းသိမ်းရေးတောတွေ၊ ရေဝေရေလဲဒေသတွေနဲ့ ကိုးကွယ်ရာ နေရာတွေ ပါဝင်ပါတယ်။

ကော်ကို ကရင်ဌာနေတိုင်းရင်းသားတို့ရဲ့ ရိုးရာအသိပညာ၊ ယုံကြည်ကိုးကွယ်မှု၊ ဓလေ့ထုံးတမ်းစည်းမျဉ်းတွေနဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေကနေ စီမံခန့်ခွဲတာဖြစ်ပါတယ်။

KNU ထိန်းချုပ်ဒေသအတွင်း ကော်နယ်မြေအဖြစ် လျှောက်လွှာပေါင်း ၃၀၀ ခန့်ကို လက်ခံရရှိထားပြီး စက်တင်ဘာလ ၃ ရက်က ကော် ၃၃ ခုကို အတည်ပြုပေးခဲ့ခြင်းဖြစ်ပြီး ကျန်လျှောက်လွှာတွေကို ထပ်မံစိစစ်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ဆောင်းပါး

ဒီလိုအခြေအနေက တိဗက်ဒေသပဲ ရင်ဆိုင်ကြုံတွေ့ရခြင်း မဟုတ်ပေ။  တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄ မှာ တိုင်းရင်းသား ၅၆ မျိုး အားလုံးအတွက် တန်းတူညီမျှမှုကို အာမခံထားပါတယ်။ လက်တွေ့မှာမူ နိုင်ငံရဲ့ မျှော်မှန်းချက်ဟာ မြစ်ဝါမြစ်ဝှမ်းဒေသ မျိုးနွယ်စုကနေ ဆင်းသက်လာတဲ့ ဟန်တရုတ်လူမျိုး အပေါ်မှာ အခြေခံထားပါတယ်။...