Connect with us

Hi, what are you looking for?

ရုပ်သံ

ထန်တလန်မှာ တောင်ယာသမားတစ်ဦး ဝက်ဝံထီး ၁ ကောင် ပစ်ခတ်ဖမ်းဆီးရမိ

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ တလန်ခွားကျေးရွာအနီးမှာ တောင်ယာသမားတစ်ဦးက ဝက်ဝံထီး ၁ ကောင်းကို ပစ်ခတ်ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။

ဇူလိုင်လ ၈ ရက် မနက်ပိုင်းက ထန်တလန်မြို့နယ်၊ တလန်ခွားကျေးရွာမှ ဒေသခံတစ်ဦးဟာ အိုင်ဘုခ် (Aibuk) ရွာဘက်ခြမ်းမှာ တောင်ယာသွားလုပ်စဉ် တောလမ်းတစ်နေရာမှ သစ်ပင်ပေါ်မှာ ဝက်ဝံ ၁ ကောင်ကို တွေ့ရှိတယ်လို့ ဆိုပါတယ်။

အဲဒီလိုတွေ့ရှိရတဲ့အတွက် သူ့မှာပါလာတဲ့ အမဲလိုက်တူမီးသေနတ်နဲ့ ပစ်ခတ် ဖမ်းဆီးခဲ့တယ်လို့ တလန်ခွား ရွာခံတစ်ဦးကို ကိုးကားပြီး ချင်းဒေသတွင်းသတင်းဌာန Chinland Channel ကလည်း ရေးသားပါတယ်။

ချင်းပြည်နယ်မှာ ဒေသခံတွေဟာ ရိုးရာတူမီးသေနတ်နဲ့ အမဲလိုက်တဲ့ ဓလေ့မှာ ကျယ်ပြန့်ထွန်းကာဆဲဖြစ်ပြီး အခုနှစ်ပိုင်းတွေအတွင်း တောဝက်ကဲ့သို့ တောရိုင်းတိရစ္ဆာန်တွေသာမက တဖြည်းဖြည်း နည်းပါးလာနေတဲ့ မျိုးစိတ်တွေဖြစ်တဲ့ အင်ကျားနဲ့ ဝက်ဝံတွေကို ပစ်ခတ်ဖမ်းဆီးနိုင်တဲ့ ရုပ်သံသတင်းတွေ ချင်းလူမှုအသိုင်းအဝိုင်းက ဆိုရှယ်မီဒီယာမှာ မကြာခဏ တွေ့ရလေ့ရှိပါတယ်။

ဆောင်းပါး

ဒီလိုအခြေအနေက တိဗက်ဒေသပဲ ရင်ဆိုင်ကြုံတွေ့ရခြင်း မဟုတ်ပေ။  တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄ မှာ တိုင်းရင်းသား ၅၆ မျိုး အားလုံးအတွက် တန်းတူညီမျှမှုကို အာမခံထားပါတယ်။ လက်တွေ့မှာမူ နိုင်ငံရဲ့ မျှော်မှန်းချက်ဟာ မြစ်ဝါမြစ်ဝှမ်းဒေသ မျိုးနွယ်စုကနေ ဆင်းသက်လာတဲ့ ဟန်တရုတ်လူမျိုး အပေါ်မှာ အခြေခံထားပါတယ်။...