Connect with us

Hi, what are you looking for?

ရုပ်သံ

ဧရာဝတီမြစ်ဆုံစီမံကိန်းတွေ ပြန်စဖို့ တရုတ်ခရီးစဉ်မှာ တရုတ်အစိုးရနဲ့ စစ်အုပ်စုတို့ ဆွေးနွေး

Myanmar Nature I သတင်း

ဧရာဝတီမြစ်ဆုံစီမံကိန်းတွေ ပြန်စတင်ရန်အတွက် ပြီးခဲ့တဲ့တရုတ်ခရီးစဉ်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တရုတ်အစိုးရတို့ ဆွေးနွေးမှုတွေ ရှိခဲ့တယ်လို့ စစ်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဇွန်လ ၃၀ ရက် မနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်တပ်အစိုးရအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဝန်ကြီး ဒေါက်တာ ခိုင်ခိုင်စိုးက အခုလို ပြောဆိုလာခြင်းဖြစ်ပါတယ်။

မြစ်ကြီးနာမြို့အထက်ပိုင်းရှိ မြစ်ဆုံစီမံကိန်းနဲ့၊ မေခနဲ့ မလိခမြစ်ပေါ်မှာ တည်ဆောက်မယ့် စီမံကိန်း ၆ တို့ကို ပြန်စဖို့ စစ်ခေါင်းဆောင်ဟာ တရုတ်ခရီးစဉ် မတိုင်မီနဲ့ စစ်အာဏာသိမ်းပြီးနောက်မှာ အကြိမ်ကြိမ်ပြောခဲ့သလို တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံတဲ့ ခရီးစဉ်မှာလည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

မြစ်ဆုံစီမံကိန်း ဆောင်ရွက်ဖို့ နေရာ ၇ ခုရှိပြီး ဧရာဝတီ မြစ်ဆုံမြစ်ညာ မြစ်ဝှမ်းစီမံကိန်းတစ်ခုတည်းကပင် မဂ္ဂါဝပ် ၅၆၀၀ ထွက်ရှိမှာဖြစ်ပြီး ကျန်စီမံကိန်း ၆ ခုနဲ့ ပေါင်းပါက ပေးရမယ့် အပိုင်းတွေကို ပေးပြီးရင် မြန်မာနိုင်ငံရဲ့ လျှပ်စစ်မီး လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ်လို့ အဆိုပါပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

မြစ်ဆုံစီမံကိန်းတွေကို ဒေသခံပြည်သူတွေက သဘောမတူပါက စီမံကိန်း အောင်မြင်ဖို့ မလွယ်ကူတဲ့အတွက် ကချင်ပြည်နယ် အစိုးရအဖွဲ့အပါအဝင် လူ ၂၄ ဦးနဲ့ ဖွဲ့စည်းပြီး ဒေသခံလူထုနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံ အကူအညီနဲ့ ဧရာဝတီမြစ်ဆုံစီမံကိန်းကို ၈ နှစ်ခွဲနဲ့ အပြီးသတ် တည်ဆောက်မယ်လို့ တရုတ်ခရီးစဉ်မှာ လိုက်ပါသွားတဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ခက်ထိန်နန်ကလည်း ဒီလထဲမှာ ပြောခဲ့ပါတယ်။

မြစ်ဆုံရေကာတာ စီမံကိန်းကို အပြီးတိုင် ဖျက်သိမ်းရန် ကချင်ပြည်နယ်ဒေသခံတွေနဲ့ ကချင်အရပ်ဘက် အဖွဲ့အစည်း ပေါင်း ၄၉ ဖွဲ့က မေလဆန်းမှာ ထုတ်ပြန်ထားပါတယ်။

၂၀၁၁ ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက် ရပ်ဆိုင်းထားတဲ့ မြစ်ဆုံ ရေကာတာစီမံကိန်ကို လက်ရှိမှာ စစ်အုပ်စုက ပြန်လည်စတင်နိုင်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေမှုဟာ ကချင်ဒေသခံတွေနဲ့ မြန်မာလူထုရဲ့ သဘောဆန္ဒကို ဆန့်ကျင်နေခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုက ၎င်းတို့ စီမံအကောင်အထည်ဖော် ဆောင်ရွက်မယ့် စီမံကိန်းတွေကို ကန့်ကွက်ခြင်းတွေ ပြုလုပ်ပါက လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ ၂၀၂၅၊ ဒီဇင်ဘာလ ၁၆ ရက် ကြေညာထားပါတယ်။

ဆောင်းပါး

ဒီလိုအခြေအနေက တိဗက်ဒေသပဲ ရင်ဆိုင်ကြုံတွေ့ရခြင်း မဟုတ်ပေ။  တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄ မှာ တိုင်းရင်းသား ၅၆ မျိုး အားလုံးအတွက် တန်းတူညီမျှမှုကို အာမခံထားပါတယ်။ လက်တွေ့မှာမူ နိုင်ငံရဲ့ မျှော်မှန်းချက်ဟာ မြစ်ဝါမြစ်ဝှမ်းဒေသ မျိုးနွယ်စုကနေ ဆင်းသက်လာတဲ့ ဟန်တရုတ်လူမျိုး အပေါ်မှာ အခြေခံထားပါတယ်။...