Connect with us

Hi, what are you looking for?

Myanmar Nature
Myanmar NatureMyanmar Nature

ရုပ်သံ

လူသားနဲ့ ပင်လယ်သမုဒ္ဒရာရဲ့ ဆက်နွယ်မှုအကြောင်း လူငယ်တွေရဲ့ အနုပညာလက်ရာတွေ လျှောက်လွှာခေါ်

လူသားတွေနဲ့ ပင်လယ်သမုဒ္ဒရာတွေရဲ့ နက်ရှိုင်းတဲ့ ပတ်သက်ဆက်နွယ်မှုတွေကို ဆန်းသစ်တဲ့ ရှုထောင့်မျိုးစုံက ဖန်းတီးဖို့ မြန်မာ့လူငယ် အနုပညာရှင်တွေရဲ့ အနုပညာလက်ရာတွေကို လျှောက်လွှာခေါ်ယူနေတယ်လို့ သိရပါတယ်။

Myanmar Ocean Project နဲ့ Goethe-Institute Myanmar တို့ပူးပေါင်းဆောင်ရွက်တာဖြစ်ပြီး အသက် ၁၃ မှ ၂၀ အတွင်း ပြည်တွင်းပြည်ပမှာ နေထိုင်တဲ့ မြန်မာလူငယ်အနုပညာရှင် ဘယ်သူမဆို လျှောက်ထားပေးပို့နိုင်ပါတယ်။

အနုပညာလက်ရာတွေ လျှောက်လွှာခေါ်ယူခြင်းကို မေလ ၂၇ ရက် ညနေ ၅ နာရီအထိ ပေးပို့နိုင်တယ်လို့ မေလ ၆ ရက်က Myanmar Ocean Project က ကြေညာပါတယ်။

မြန်မာ့ကမ်းရိုးတန်းဒေသတွေက ဘဝတွေအပေါ် သမုဒ္ဒရာတွေက အလှတရားတွေနဲ့ဖြစ်စေ၊ အခြားအဖိုးတန်သဘာဝ တရားတွေနဲ့ဖြစ်စေ မည်ကဲ့သို့ ဆက်နွယ်ထင်ဟပ်စေတယ်ဆိုတာကို ပြသနိုင်ဖို့ “Our Ocean, Our Life” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ လျှောက်လွှာတွေပေးပို့ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဖန်တီးလိုက်တဲ့ လက်ရာတွေထဲက သမုဒ္ဒရာနဲ့ ကမ်းရိုးတန်းဒေသ‌တွေနဲ့ပတ်သက်ပြီး စိုးရိမ်မှု၊ မျှော်လင့်ချက်၊ အိပ်မက်စတဲ့ အရာများကို ချပြခွင့်ရမှာ ဖြစ်ပါတယ်။ လျှောက်လွှာ အသေးစိတ်ကို အောက်ပါ လင့်ခ်မှာလည်း ကြည့်ရှုနိုင်ပါတယ်။

https://docs.google.com/…/1XJ9HrrQllzHg3…. Video – Myanmar Ocean Project

Written By

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

Copyright © 2025 .Myanmar Nature