Connect with us

Hi, what are you looking for?

Myanmar Nature
Myanmar NatureMyanmar Nature

ယုံကြည်ကိုးကွယ်မှု

ပဲခူး၊ ဓမ္မစေတီနန်းဦးကျောင်းတိုက်ထဲ ဓါတ်နတ်စီးခြင်း၊ ပူးခြင်းများ ခွင့်မပြုဘူးလို့ ကြေညာ

ပဲခူးတိုင်း၊ ပဲခူးမြို့၊ ဥဿာမြို့သစ်က ဓမ္မစေတီနန်းဦးကျောင်းတိုက်အတွင်း ဓါတ်နတ်စီးခြင်း၊ ပူးခြင်းများ လုံးဝ မပြုလုပ်ရန် တားမြစ်ထားပြီး လိုက်နာခြင်း မရှိရင် တည်ဆဲဥပဒေအရ အရေးယူသွားမယ်လို့ အသိပေးကြေညာလိုက်ပါတယ်။

ဇွန်လ ၂ ရက်က စစ်ကောင်စီ လက်အောက်ခံ သတင်းစာတွေကနေတဆင့် “ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ဓမ္မစေတီ နန်းဦးသစ်ကျောင်းတိုက်နှင့် ပတ်သက်၍ အထူးသတိပေးကြေညာ” အဖြစ် ထုတ်ပြန်လာတာဖြစ်ပါတယ်။

“ဘုန်းကြီးကျောင်းဆိုတာ အဲဒါတွေနဲ့ မသင့်လျော်ဘူးလေ။ ဘုန်းကြီးကျောင်းက ဘုန်းကြီးကျောင်းနဲ့ပဲ ဆိုင်တာပေါ့နော်။ အဲဒါကြောင့် ဆရာတော်တွေက စည်းကမ်းသတ်မှတ်ထားတာပေါ့။ ဘာသာရေးပွဲတွေ ရိုးရိုးပဲ လုပ်ကြမှာပေါ့နော်။ တချို့က ဒီဟာက ဟိုဟာတွေတော့ ရှိပုံရတယ်။ အရင်တုန်းက ဆရာတော်ကြီးတွေက ပုဂ္ဂိုလ်တွေ ဘာတွေ ကိုးကွယ်တာ ရှိတော့၊ တချို့တပည့်တွေက ဓါတ်ပူး၊ နတ်ပူးတွေ လုပ်ချင်ပုံ ရပါတယ်။ အဲဒါတွေကို မလုပ်ပဲနဲ့ သန့်သန့်ရှင်းရှင်းပဲ လုပ်တဲ့ သဘောပါ” လို့ အဲဒီကျောင်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တဦးက ပြောပါတယ်။

ဓမ္မစေတီ နန်းဦးသစ်ကျောင်းတိုက်နဲ့ ပတ်သက်တဲ့ ကိစ္စအရပ်ရပ်ကို ပဓာနနာယက ဆရာတော် အရှင်နန္ဒေါဘာသာရဲ့ ခွင့်ပြုချက် တစ်စုံတစ်ရာ မရှိဘဲ ဝင်ရောက်နေထိုင်ခြင်း၊ ကျောက်တိုက်ပရဝဏ်အတွင်းရှိ စေတီပုထိုးတွေနဲ့ သာသနိက အဆောက်အအုံတွေကို ဓါတ်ပုံရိုက်ကူးဖြန့်ချီအသုံးချခြင်း၊ ပျံလွန်တော်မူသွားတဲ့ ဓမ္မစေတီ ဆရာတော် အရှင်အဂ္ဂဝံသရဲ့ ထေရုပ္ပတ္တီတွေ၊ ဓါတ်ပုံတွေကို ကူးယူဖြန့်ချီအသုံးချခြင်းတို့ကို လုံးဝမပြုလုပ်ဖို့ တားမြစ်တယ်လို့ သိရပါတယ်။

အထူးသဖြင့် ကျောင်းတိုက်အတွင်းမှာ ပဓာနနာယက ဆရာတော်ရဲ့ ခွင့်ပြုချက်တစ်စုံတစ်ရာ မရှိဘဲ ဝင်ရောက်၍ အုပ်စုဖွဲ့ခြင်း၊ ဆေးကုခြင်း၊ ဓါတ်နတ်စီးခြင်း၊ ပူးခြင်းများ လုံးဝ မပြုလုပ်ဖို့ကိုလည်း တားမြစ်လိုက်ပါတယ်။

လိုက်နာခြင်း မရှိပါက တည်ဆဲဥပဒေတွေနဲ့အညီ ထိရောက်စွာ အရေးယူသွားမယ်လို့ အသိပေးကြေညာထားပါတယ်။

လက်ရှိတွင် ဓမ္မစေတီနန်းဦးကျောင်းတိုက်အတွင်း အရှင်အဂ္ဂဝံဿ ဓမ္မစေတီ “မင်းခေါင်အဘဘုရာကြီး” ဓါတ်ပန္နရိုကခဲ့တဲ့ သက်တမ်း နှစ် ၃၀ ခန့်ရှိ ကျောင်းဆောင်နဲ့ ကန်တို့ကို တည်ဆောက်နေတယ်လို့ ဆိုပါတယ်။

ဓါတ်ပုံ – ဓမ္မစေတီနန်းဦးကျောင်းတိုက်

Written By

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

Copyright © 2025 .Myanmar Nature