Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မဲခေါင်မြစ်မှာ အကျိတ်အဖုနဲ့ ငါးတွေ ဖမ်းဆီးရမိနေပြီး မြစ်ရေသတ္တုအဆိပ်သင့်မှုကို ဒေသခံတွေ စိုးရိမ်

ထိုင်းနိုင်ငံ၊ လွေ့ခရိုင်၊ ချင်းခန့်မြို့ဒေသရှိ မဲခေါင်မြစ်အတွင်း အကျိတ်အဖုတွေ ထွက်နေတဲ့ ပုံမှန်မဟုတ်တဲ့ ငါးတွေကို ဖမ်းဆီးရမိနေမှုက သတ္တုအဆိပ်သင့် မြစ်ရေညစ်ညမ်းခြင်းကြောင့် ဖြစ်နိုင်တယ်လို့ ဒေသခံတံငါးသည်တွေကြား စိုးရိမ်းမှု မြင့်တက်နေပါတယ်။

ဧပြီလ ၂၂ ရက်က ဒွန်ခိုင်ဒေသအနီးရှိ မဲခေါင်မြစ်မှာ တံငါးသည်တွေ ငါးဖမ်းဆီးခဲ့ရာမှာ မှာ အလေးချိန် ၁၀၀ ဂရမ်၊ အရှည် ၂၃ စင်တီမီတာရှိတဲ့ Khae ငါးတစ်ကောင်းကို ဖမ်းဆီးရမိခဲ့ပြီး ပုံမှန်မဟုတ်တဲ့ ခန္တာကိုယ်မှာ အကျိတ်အဖုတွေ ထွက်နေမှုကို တွေ့ရှိရတယ်လို့ သိရပါတယ်။

အဆိုပါငါးထဲမှာ များပြားတဲ့ သတ္တုအဆိပ်သင့် ညစ်ညမ်းမှုတွေ ပါဝင်နိုင်တဲ့ အန္တရာယ်ကို စိုးရိမ်းတဲ့အတွက် ဒေသခံတံငါးသည်တွေက အဲဒီငါးကို စားသုံးခြင်း၊ ရောင်းချခြင်း မပြုလုပ်ရန် ရှောင်ကြဉ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ လကလည်း အခုလို အကျိတ်အခုတွေ ဖြစ်ပေါ်နေတဲ့ ငါးသုံးကောင်ကို အလားတူ ဖမ်းဆီးရမိဖူးပြီး အခုဖမ်းမိတဲ့ ငါးကို ဓါတ်ခွဲစမ်းသပ်မှုတွေ ပြလုပ်ဖို့ ပေးပို့သွားမယ်လို့ ချင်းခန့်ဒေသခံတွေထံမှ သိရပါတယ်။

ဒီလိုမူမမှန်မှုတွေဟာ ကိုး(Kok) မြစ်နဲ့ ဆိုင်းမြစ် (Sai) တွေအပါအဝင် ထိုင်းမြောက်ပိုင်းရှိ မြစ်တွေထဲမှာ သတ္တုအဆိပ်သင့်မှုတွေကြောင့် ဖြစ်နိုင်ပြီး အဲဒီမြစ်တွေထဲမှာ ခဲနဲ့ အာဆင်းနစ်ပါဝင်ဝင်မှု အလွန်များပြားနေတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

မြန်မာဘက်ရှိ မြစ်ညာအထက်ပိုင်း ဧရိယာကနေ စီးဆင်းလာတဲ့ သတ္တုအဆိပ်သင့် ညစ်ညမ်းရေတွေဟာ မဲခေါင်မြစ်ထဲကို စီးဝင်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒီလိုအခြေအနေမှာ နယ်စပ်ဖြတ်ကျော် ရေထုညစ်ညမ်းမှုတွေနဲ့ပတ်သက်လို့လည်း သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက်တဲ့ အဖွဲ့တွေကြား စိုးရိမ်းမှုတွေ မြင့်တက်နေပြီး တရုတ်ကုမ္ပဏီတွေ လုပ်ကိုင်နေတဲ့ မြန်မာဘက်ရှိ ကိုးမြစ် (Kok) တလျှောက်က မြေရှားနဲ့ ရွှေသတ္တုတူးဖော်မှုတွေနဲ့ ဆက်နွယ်နေတယ်လို့ သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) ရဲ့ အစီရင်ခံစာကို ကိုးကားကာ ထိုင်းဒေသတွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

မြေရှားနဲ့ ရွှေသတ္တုတွင်းတွေက ဓါတ်သတ္တု အများအပြားပါဝင်တဲ့ စွန့်ပစ္စည်းပစ္စည်တွေဟာ ဒေသမြစ်ငယ်တွေထဲ စီးဝင်ပြီး အဲဒီကနေ မဲခေါင်မြစ်ထဲ ရောက်ရှိလာတယ်လို့ ဆိုပါတယ်။

သတင်း

ချင်းပြည်နယ်မှာ ၁၅ နှစ်တာကာလအတွင်း သစ်တောဧက ၇ သိန်းကျော် လျော့နည်းသွားခဲ့တယ်လို့ အာဏာသိမ်း အသွင်းပြောင်း စစ်အစိုးရရဲ့ ချင်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်က ပြောပါတယ်။ ဧပြီလ ၂၁ ရက်က ချင်းပြည်နယ်၊ ဟားခါးမြို့မှာ ကျင်းပတဲ့ လမ်းဘေးဝဲ/ ယာမှာ ဒေသနဲ့...