Connect with us

Hi, what are you looking for?

သတင်း

ကမ္ဘာ့ရှားပါးမျိုးစိတ် ကြယ်လိပ်အကောင်ရေ ၁၀, ၀၀၀ ခန့်ကို နေရာဒေသ ၄ ခုမှာ ထိန်းသိမ်းနေ

မြန်မာနိုင်ငံမှာသာ တွေ့ရှိရတဲ့ ကမ္ဘာ့ရှားပါးမျိုးစိတ်စာရင်းဝင် ကြယ်လိပ်တွေကို လောကနန္ဒာဥယျာဉ်၊ ရွှေစက်တော် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောနဲ့ မင်းစုံတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတွေမှာ ထိန်းသိမ်းထားပြီး အကောင်ရေ ၁၀, ၀၀၀ ခန့် ရှိတယ်လို့ သိရပါတယ်။

IUCN Red List အရ မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိတဲ့ မျိုးစိတ်အဖြစ် သတ်မှတ်ခံထားရတဲ့ ကြယ်လိပ်တွေကို အဆိုပါဘေးမဲ့တောနဲ့ ဥယျာဉ်ထဲမှာ မျိုးရင်းပျောက်ကွယ်မှု မရှိစေဖို့နဲ့ ဆက်လက်မျိုးပွားနိုင်စေဖို့အတွက် ထိန်းသိမ်းထားတယ်လို့ အာဏာသိမ်းအသွင်းပြောင်းစစ်အစိုးရက ၎င်းတို့ရဲ့ သတင်းစာမျက်နှာတွေကနေ ဒီနေ့ ဧပြီလ ၂၈ ရက်မှာ အသိပေးထားပါတယ်။

မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းတို့မှာ အများဆုံး ထိန်းသိမ်းကာကွယ်ထားတဲ့ ကြယ်လိပ်တွေဟာ မေလမှ စက်တင်ဘာလအတွင် ဥ,ဥ လေ့ရှိပြီး တစ်နှစ်မှာ လေးကြိမ်နဲ့ တစ်ကြိမ်မှာ ၁၅ လုံးကျော် ဥချလေ့ ရှိကြောင်း၊ ရှင်သန်နေထိုင်ရာ သဘာဝစားကျက်ပေါ် မူတည်ပြီး သက်တမ်း နှစ် ၅၀ ကျော် ရှင်သန်လေ့ရှိကြောင်း သိရပါတယ်။

ကြယ်လိပ်တွေဟာ မြန်မာမှာ ၁၉၉၉ မတိုင်မီက မျိုးသုဉ်း ပျောက်ကွယ်လုနီးပါးအထိ တည်ရှိနေခဲ့တယ်လို့ သိရပါတယ်။

ထမံသီတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောနဲ့ ချင်းတွင်းမြစ်အထက်ပိုင်း သောင်ပြင်တောစပ်တို့မှာ ရှင်သန်ကျက်စားနေတဲ့ မြန်မာ့တိုက်လိပ်တို့ကိုလည်း ၂၀၀၁ ခုနှစ်မှ စတင်ပြီး လောကနန္ဒာ ဘေးမဲ့တော ဥယျာဉ်မှာ မွေးမြူထိန်းသိမ်းမှု ပြုလုပ်နေတယ်လို့ သိရပါတယ်။

တိုက်လိပ်ဟာ မြန်မာနိုင်ငံမှာသာ ရှိတဲ့ ဒေသမျိုးရင်း လိပ်ဖြစ်သလို ကမ္ဘာပေါ်ရှိ လိပ်မျိုးစိတ်တွေထဲမှာလည်း ဒုတိယရှားပါးမျိုးစိတ်ဖြစ်တဲ့အတွက် မျိုးသုဉ်းမှု မရှိစေဖို့၊ သုတေသနပြုလုပ်နိုင်ဖို့နဲ့ အများပြည်သူ လေ့လာနိုင်ဖို့အတွက် စမ်းသပ်မွေးမြူထားခြင်းဖြစ်တယ်လို့ သိရပါတယ်။

ကြယ်လိပ်နဲ့ တိုက်လိပ်တို့ဟာ ကမ္ဘာ့ရှားပါးစာရင်းဝင် မြန်မာမျိုးရင်းတွေအဖြစ် ထင်ရှားတဲ့အတွက် ကောင်ရေ လျော့ကျမှု မရှိစေရန် တောမီးလောင်ခြင်း၊ နေထိုင်ရာ ဒေသတွေ ဆုံးရှုံးခြင်း၊ တရားမဝင် ဖမ်းဆီးရောင်းဝယ်ခြင်းတို့ကို ဥပဒေနဲ့ ကာကွယ်ထားတဲ့ မျိုးစိတ်တွေ ဖြစ်တယ်လို့ သိရပါတယ်။

သတင်း

ကော်သူးလေနယ်မြေ၊ မြိတ်- ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်၊ ပေါခလိုးမြစ်ဝှမ်ဒေသအတွင်းရှိ မြေဧက ၃သိန်းခွဲခန့်ကို ပေါခလိုးဌာနေလူမျိုးစုတို့ ထိန်းသိမ်းနယ်မြေအဖြစ် ဧပြီလ ၂၂ ရက်က တရားဝင်သတ်မှတ်ကာ တည်ထောင်နိုင်ပြီလို့ ဒီနေ့ ဧပြီလ ၂၇ ရက်မှာ ကြေညာပါတယ်။ “သဘာဝပတ်ဝန်းကျင်နဲ့ ကျနော်တို့ ခွဲလို့ မရဘူး။ သစ်တော၊...