Connect with us

Hi, what are you looking for?

သတင်း

စက်သုံးဆီ သုံးစွဲမှု လျှော့ချရေးဆိုပြီး လမ်းလျှောက်သင်္ကြန်သာ ကျင်းပဖို့ စစ်ခေါင်းဆောင်ပြော

စက်သုံးဆီရှားပါးမှု အခက်အခဲတွေကြောင့် စက်သုံးဆီ သုံးစွဲမှု များပြားမှု မရှိစေရေးအတွက် မကြာမီ ကျရောက်မယ့် မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာ သင်္ကြန်ပွဲတော်တွေကို လမ်းလျှောက်သင်္ကြန်အဖြစ် ကျင်းပသွားမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောပါတယ်။

မတ်လ ၂၄ ရက် နေပြည်တော်မှာ ပြုလုပ်တဲ့ စက်သုံးဆီနဲ့ ဆက်စပ် အစည်းအဝေးမှာ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ စစ်အုပ်စုထိပ်တန်းအရာရှိတွေက စစ်သုံးဆီ အကျပ်အတည်းကာလ သင်္ကြန်ကျင်းပမယ့် မူဝါဒကို ထည့်သွင်း ပြောကြား ခဲ့တာဖြစ်ပါတယ်။

“မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ကာလအတွင်း စက်သုံးဆီ သုံးစွဲမှု များပြားမှု မရှိစေရေး တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ကြီးများနှင့် မြို့နယ်များအလိုက် လမ်းလျှောက်သင်္ကြန်အဖြစ် နေရာများ သတ်မှတ်၍ ကျင်းပပြုလုပ်သွားမယ်ဆိုပါက ပိုမိုသင့်လျှော်မည်ဖြစ်ကြောင်း” လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောတဲ့အကြောင်း အဲဒီအစည်းအဝေး ထုတ်ပြန်တဲ့ သတင်းအချက်အလက်အရ သိရပါတယ်။

သင်္ကြန်ကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပါအဝင် ၎င်းတို့ ထိန်းချုပ်ထားတဲ့ တိုင်းနဲ့ပြည်နယ်က မြို့နယ်တွေမှာ လမ်းလျှောက်သင်္ကြန်အဖြစ် ကျင်းပဆောင်ရွက်သွားဖို့ လျာထား ဆောင်ရွက်နေတဲ့ အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် သင်္ကြန်ပွဲတော်ကာလ စက်သုံးဆီ သုံးစွဲမှု များပြားမှု မရှိစေဖို့အတွက် မော်တော်ယာဉ်သုံးစွဲမှုတွေကို သတ်မှတ်ဆောင်ရွက်သွားမယ့် အစီအစဉ်တွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

မတ်လ ၂၀ ရက်က စစ်ခေါင်းဆောင်ဟာ ခါးကျီးပေါင်းရောဂါကြောင့် အာရုံကြောညပ်ရောဂါကို နေပြည်တော်မှာ ခွဲစိတ်မှု ပြုလုပ်တယ်လို့ သတင်းထုတ်ပြန်အပြီး ရက်ပိုင်းအတွင်း မတ်လ ၂၄ ရက်မှာ စစ်သုံးဆီ ဆက်စပ် အစည်းအဝေးကို တက်ရောက်လာခြင်းဖြစ်ပါတယ်။

အဆိုပါ အစည်းအဝေးမှာ ပြည်ပမှ စစ်သုံးဆီ ဝယ်ယူရရှိရေး၊ မီးရထားတွေကို လျှပ်စစ်မီးရထားနဲ့ ပြေးဆွဲရေးအပါအဝင် ရထားလိုင်းတွေ တိုးချဲ့ပြေးဆွဲရေး၊ လေယာဉ်ခရီးစဉ်တွေ ပုံမှန် ပြေးဆွဲရေး၊ လိုင်စင်မဲ့ မော်တော်ယာဉ်တွေ ဖမ်းဆီးရေး၊ စက်သုံးဆီတွေကို ထုတ်ပြန်မှုအတိုင်း ရောင်းဝယ်မှု မပြုလုပ်တဲ့ လူတွေကို အရေးယူရေးနဲ့ တချို့နေရာဒေသတွေကို စက်သုံးဆီ မရောက်ရှိရေးတို့ကိုလည်း ဆွေးနွေးတယ်လို့ သိရပါတယ်။

သတင်း

ကမ္ဘာ့အကြီးဆုံး ရေနံနဲ့ သဘာဝ ဓါတ်ငွေ့သိုက်တွေထဲက တစ်ခုအပါအဝင် ဖြစ်လာနိုင်တဲ့ တနင်္သာရီကမ်းလွန်က M-15 လုပ်ကွက်ကို ၂၀၂၆ နှစ်ကုန်ပိုင်းမှာ စတင်တူးဖော်ရေးလုပ်ငန်းတွေ ဆောင်ရွက်မယ်လို့ အာဏာသိမ်း အသွင်ပြောင်း စစ်အစိုးရက  ထုတ်ပြန်ပါတယ်။ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးမြတ်ကိုနဲ့ CFG Energy Pte., Ltd....