Connect with us

Hi, what are you looking for?

သတင်း

တအာင်းနယ်မြေမှာ အိမ်မွေးတိရစ္ဆာန် အစုအပြုံလိုက် သေဆုံးမှုနဲ့ပတ်သက်လို့ အထူးသတိပြုရန် ကြေညာ

တအာင်းတပ် (PSLF/ TNLA) ထိန်းချုပ်ထားတဲ့ တအာင်းပြည်နယ်မြေအတွင်း၊ ကျေးရွာတွေနဲ့ အနီးပတ်ဝန်းကျင် တွေမှာ ကြက်၊ ဝက် အစရှိတဲ့ အိမ်မွေး တိရစ္ဆာန်တွေ အစုလိုက်အပြုံလိုက် ရုတ်တရက်သေဆုံးမှုတွေ ဖြစ်ပွားနေပါက အထူးသတိပြုကြဖို့ တအာင်းပြည် ကျန်းမာရေးကောင်စီ (THC)က အသိပေးထုတ်ပြန်ပါတယ်။

ဒီနေ့ မေလ ၁၉ ရက်မှာ အိမ်မွေးတိရစ္ဆာန်တွေ အစုလိုက်အပြုံလိုက် သေဆုံးမှုတွေနဲ့ ပတ်သက်လို့ အထူးသတိပြုကြရန် THC က နှိုးဆော်တဲ့ ကြေညာချက်မှာ အသိပေးခြင်းဖြစ်ပါတယ်။

အိမ်မွေးတိရစ္ဆာန်တွေမှာ အဲဒီလိုဖြစ်စဉ်တွေ ဖြစ်ပွားပါက နီးစပ်ရာ ကျန်းမာရေး ဌာနတွေကို သတင်းပေးပို့ရမယ်လို့ ဆိုပါတယ်။

အစုလိုက်အပြုံလိုက် သေဆုံးနေတဲ့ တိရစ္ဆာန်တွေကို ဒေသခံပြည်သူတွေအနေနဲ့ ကိုင်တွယ်ခြင်း၊ ချက်ပြုတ် စားသောက်ခြင်းနဲ့ ရောင်းချခြင်း လုံးဝ မပြုလုပ်ဖို့ အသိပေးတားမြစ်လိုက်ပါတယ်။

သေဆုံးသွားတဲ့ တိရစ္ဆာန်တွေကို စွန့်ပစ်ဖျက်ဆီးရာမှာလည်း နှာခေါင်းစည်း၊ လက်အိတ် အစရှိတဲ့ အကာအကွယ် ပစ္စည်းတွေကို စနစ်တကျအသုံးပြုပြီး မြေမြှုပ်ဖျက်ဆီးရမယ်လို့ THC က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ကလေးငယ်တွေအပါအဝင် လူအများအပြားမှာ တူညီတဲ့ ရောဂါလက္ခဏာတွေ အစုလိုက်အပြုံလိုက် (၅ ဦးနဲ့အထက်) နာမကျန်းဖျားနာခြင်း၊ ပုံမှန်မဟုတ်တဲ့ ကျန်းမာရေးဆိုင်ရာ ဖြစ်စဉ်တွေ ဖြစ်ပွားခြင်းတို့ကို တွေ့ရှိပါကလည်း သက်ဆိုင်ရာကျန်းမာရေးဌာနတွေထံ ချက်ချင်း အသိပေးဖို့ THC က သတိပေးထားပါတယ်။

တအောင်းဒေသမှာ ကူးစက်ရောဂါတွေ ကြိုတင်ကာကွယ်နိုင်ရေးနဲ့ မိဘပြည်သူတွေရဲ့ ကျန်းမာရေး လုံခြုံမှုကို ထိန်းသိမ်းနိုင်ရေးအတွက် ကျန်းမာရေး အသိပညာပေးလုပ်ငန်းတွေ ဆက်လက် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း

မြန်မာနိုင်ငံတဝန်းမှာ ပိုမိုဆိုးရွားလာတဲ့ စားနပ်ရိက္ခာအခက်အခဲကို ဖြေရှင်းပေးနိုင်ဖို့အတွက် ဥရောပသမဂ္ဂ (EU) က ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)ကနေတစ်ဆင့် ယူရို ၈ သန်းကို အချိန်မီ ထောက်ပံ့ကူညီမယ်လို့ ဒီနေ့ မေလ ၁၈ ရက်မှာ ကြေညာပါတယ်။ “မြန်မာရဲ့ လူသားချင်းစာနာမှုအခြေအနေတွေဟာ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေလို ပြည်တွင်း...