Connect with us

Hi, what are you looking for?

သတင်း

ဒီနှစ်မှာ မဲခေါင်း- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ စီမံကိန်းအဖြစ် တရုတ်က စစ်အုပ်စုကို ဒေါ်လာသန်းချီထောက်ပံ့ကူညီ

မဲခေါင်း- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ စီမံကိန်းတွေအဖြစ် ၂၀၂၆ ခုနှစ်အတွက် မြန်မာမှာ တရုတ်ရဲ့ ကူညီထောက်ပံ့မှုနဲ့ စီမံကိန်း ၈ ခုကို ဖော်ဆောင်မှာဖြစ်ပြီး ရန်ပုံငွေလွှဲပြောင်းမှုကို မေလကုန်းပိုင်း က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မဲခေါင်း- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ စီမံကိန်း (၂၀၂၆) တွေအတွက် ရန်ပုံငွေ လွှဲပြောင်းလက်ခံလွှာ လက်မှတ်ရေးထိုးခြင်းကို နေပြည်တော်ရှိ၊ M- Gallery မှာ မေလ ၂၈ ရက်က ပြုလုပ်ခဲ့တယ်လို့ စစ်အုပ်စုက သတင်းထုတ်ပြန်ပါတယ်။

၂၀၂၆ ခုနှစ်အတွက် မြန်မာမှာ စိုက်ပျိုးရေး၊ စွမ်းအင်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု၊ ရေအရင်းအမြစ် စီမံခန့်ခွဲမှု၊ MSME ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ယဉ်ကျေးမျုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နယ်တွေထဲက စီမံကိန်း ၈ ခုကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ရန်ပုံငွေ ပေးအပ်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

တရုတ်အစိုးရဟာ အာဏာသိမ်းစစ်အုပ်စုထံကို ဒီနှစ်အတွက် ရန်ပုံငွေ ဘယ်လောက်ပေးခဲ့တယ်ဆိုတာကို တိတိကျကျ ထုတ်ပြန်ခြင်း မရှိပါဘူး။

၂၀၁၇ ခုနှစ်မှ စတင်ပြီး ၂၀၂၆ ခုနှစ်အထိ မဲခေါင်း- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ စီမံကိန်းတွေအဖြစ် မြန်မာက အမေရိကန်ဒေါ်လာ ၄၀. ၄၆ သန်းကျော် တန်ဖိုးရှိတဲ့ စီမံကိန်း ၁၄၀ ခုကို ရရှိခဲ့တယ်လို့ သိရပါတယ်။

မဲခေါင်း- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ စီမံကိန်း (၂၀၂၅) မှာ တရုတ်က မြန်မာအတွက် အမေရိကန် ဒေါ်လာ ၃.၃ သန်းခန့် တန်ဖိုးရှိတဲ့ စီမံကိန်း ၁၄ ခု ဖော်ဆောင်ရန် ရန်ပုံငွေ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ စစ်အုပ်စုရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

၂၀၁၇ ခုနှစ်မှ ၂၀၂၅ အထိ အဆိုပါစီမံကိန်းအောက်ကနေ တရုတ်နိုင်ငံဟာ မြန်မာကို အမေရိကန်ဒေါ်လာ ၃၈. ၃ သန်း တန်ဖိုးရှိတဲ့ စီမံကိန်း ၁၃၂ ခုကို ပေးခဲ့တဲ့အတွက် ဒီနှစ် ၂၀၂၆ မှာ စီမံကိန်း ၈ ခုအတွက် အမေရိကန်ဒေါ်လာ ၂.၁၆ သန်း ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်တွေအရ နားလည်ရပါတယ်။  

ဒီနှစ်ရန်ပုံငွေ လွဲပြောင်းပွဲကို စစ်အုပ်စုရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန၊ စက်မှုနဲ့ အသေးစား၊ အငယ်စား၊ အလတ်စားနဲ့ စီးပွားရေ လုငန်း ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ဟိုတယ်၊ ခရီးသွားရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ဝန်ကြီးတွေ တက်ရောက်တယ်လို့ သိရပါတယ်။

သဘာဝခေါ်သံ

ULA/ AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်က မြို့နယ်နဲ့ ဒေသတွေမှာ “Green Arakkha စိမ်းလန်းသော အာရက္ခပြည်” စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီး ဒေသခံပြည်သူတွေ မိုးရာသီမှာ အပင်စိုက်ပျိုးကြဖို့ တိုက်တွန်းနှိုးဆော်နေပါတယ်။ အာရက္ခဒေသမှာ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု၊ သစ်တောပြုန်းတီးမှုနဲ့ စွမ်းအင် လိုအပ်ချက်တို့ကို ကိုင်တွယ်...