Connect with us

Hi, what are you looking for?

သတင်း

မအူပင်(တောင်) ရေနံနဲ့ ဓါတ်ငွေ့မြေတွင်းတွေမှာ သဘာဝဓါတ်ငွေ့ ထုတ်လုပ်နိုင်မှု တရှိန်ထိုး မြင့်တက်

ဧရာဝတီတိုင်း၊ မအူပင် (တောင်) ရေနံနဲ့ သဘာဝဓါတ်ငွေမြေတွင်း အမှတ် (၁၄) ကနေ တစ်ရက်အတွင်း သဘာဝ ဓါတ်ငွေ့ကုဗပေ ၂ သန်းခန့် အများအပြား တိုးမြှင့်ထုတ်လုပ်နိုင်ခဲ့တယ်လို့ အာဏာသိမ်းစစ်အစိုးရ၊ စွမ်းအင်ဝန်ကြီးဌာနထံမှ သိရပါတယ်။

ကုန်းတွင်းရေနံမြေတွေကနေ ရေနံနဲ့ သဘာဝဓါတ်ငွေ့ တိုးတက်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ မအူပင် (တောင်) ရေနံနဲ့ သဘာဝဓါတ်ငွေ့မြေရှိ တွင်းအမှတ် ၁၄ မှ ပါးလွှာသဲကြောတွေကို သုတေသနပြု ဆန်းစစ်ပြီး ဖောက်ယူရာ ဧပြီလ ၂၈ ရက်က သဘာဝဓါတ်ငွေ့ ကုဗပေ ၂ သန်းခန့် ထုတ်လုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ တိုးတက်ထွက်ရှိလာတဲ့ သဘာဝဓါတ်ငွေ့တွေကို ရန်ကုန်မြို့ရှိ ရွာမသဘာဝ ဓါတ်ငွေ့ထိန်းဖြန့်စခန်းမှတဆင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်နိုင်ရေး ဖြန့်ဖြူပေးမယ်လို့ စစ်အစိုးရ၊ စွမ်းအင်ဝန်ကြီးဌာနက ဒီနေ့ ဧပြီလ ၃၀ ရက် မှာ ထုတ်ပြန်ပါတယ်။

စစ်အစိုးရဟာ ပြည်တွင်းရှိ ရေနံနဲ့ သဘာဝဓါတ်ငွေ့မြေတွေကနေ ရေနံနဲ့ သဘာဝဓါတ်ငွေတွေ ပိုမိုထုတ်လုပ်နိုင်ရေး ခေတ်မီနည်းပညာအပါအဝင် နိုင်ငံတကာအကူအညီတွေနဲ့ လုပ်ဆောင်လျက်ရှိရာ ပိုမိုများပြားစွာ ထုတ်လုပ်လာနိုင်တယ်လို့ သိရပါတယ်။

မအူပင် (တောင်) ရေနံနဲ့ သဘာဝဓါတ်ငွေ့မြေရှိ တွင်းအမှတ် ၁၈ မှ သဲကြောတွေကို ဖေဖော်ဝါနရီလ ၂၆ ရက်က ဖောက်ယူရာမှာ တစ်ရက်ကို သဘာဝဓါတ်ငွေ့ ကုဗပေ ၁.၆ သန်းနဲ့ လေဆီ ၈ စည် ထုတ်ယူနိုင်ခဲ့ကြောင်း၊ တွင်းအမှတ် ၂၀ ကို မတ်လ ၁၅ ရက်က ဖောက်ယူရာမှာ တစ်ရက်ကို သဘာဝဓါတ်ငွေ့ ကုဗပေ ၁.၅ သန်းနဲ့ လေဆီ ၇ စည် ရရှိတယ်လို့ ဆိုပါတယ်။

တွင်းအမှတ် ၁၆ ကို ဧပြီလ ၃ ရက်က ဖောက်ယူရာမှာ တစ်ရက်ကို သဘာဝဓါတ်ငွေ့ကုဗပေ ၁. ၆ သန်းနဲ့ လေဆီ ၈ စည် တိုးတက်ထုတ်လုပ်နိုင်ခဲ့တယ်လို့ စစ်အစိုးရ၊ စွမ်းအင်ဝန်ကြီးဌာနရဲ့ ဧပြီလ ၉ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။

၂၀၂၃ နှစ်ကုန်ပိုင်းမှစတင်ပြီး အဖျောက်၊ မအူပင် ရေနံနဲ့ သဘာဝဓါတ်ငွေ့မြေတွေမှာ ပါးလွှာသဲကြောတွေကို သုတေသနပြု ဆန်းစစ်ကာ ထုတ်လုပ်ရရှိတဲ့ သဘာဝဓါတ်ငွေ့တွေကို ရန်ကုန်ရှိ CNG သုံး မော်တော်ယာဉ်တွေ၊ ဓါတ်မြေဩဇာစက်ရုံတွေ၊ ရန်ကုန်နဲ့ ဧရာဝတီတို့က စက်ရုံတွေ၊ ရေနံဓါတ်ငွေ့ရည်စက်ရုံတွေနဲ့ လျှပ်စစ်ဓါတ်အား ထုတ်ုလပ်ရေးကဏ္ဍတို့မှာ ဖြန့်ဖြူးသုံးစွဲနေတယ်လို့ သိရပါတယ်။

အာဏာသိမ်းအုပ်စုရဲ့ စစ်အစိုးရဟာ ကုန်းတွင်းရေနံမြေအသစ် ထပ်မံ ရှာဖွေမှုအနေနဲ့ ဆိုက်စမစ် တိုင်းတာမှုတွေ ဆောင်ရွက်လျက်ရှိပြီး အစမ်းတွင်းတွေ တူးဖော်နိုင်ရေးကိုလည်း စီမံဆောင်ရွက်နေတယ်လို့ သိရပါတယ်။