Connect with us

Hi, what are you looking for?

သတင်း

ရှားတောရှိ စစ်ရှောင်စခန်းအချို့မှာ ရေရှားပါးမှုကြောင့် အရေပြားရောဂါကူးဆက်မှုတွေ ဖြစ်ပွားနေ

ကရင်နီပြည်နယ်၊ ရှားတောမြို့နယ်ထဲရှိ စစ်ရှောင်စခန်းတွေမှာ ရေရှားပါးမှုတွေကြောင့် ကလေးနဲ့ လူငယ်အရွယ်စုံဟာ အရေပြားရောဂါကူးဆက်မှုဖြစ်ပွားတာ မြင့်တက်နေတယ်လို့ ကရင်နီအရေးပေါ် ကယ်ဆယ်ရေး ညှိနှိုင်းရေးအဖွဲ့ (CTER – Karenni) အဖွဲ့က ကြေညာပါတယ်။

ဒေသခံပြည်သူတွေနဲ့ အထူးသဖြင့် ကလေးငယ်တွေဟာ အဆိုပါအရေပြားရောဂါ ကူးဆက်မှုတွေ မြင့်တက်နေချိန်မှာ ဆေးဝါးရှားပါးမှုတွေကြောင့် လုံလောက်တဲ့ ဆေးဝါးကုသမှုတွေ မရရှိတဲ့ အခြေအနေလည်း ရင်ဆိုင်ကြုံတွေ့ နေရတယ်လို့ CTER – Karenni အဖွဲ့က ဇန်နဝါရီလ ၂၇ ရက် ထုတ်ပြန်ပါတယ်။

“အရေပြားယားနာဖြစ်တာ အခုတလော တော်တော်များ နေပါတယ်။ အထူးသဖြင့် ၁၅နှစ်အောက် ကလေးတွေမှာ ပိုဖြစ်ပါတယ်။ ဖြစ်ပွားပုံက ယားတာ၊ အနာဖြစ်တာ၊ ပြည်တည်တာမျိုးတွေ ဖြစ်ပါတယ်။ ဒီလိုဖြစ်လာရတာက ရာသီဥတုကြောင့်ရော သန့်ရှင်းတဲ့ရေ မလုံလောက်တာ၊ ရေချိုးဖို့ ရေရှားတာနဲ့ စစ်ဘေးရှောင်စခန်းတွေ၊ ကျေးရွာတွေမှာ တစ်ကိုယ်ရေသန့်ရှင်းရေး မလုံလောက်တာကြောင့် ဖြစ်ပါတယ်” လို့ CTER – Karenni အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြပါတယ်။

CTER – Karenni အဖွဲ့က ထုတ်ပြန်ထားတဲ့ ဓါတ်ပုံတွေမှာ ကလေးငယ်တွေရဲ့ မျက်နှာ၊ ခြေ၊ လက်တွေအပါအဝင် တကိုယ်လုံး ကူးစက်ခံနေရတဲ့ အခြေအနေတွေကို တွေ့ရှိရပါတယ်။

လက်ရှိမှာ ကရင်နီပြည်နယ်မှာ ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ဆို့ခံထားရပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ၊ အရေပြားရောဂါကုသ ဆေးအပါအဝင် ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

သတင်း

ကမ္ဘာ့အကြီးဆုံး ရေနံနဲ့ သဘာဝ ဓါတ်ငွေ့သိုက်တွေထဲက တစ်ခုအပါအဝင် ဖြစ်လာနိုင်တဲ့ တနင်္သာရီကမ်းလွန်က M-15 လုပ်ကွက်ကို ၂၀၂၆ နှစ်ကုန်ပိုင်းမှာ စတင်တူးဖော်ရေးလုပ်ငန်းတွေ ဆောင်ရွက်မယ်လို့ အာဏာသိမ်း အသွင်ပြောင်း စစ်အစိုးရက  ထုတ်ပြန်ပါတယ်။ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးမြတ်ကိုနဲ့ CFG Energy Pte., Ltd....