Connect with us

Hi, what are you looking for?

သတင်း

လှော်ကားဥယျာဉ်မှာ ဆယ်ကျော်သက်တွေအတွက် ငှက်ကြည့်အစီအစဉ်တစ်ခု ပြုလုပ်မယ်လို့ ဆို

ရန်ကုန်တိုင်း၊ လှော်ကားဥယျာဉ်မှာ ဆယ်ကျော်သက်လူငယ်တွေအတွက် ငှက်ကြည့်အစီအစဉ်တစ်ခု (Bird Watching Program for Teenage) ကို ဖေဖော်ဝါရီလ ၁ ရက်နေမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

အသက် ၁၃ နှစ်ကနေ ၁၆ နှစ်အရွယ် ဆယ်ကျော်သက်လူငယ်တွေ သဘာဝတရားကို ချစ်မြတ်နိုးတတ်စေဖို့နဲ့ ဂေဟစနစ် ညီညွတ်မှုကို နားလည်စေဖို့ ဒီအစီအစဉ်ကို ဆောင်ရွက်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။

Braintree Premium Preschool နဲ့ ငှက်ကြည့်ခရီးစဉ် ဧည့်လမ်းညွန် ကိုရဲမင်းအောင်တို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး အဆိုပါအစီအစဉ်အတွက် တစ်ဦးကို ကျပ် ၆၈,၀၀၀ ကျသင့်မှာ ဖြစ်သလို ဇန်နဝါရီလ ၂၈ ရက် နောက်ဆုံးထား စာရင်းပေးရမယ်လို့ သိရပါတယ်။

အဲဒီခရီးစဉ်မှာ ခရီးစဉ်အသွားအပြန် စီစဉ်ပေးခြင်း၊ ကျွမ်းကျင်ပညာရှင် ကိုရဲမင်းအောင် ကိုယ်တိုင် လိုက်လံရှင်းပြ သင်ကြားပေးခြင်း၊ နေ့လယ်စာနှင့် အဆာပြေမုန့်/ရေနဲ့ လှော်ကားဥယျာဉ် ဝင်ကြေးတွေ၊ ငှက်ကြည့်မှန်ပြောင်းများ ငှားရမ်းပေးခြင်းနဲ့ ကလေးတစ်ဦးကို အုပ်ထိန်းသူ (၁) ဦး အခမဲ့လိုက်ပါတယ်လို့ သိရပါတယ်။

အဆိုပါအစီအစဉ်ကနေ ငှက်ကြည့်မှန်ပြောင်းကို စနစ်တကျ အသုံးပြုနည်း၊ ငှက်မျိုးစိတ်တွေကို ခွဲခြားတတ်စေခြင်းနဲ့ ၎င်းတို့ရဲ့ နေထိုင်မှု ပုံစံတွေ၊ သဘာဝတရားကို မထိခိုက်စေဘဲ လေ့လာရမယ့် ကျင့်ဝတ်တွေနဲ့ အမှိုက် စီမံခန့်ခွဲမှုဆိုင်ရာ ဗဟုသုတတွေ ရရှိစေမယ်လို့ ဆိုပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်မြို့နယ်အတွင်းရှိ ရေနံမြေနဲ့ ရေနံသယံဇာတတွေကို NUG အစိုးရနဲ့ မကွေးယူနစ်အစိုးရတို့ ပူးတွဲပြီး “မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက် ပစ္စည်းတွေ ဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့” ကို ဖွဲ့စည်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ဒီနေ့ ဧပြီလ ၃ ရက်မှာ NUG...