Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းစစ်အုပ်စုနဲ့ အိန္ဒိယအစိုးရကြား မြေရှားတူးဖော်ရေးအပါအဝင် ကဏ္ဏစုံမှာ သဘောတူညီချက်တွေ ရ

အာဏာသိမ်းစစ်အုပ်စုနဲ့ အိန္ဒိယနိုင်ငံအစိုးရတို့ကြား မြေရှားသတ္တူတူးဖော်ရေးအပါအဝင် ကဏ္ဏစုံမှာ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေး၊ သဘောတူညီခဲ့တယ်လို့ အိန္ဒိယဝန်ကြီးချုပ် မိုဒီက ဇွန်လ ၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ အိန္ဒိယနိုင်ငံကို အာဏာသိမ်းအသွင်းပြောင်း စစ်အစိုးရရဲ့ သမ္မတ ခရီးစဉ်အဖြစ် စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ စစ်အုပ်စုထိပ်ပိုင်းခေါင်းဆောင်တွေ ရောက်ချိန်နေချိန်မှာ အိန္ဒိယအစိုးရနဲ့ ဆွေးနွေး သဘောတူညီခဲ့ခြင်းဖြစ်ပါတယ်။

မြေရှားသတ္တူတူးဖော်ရေး၊ ကုန်သွယ်ရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေး၊ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေး၊ စွမ်းဆောင်ရည် မြှင့်တင်ရေး ကဏ္ဏတွေမှာ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေး နည်းလမ်းတွေ ဆွေးနွေးခဲ့တယ်လို့ အိန္ဒိယဝန်ကြီးချုပ် မိုဒီက ထုတ်ပြန်ပါတယ်။

ဒါအပြင် ရေကြောင်းလုံခြုံရေး၊ ဆိုက်ဘာလုံခြုံရေးနဲ့ အခြားကဏ္ဍတွေမှာ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် စစ်အုပ်စုနဲ့ သဘောတူညီချက် ရရှိခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိတွေ့ဆုံမှုမှာ အိန္ဒိယ- မြန်မာဆက်ဆံရေးကိုလည်း ကဏ္ဏစုံ ပြန်လည်သုံးသပ်ခဲ့တယ်လို့ အိန္ဒိယဝန်ကြီးချုပ် မိုဒီက ထုတ်ပြန်ပါတယ်။

စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်း (KMMTTP) နဲ့ အိန္ဒိယ – မြန်မာ – ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမစီမံကိန်းတို့ကို အပြီးသတ်နိုင်ရေးအတွက် အိန္ဒိယအစိုးရက တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ပလက်ဝအပါအဝင် ကုလားတန်စီမံကိန်းရဲ့ ဧရိယာအများစုကို ULA/AA နဲ့ ချင်းတော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားချိန်မှာ အဆိုပါစီမံကိန်းတွေ အပြီးသတ်နိုင်ရေးကို အိန္ဒိယအစိုးရက စစ်ခေါင်းဆောင်ရဲ့ ခရီးစဉ်မှာ တွန်းအာပေးလာခြင်းဖြစ်ပါတယ်။  

အိန္ဒိယ- မြန်မာ- ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးစီမံကိန်းဟာ အိန္ဒိယ၊ မဏိပူရပြည်နယ်၊ မိုရေးမြို့နဲ့ စစ်ကိုင်း၊ တမူးမြို့မှတဆင့် ကလေးဝ-ယာကြီးလမ်း၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ မြဝတီမြို့တိုကို ဖြတ်ပြီး ထိုင်းနိုင်ငံ ၊ မဲဆောက်ထိ ဆက်သွယ်မယ့် စီမံကိန်းဖြစ်ပါတယ်။

အဲဒီစီမံကိန်ရဲ့ နယ်မြေတချို့ကိုလည်း NUG အစိုးရအပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

စစ်ခေါင်းဆောင်ရဲ့ အိန္ဒိယခရီးစဉ်မှာ ကုန်သွယ်ရေး၊ စီးပွားရေး၊ ကာကွယ်ရေး၊ နယ်စပ်ဒေသ လုံခြုံရေးနဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး၊ ရူးပီ- ကျပ် ငွေပေးချေမှုနဲ့ အိန္ဒိယက ပညာသင်ဆု တိုးမြင့်ပေးမယ့်ကိစ္စတို့ကိုလည်း ဆွေးနွေးသဘောတူညီမှု ထပ်မံ ရရှိခဲ့တယ်လို့ သိရပါတယ်။

သဘာဝခေါ်သံ

ULA/ AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်က မြို့နယ်နဲ့ ဒေသတွေမှာ “Green Arakkha စိမ်းလန်းသော အာရက္ခပြည်” စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီး ဒေသခံပြည်သူတွေ မိုးရာသီမှာ အပင်စိုက်ပျိုးကြဖို့ တိုက်တွန်းနှိုးဆော်နေပါတယ်။ အာရက္ခဒေသမှာ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု၊ သစ်တောပြုန်းတီးမှုနဲ့ စွမ်းအင် လိုအပ်ချက်တို့ကို ကိုင်တွယ်...