Connect with us

Hi, what are you looking for?

သတင်း

UWSA တပ်က မိုင်းဆတ်မြို့မှာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံအသစ် တည်ဆောက်

ထိုင်း- မြန်မာနယ်စပ်အနီးက ရှမ်းပြည်နယ်၊ မိုင်းဆက်မြို့တောင်းဘက်ရှိ UWSA “ဝ” တပ်ဖွဲ့ရဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံအသစ် တည်ဆောက်လည်ပတ်နေပြီး အဆိုပါစက်ရုံကြောင့် နမ့်ခုတ်မြစ်ရေ သတ္တု အဆိပ်သင့်မှု ပိုမိုဆိုးရွားလာနေတယ်လို့ ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင် (SHRF) က ကြေညာပါတယ်။

၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာ စတင်လည်ပတ်ခဲ့တဲ့ အဆိုပါ ဓါတ်အားပေး စက်ရုံဟာ မိုင်းဆတ်မြို့ တောင်ဘက် ၁၀ ကီလိုမီတာရှိ ဝမ်ဟုန်ကျေးရွာ အုပ်စု၊ နမ့်ခုတ်မြစ်တစ်ဘက်ကမ်းမှာ တည်ရှိတယ်လို့ SHRF က မတ်လ ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။

လက်ရှိမှာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံးကနေ ၁၉၉၇ မှာ UWSA တောင်ပိုင်း ဌာနချုပ်အဖြစ် ဖွင့်လှစ်ခဲ့တဲ့ ဝမ်ဟုန်ရှိ UWSA လက်အောက်မှ စစ်တပ်စခန်းတွေ၊ သင်တန်းကျောင်းတွေနဲ့ လက်နက်နဲ့ ရာဘာ စက်ရုံးတွေကို လျှပ်စစ် ဓါတ်အားပေးနေတယ်လို့ သိရပါတယ်။

အဆိုပါစက်ရုံကို ဝမ်ဟုန်နေထရယ်လ်အင်နာဂျီ ကုမ္ပဏီ (Wan Hong Natural Energy Co.Ltd) က ဆောက်လုပ်ခဲ့ပြီး လျှပ်စစ်ဓါတ်အား မဂ္ဂါဝပ် ၃၀ ထုတ်လုပ်နိုင်စွမ်းရှိရင် လျာထားပြီ တာချီလိတ်မြို့ကိုလည်း လျှပ်စစ်ဓါတ်အား ပေးပို့ဖြန့်ဖြူးသွားမယ်လို့ ဆိုပါတယ်။

စက်ရုံအတွက် လိုအပ်တဲ့ ကျောက်မီးသွေးကို မိုင်းတုံမြို့နယ် အရှေ့ဘက် တောင်ကုန်းများပေါ်ရှိ မဲကင်ကျေးရွာ အုပ်စု၊ နားပါကော်ကျေးရွာအနီးက ဟင်းလင်းပွင့် (open-pit) ကျောက်မီးသွေးတွင်းအသစ်မှ ရယူခြင်းဖြစ်တယ်လို့ သိရပါတယ်။

ကျောက်မီးသွေးတွင်းအသစ်အောက်ရှိ မဲကင်းချောင်းတလျှောက်မှာ နေထိုင်ကြတဲ့ ရွာသားတွေဟာ အဆိုပါရေကို အသုံးပြုခြင်းကြောင့် ယားနာတွေ ဖြစ်ပွားလာပြီး ငါးတွေလည်း စတင်သေဆုံးလာနေတယ်လို့ SHRF က ဒေသခံတွေကို ကိုးကားပြီး ထုတ်ပြန်ပါတယ်။

မဲကင်ချောင်းဟာ သံလွင်မြစ်ရဲ့ အဓိက မြစ်လက်တက်ဖြစ်တဲ့ နမ့်ဟန်မြစ်ထဲကို စီးဝင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျောက်မီးသွေးလျှပ်စစ်စက်ရုံကနေ ကျောက်မီးသွေး လောင်ကျွမ်းရာမှ ထွက်ရှိလာတဲ့ ဆာလဖာဒိုင် အောက်ဆိုဒ်၊ နိုက်ထရိုဂျင်အောက်ဆိုဒ်နှင့် အမှုန်အမွှားများ (သတ္တုများ အပါအဝင်) ပါဝင်သည့် အဆိပ်သင့် ဓာတ်ငွေ့များ ထုတ်လွှတ်မှုနဲ့ပတ်သက်လို့ နောက်ဆက်တွဲ ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေကိုလည်း ဒေသခံတွေကြား စိုးရိမ်းမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

အဆိုပါစက်ရုံဘေးမှာ ဆိုလာပြား အများအပြားကိုလည်း တွေ့ရတဲ့အတွက် ကျောက်မီးသွေးနဲ့ နေရောင်ခြည်စွမ်းအင် ဖက်စပ် ဓါတ်အားပေး စက်ရုံအဖြစ် လည်ပတ်မယ့် အစီအစဉ်ကိုလည်း တွေ့ရတယ်လို့ SHRF ထံမှ သိရပါတယ်။

အဆိုပါစက်ရုံဆောက်မယ့် အစီအစဉ်ကို မြန်မာအစိုးရက စက်ရုံဆောက်လုပ်တဲ့ လုပ်ငန်းခွင်ကို သွားရောက် လည်ပတ်တဲ့ ၂၀၂၀ ခုနှစ်‌ မေလမှာ ပထမဆုံးထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

သတင်း

ကမ္ဘာ့အကြီးဆုံး ရေနံနဲ့ သဘာဝ ဓါတ်ငွေ့သိုက်တွေထဲက တစ်ခုအပါအဝင် ဖြစ်လာနိုင်တဲ့ တနင်္သာရီကမ်းလွန်က M-15 လုပ်ကွက်ကို ၂၀၂၆ နှစ်ကုန်ပိုင်းမှာ စတင်တူးဖော်ရေးလုပ်ငန်းတွေ ဆောင်ရွက်မယ်လို့ အာဏာသိမ်း အသွင်ပြောင်း စစ်အစိုးရက  ထုတ်ပြန်ပါတယ်။ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးမြတ်ကိုနဲ့ CFG Energy Pte., Ltd....