Connect with us

Hi, what are you looking for?

သတင်း

ဆောင်းရာသီ စာငှက်အုပ်စု စာရင်းကောက်ယူခြင်းအစီအစဉ်မှာ ပါဝင်ကြဖို့ BANCA ဖိတ်ခေါ်

ဆောင်းရာသီကာလမှာ မြန်မာနိုင်ငံအတွင်းက စာငှက်အုပ်စု စာရင်းကောက်ယူခြင်း အစီအစဉ် ဆောင်ရွက်မှာဖြစ်လို့ ငှက်လေ့လာသူတွေနဲ့ ငှက်လေ့လာတဲ့ အဖွဲ့အစည်းတွေ ပူးပေါင်းပါဝင်ပေးကြဖို့ ဇီဝမျိုးစုံမျိုးကွဲ နှင့် သဘာဝထိန်းသိမ်ရေးအသင်း – BANCA က ဖိတ်ခေါ်နေပါတယ်။

စာငှက် (Bunting) အုပ်စု စာရင်းကောက်ယူမှုကို ဒီနှစ် ၂၀၂၄ အောက်တိုဘာလကနေ ၂၀၂၅ ဧပြီလအထိ နိုင်ငံတဝန်းမှာ ပြုလုပ်သွားမှာ ဖြစ်ပြီး ပူးပေါင်းပါဝင်ချင်သူတွေ မိမိတို့ထံ ဆက်သွယ်နိုင်တယ်လို့ BANCA ထံမှ သိရပါတယ်။

ကောက်ယူမယ့် စာငှက်မျိုးစိတ်တွေက Chestnut Bunting၊ Yellow – Breasted Bunting၊ Little Bunting ၊ Rustic Bunting၊ Chestnut- eared Bunting နဲ့ Black- faced Bunting တို့ ဖြစ်တယ်လို့ သိရပါတယ်။

စာရင်းကောက်ယူရာမှာ စာငှက်တွေရဲ့ တွေ့ရှိတဲ့ နေရာ (Lat/ Long)၊ မျိုးစိတ်အမည်၊ အရေအတွက်၊ နေထိုင်ကျက်စားတဲ့နေရာတို့ကို ကောက်ယူသွားမယ်လို့ သိရပါတယ်။

ဆောင်းရာသီကာလအတွင်း စာငှက် – Bunting အုပ်စုစာရင်းကောက်ယူခြင်းကို အောက်တိုဘာလ ကနေ ဧပြီလအထိ အာရှတောင်ပိုင်း၊ အရှေ့တောင်အာရှ နဲ့ တရုတ်နိုင်ငံ တောင်ပိုင်းတို့က ဆောင်းလာခိုတဲ့ နေထိုင်ကျက်စားရတွေမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်.

Click to comment

သတင်း

ကမ္ဘာ့အကြီးဆုံး ရေနံနဲ့ သဘာဝ ဓါတ်ငွေ့သိုက်တွေထဲက တစ်ခုအပါအဝင် ဖြစ်လာနိုင်တဲ့ တနင်္သာရီကမ်းလွန်က M-15 လုပ်ကွက်ကို ၂၀၂၆ နှစ်ကုန်ပိုင်းမှာ စတင်တူးဖော်ရေးလုပ်ငန်းတွေ ဆောင်ရွက်မယ်လို့ အာဏာသိမ်း အသွင်ပြောင်း စစ်အစိုးရက  ထုတ်ပြန်ပါတယ်။ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးမြတ်ကိုနဲ့ CFG Energy Pte., Ltd....