Connect with us

Hi, what are you looking for?

Myanmar Nature
Myanmar NatureMyanmar Nature

ရာသီဥတု

တိုင်းနဲ့ ပြည်နယ် ၇ ခုမှာ ဒီနေ့ည ၈ နာရီကနေ နောက်နေ့ ည၈ နာရီအထိ ၂၄ နာရီအတွင်း မိုးများနိုင်

လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်နဲ့၊ မုတ်သုံလေ အားကောင်းနေခြင်းကြောင့် တိုင်းနဲ့ ပြည်နယ် ၇ ခုမှာ ဒီနေ့ ည ၈ နာရီကနေ မနက်ဖန် စက်တင်ဘာလ ၂၅ ရက် ည ၈ နာရီအထိ ၂၄ နာရီအတွင်း မိုးများနိုင်ပါတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း(အထက်+အောက်)၊ မန္တလေးတိုင်း(မန္တလေးမြို၏ အထက်ပိုင်း)၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်တွေမှာ ဒီနေ့ည ၈ နာရီမှ မနက်ဖန်ည ၈ နာရီ (၂၄ နာရီအတွင်း) မိုးများနိုင်တယ်လို့ မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ဒီနေ့ညနေပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားအောက်ဘက်မှာ ၂၄ နာရီအတွင်း ၉၀ မီလီမီတာ(၄ လက်မ နီးပါး) မိုးရေချိန် ရှိနိုင်တာကြောင့် မိုးအလွန်များနိုင်တယ်လို့ သိရပါတယ်။

ကျန်တဲ့နေရာတွေက ၂၄ နာရီအတွင်းမှာ မိုးရေချိန် ၃၀ မီလီမီတာအထက် (၁.၁၈ လက်မအထက်)ရွာနိုင်ပြီး တိမ်တွေ ဝင်ရောက်လာတဲ့ အခြေအနေပေါ်မူတည်လို့ နေရာကွက် မိုးများတာတွေ ဖြစ်နိုင်လို့ ဦးဝင်းနိုင်က ဆိုပါတယ်။

စက်တင်ဘာလ ၂၅ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း အောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်မှာ နေရာစိပ်စိပ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ချင်း၊ ရခိုင်၊ ကရင်နဲ့ မွန်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးခြင်းနဲ့ လေပြင်း တိုက်ခတ်ခြင်းတွေ ဖြစ်နိုင်တယ်လို့ စစ်ကောင်စီ မိုးဇလကလည်း ဒီနေ့ည ၇ နာရီမှာ သတင်းထုတ်ပြန်ပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်းနဲ့ မြေပြိုခြင်းစတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်တဲ့အတွက် ကုန်းမြင့်ဒေသ အနီးမှာ နေထိုင်သူတွေ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်အနီးမှာ နေထိုင်သူတွေ ရေကြီး၊ ရေလျှံမှုတွေ သတိပြုရှောင်ရှားနိုင်ဖို့နဲ့ ပြည်တွင်းရေကြောင်း သွားလာရေးနဲ လေကြောင်းပျံသန်းရေးတွေလည်း ကြိုတင်သတိပြုနိုင်ဖို့ သတိပေးနှိုးဆော်ထားပါတယ်။

ဓါတ်ပုံ – ဦးဝင်းနိုင်

Written By

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

Copyright © 2025 .Myanmar Nature