Connect with us

Hi, what are you looking for?

ဇီဝမျိုးစုံမျိုးကွဲ

ချင်းလောက်တူဒေသ မြစ်ချောင်းတွေမှာ ငါးသားပေါက်ကာလ ငါးဖမ်းခြင်း တားမြစ်

ချင်းပြည်နယ်၊ လောက်တူနယ်ဒေသ မြစ်ချောင်းတွေမှာ ငါးသားပေါက်ကာလ ငါးဖမ်းခြင်း မပြုလုပ်ဖို့ တားမြစ်လိုက်ပြီး ကျူးလွန်သူတွေကို ဒဏ်ငွေအပါအဝင် တည်ဆဲဥပဒေတွေနဲ့ အရေးယူမယ်လို့ လောက်တူနယ်ဒေသ ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့ – LRPA က ထုတ်ပြန်ပါတယ်။

ငါးရစ်တက်ကာလအတွင်း ငါးရစ်တက် ငါးတွေကို နည်းလမ်းမျိုးစုံနဲ့ ဖမ်းယူခြင်း လုံး မပြုလုပ်ဖို့နဲ့ ငါးမျိုးတွေ သားပေါက်ကာလဖြစ်လို့ ဒီလ စက်တင်ဘာလ ၂၀ ရက်ကနေ နိုဝင်ဘာလ ၃၀ ရက်အထိ မြစ်၊ ချောင်းအသီးသီးမှာ ငါးဖမ်းခြင်း တားမြစ်ပိတ်ပင်တယ်လို့ ဒီလ သောကြာနေ့က ထုတ်ပြန်တာပါ။

ကျူးလွန်သူတွေကို ကျပ်တစ်သိန်းထက် မနည်း၊ ကျပ်သုံးသိန်းထက် မပိုတဲ့ ငွေဒဏ်ကို ဖြစ်စေ၊ အခြားတည်ဆဲဥပဒေပါ ပြစ်ဒဏ်တစ်ရပ်ရပ်ကို ဖြစ်စေ၊ ပြစ်ဒဏ် ၂ ရပ်လုံးကို ပေါင်းလို့ ဖြစ်စေ ကျူးလွန်သူ တစ်ဦးချင်းဟာ အရေးယူခံရမယ်လို့ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လက ကျင်းပခဲ့တဲ့ ZZLMS အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ ဒီလထဲမှာ ပြုလုပ်တဲ့ လောက်တူ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့နဲ့ ရပ်ရွာပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်အတိုင်း အကောင်အထည်ဖော်မှုဖြစ်တယ်လို့ သိရပါတယ်။

မင်းတပ်မြို့နယ် -ပအဖကလည်း မင်းတပ်မြို့နယ်အတွင်း မြေပေါ်မြေအောက် သစ်တောထွက်ပစ္စည်းတွေ ရှာဖွေခြင်း၊ ရောင်းဝယ်ခြင်း လုံးဝခွင့်မပြုထားလို့ ပြုလုပ်သူရှိရင်း အရေးယူမယ်လို့ ဒီလထဲမှာ သတိပေး ထုတ်ပြန်ပါတယ်။

Click to comment
Advertisement

ဖတ်ရှုမှုအများဆုံး

Advertisement

ဖတ်ရှုမှုအများဆုံး